ဗေဒင်

၇ ရက် သားသမီးများ အတွက် (၁၀.၈၂၁ )မှ (၁၉.၈.၂၁ )အထိ ၁၀ရက်စာ ဟောစာတမ်း

၇ ရက် သားသမီးများ အတွက် (၁၀.၈၂၁ )မှ (၁၉.၈.၂၁ )အထိ ၁၀ရက်စာ ဟောစာတမ်း

တနင်္ဂနွေသားသမီးများ

စိတ်ပိုင်းဆိုင်ရာပင်ပန်းမှု့များရှိမည်။လက်ရှိကိုယ်လုပ်ဆောင်နေသောကိစ္စရပ်အပေါ် ရှေ့ဆက်လုပ်သင့်သလား နောက်ဆုတ်လိုက်သင့်သလားဆိုတဲ့

မေခွန်းဟာခေါင်းထဲအမြဲရောက်နေမယ်။မိတ်ဆွေသူငယ်ချင်းများရဲ့အကူအညီဖြင့် လက်ရှိလုပ်ငန်းများအဆင်ပြေချောမွေ့ပါမယ်။

ရေရှည်အအတွက်မျော်တွေးပြီးစိတ်မောရမယ်။

ချစ်သူရှိသူများကတော့ တစ်ယောက်နဲ့တစ်ယောက် ပြသနာများဟာ အချင်းချင်းနားလည်ပေးရင်း အဆင်ပြေချောမွေ့လာပါတော့မယ်။

ပြသနာများရှိပါကလည်း ကိုယ်တိုင်ဦးဆောင်ခြင်းဖြင့် ပြန်လည်အဆင်ပြေတတ်ပါတယ်။

လက်ထပ်ထိမ်းမြားခြင်းများ၊စေ့စပ်ခြင်းများလည်း ပြုလုပ်ပါက ကောင်းမွန်ပါတယ်။ချစ်သူမရှိသူများကတော့ အချစ်ရေးကံပိုကောင်းမွန်လာတတ်ပြီး

ရည်ရွယ်သူများနဲ့ပိုမိုနီးစပ်ပါလိမ့်မယ်။ ငွေဝင်သောကာလဖြစ်သည်။လုပ်ငန်းများအောင်မြင်ခြင်း၊မုန့်ဖိုးများရရှိခြင်းတို့ရှိမယ်။

ရပ်နားထားသော လုပ်ငန်းများပြန်လည် စတင်သင့်သလို စိတ်ကူးစိတ်သန်းများလည်းအကောင်အထည်ဖော်သင့်တယ်။

အားတိုက်အင်တိုက်လုပ်ဆောင်ခြင်းဖြင့် အောင်မြင်မှု့လမ်းစကိုပြန်လည်ရရှိစေနိုင်ပါတယ်။

ကျန်းမာရေးပိုင်းသည် အကောင်းဖက်သို့ဦးတည်လာပြီး စိတ်ချမ်းသာရတော့မှာဘဲဖြစ်တယ်။

ကိုယ်တိုင်ကလည်း ဂရုစိုက်သင့်သလို ကောင်းကောင်းအနားယူဖို့လည်းလိုပါတယ်။အပူအအေးမမျှတဘဲ ဂရုမစိုက်ခြင်းကြောင့် ရောဂါဟောင်းများပြန်တတ်ပါတယ်။

ယတြာ စာကလေးကို အစာကြွေး၊အိမ်လှူပါ မိမိ လက်ရှိဝတ်ဆင်ထားသော အရောင်ကို commentတွင် ချရေးခဲ့ပြီး ပိုစ်shareပေးပါ။

သင့်ရဲ့ share တစ်ချက်ဟာ ကျွန်တော့်အတွက် နောက်တစ်ခေါက်ဟောစတမ်းရေးဖို့ ခွန်အားပါ။

တနင်္လာသားသမီးများ

အကူးအပြောင်းသိပ်များမည့်ကာလဖြစ်သည်။အရင်က အဆင်မပြေခဲ့သည့်ကိစ္စများ ယခုကာလမှာ အဆင်ပြေနေတတ်ပြီး

အရင်က အဆင်ပြေခဲ့သည့်ကိစ္စများ ယခုကာလတွင် အခက်ကြုံ ပြသနာတက်တတ်သည်။

ရှေ့ဆက်လုပ်ဆောင်ရမည့်ကိစ္စများအတွက် စိတ်မောပန်းနေရသလို မတူညီသော စိတ်ကူးအိုင်ဒီယာအသစ်အဆန်းများ ပေါ်ပေါက်တတ်သည်။

မိတ်ဆွေကောင်းများ ရရှိမည်။ ချစ်သူရှိသူများကတော့ အတိုက်အခိုက်လေးများ စိတ်ညစ်စရာလေးများကြုံတွေ့ရတတ်သည်။

သို့သော် နှစ်ယောက်စလုံး သူ့အလုပ်သူရှုပ်နေတတ်သဖြင့် သိပ်ကြီးကြီးမားမားပြသနာမတက် တတ်ချေ။အတ္တများကြောင့် စိတ်ညစ်ရမည်။ချစ်သူမရှိသူများကတော့ တစ်ယောက်တည်းနေလိုတတ်ပြီး အထီးကျန်ဆန်နေတတ်သည်။

သူငယ်ချင်းများကလည်း ကိုယ့်ကိုအဖတ်မဘဲ နေလိမ့်မည်။ ငွေကြေးပြသနာ အရှုပ်အရှင်းများ ရှိတတ်သဖြင့် လုပ်ငန်းဆုံးဖြတ်ချက်များ ကို

အလေးထားကာ အသေအချာချမှတ်သင့်သည်။သူတပါး၏ငွေကြေးများတွင်လည် ဝင်ရောက်ခေါင်းခံခြင်း၊ဝင်ပါခြင်းများ မပြုသင့်ပါ။

လုပ်ငန်းအတိမ်းအစောင်းရှိတတ်ပြီး ဂရုစိုက်သင့်သည်။ကိုယ့်ရဲ့အောင်မြင်မှု့အပေါ် မှီခို၍ မိတ်ဆွေအတုအယောင်များ တွေ့ဆုံမည်။

ကျန်းမာရေး ကိစ္စများကတော့ စိတ်ချမ်းသာစရာဖြစ်ပါတယ်။လက်ရှိခံစားနေရသော ရောဂါများရှိပါက သက်သာပျောက်ကင်းတတ်ပြီး ပိုမိုကျန်းမာသော ကာလဖြစ်မည်။

မတော်တဆကိစ္စများကတော့ သတိထား ဂရုစိုက်ရမည်။

ယတြာ ခွေးဂေဟာများသို့ ကုသိုလ်ပြုပါ မိမိ လက်ရှိဝတ်ဆင်ထားသော အရောင်ကို commentတွင် ချရေးခဲ့ပြီး ပိုစ်shareပေးပါ။

သင့်ရဲ့ share တစ်ချက်ဟာ ကျွန်တော့်အတွက် နောက်တစ်ခေါက်ဟောစတမ်းရေးဖို့ ခွန်အားပါ။

အင်္ဂါသားသမီးများ

ပညာရေးကိစ္စ၊လုပ်ငန်းကိစ္စများ ကောင်းမွန်သည်။ယခုလိုကာလတွင် လုပ်ငန်းအသစ်စတင်ခြင်း၊ကျောင်းကိစ္စ သင်တန်းကိစ္စများ ပြုလုပ်လိုပါက ကောင်းမွန်၏။

(Non CDM သမားများမပါ) ဘဝအတွက် သေချာရေရာသော အခွင့်အလမ်းကောင်းများ၏ လမ်းစများ ပေါ်ပေါက်ရရှိတတ်သည်။

မိဘ ဆရာများ၏ လမ်းညွှန်ချက်များ ရရှိတတ်သည်။ ချစ်သူမရှိသူများကတော့ ပြသနာလေးတွေအနည်းငယ်ကြုံဆုံရမည်။

သူအတ္တ ကိုယ့်အတ္တယှဉ်ပြိုင်သဖြင့် ချစ်ရသောသူက နာကျင်ရမည်။ကိုယ့်အပေါ် ချစ်သူက စိတ်ပျက်နေတတ်သည်။

ချစ်သူမရှိသူများကတော့ အချစ်ရေးမှာ ယောင်လည်လည်ဖြစ်ကာ ချစ်သူရမလိုလိုနဲ့ မရဘဲ ဖြစ်နေတတ်သည်။

ငွေကြေးကိစ္စများ ကောင်းမွန်တတ်ပြီး မိမိရဲ့အလုပ်အကိုင်များ အောင်မြင်ဖြစ်ထွန်းတတ်သည်။မိမိကို ဝေဖန်တိုက်ခိုက်သောသူများပေါ်လာတတ်ပြီး

ထိုသူများထက် သာလွန်အောင်မြင်မည်။ငွေဝင်ငွေထွက်ကြမ်းမည်။အလုပ်ကြိုးစားလိုစိတ်ပြင်းပြသော ကာလဖြစ်သည်။

ကျန်းမာရေးကိစ္စများကတော့ စိတ်ချမ်းသာစရာဖြစ်ပါတယ်။လက်ရှိခံစားနေရသော ရောဂါများရှိပါက သက်သာပျောက်ကင်းတတ်ပြီး ပိုမိုကျန်းမာသော ကာလဖြစ်မည်။

မတော်တဆကိစ္စများကတော့ သတိထား ဂရုစိုက်ရမည်။

ယတြာ ကိုယ်ဝန်သည်အား ဒါနပြုပါ မိမိ လက်ရှိဝတ်ဆင်ထားသော အရောင်ကို commentတွင် ချရေးခဲ့ပြီး ပိုစ်shareပေးပါ။

သင့်ရဲ့ share တစ်ချက်ဟာ ကျွန်တော့်အတွက် နောက်တစ်ခေါက်ဟောစတမ်းရေးဖို့ ခွန်အားပါ။

ဗုဒ္ဓဟူး(ရာဟု) သားသမီးများ

ကံကြမ္မာအညံ့ဆိုးများ ပြေပျောက်လျော့နည်းတော့မည့်ကာလဖြစ်သည်။

ကံကောင်းလွန်းသောကာလမဟုတ်သော်လည်း ကံညံ့များတဖြေးဖြေးလျော့နည်းပါးလာမည်ဖြစ်သည်။

အဖက်ဖက်မှ ကောင်းသောကံတို့ ချည်းကပ်ဝင်ရောက်လာပြီဖြစ်သည် ချစ်သူရှိသူများကတော့ အချင်းချင်းညှိ့နှိုင်းမှု့များဖြင့်

ကြည်းနူးနေရတတ်ပြီး ပြသနာအခက်အခဲများလည်း လျော့နည်းနေတတ်သည်။ပျော်စရာကောင်းသည့်ကာလလည်းဖြစ်သည်။

လက်ထက်ထိမ်းများခြင်းများပင် ကြုံတွေ့ရနိုင်သေးသည်။

ချစ်သူမရှိသူများကတော့ အရင်က ချေမိုလွန်းသော crushနှင့်တဖြေးဖြေး ရင်းနှီးကျွမ်းဝင်ကာ ပျော်ရွှင်ရသော ကာလဖြစ်သည်။

ငွေကြေးကိစ္စများကောင်းမွန်ပြီး ငွေဝင်သောကာလဖြစ်သည်။လုပ်ငန်းကိစ္စများတိုးတက်ပြီး အလုပ်ဟောင်းမှအလုပ်သစ်ပြောင်းခြင်း၊

လုပ်ငန်းတိုးချဲ့ခြင်း၊ရပ်နားထားသော အလုပ်များ စတင်ခြင်းတို့ ပြုလုပ်သင့်သောကာလဖြစ်သည်။စပ်တူလုပ်ငန်းများလည်း အကျိုးပေးမည်။ ကျန်းမာရေးအညံ့ရှိသည်။

အထိုင်များသူများ ပိုမိုဂရုစိုက်သင့်ပြီး သင့်လျော်သော် လေ့ကျင့်ခန်းမျိုးလုပ်ရန်အထူးလိုအပ်သည်။ခါး၊ကျောပြင်၊တင်ပဆုံ၊

ဒူးဆစ်စသောနေရာများ ထိခိုက် နာကျင် ရောင်ရမ်း ကိုက်ခဲတတ်သည်။ ယတြာ ရေသန့်အလှူဒါနပြုပါ။

မိမိ လက်ရှိဝတ်ဆင်ထားသော အရောင်ကို commentတွင် ချရေးခဲ့ပြီး ပိုစ်shareပေးပါ။သင့်ရဲ့ share တစ်ချက်ဟာ ကျွန်တော့်အတွက် နောက်တစ်ခေါက်ဟောစတမ်းရေးဖို့ ခွန်အားပါ။

ကြာသာပတေး သားသမီးများ

အပျက်အဆီး အတိုက်အခိုက်များမည်။ စေတနာနှင့်ပြုလုပ်သော လုပ်ငန်းများသည် မရည်ရွယ်ဘဲ ဝေဒနာဖြစ်ကာ စိတ်ညစ်ရမည်။

အနှောက်အယှက်များကြားကနေ ကိုယ့်ဦးတည်ချက်ကို တည့်တည့်မတ်မတ်လျောက်လှမ်းရန်လိုအပ်သည်။

ချစ်သူရှိသူများကတော့ ရှေ့လျောက် လက်တွဲသင့်မတွဲသင့်စဉ်းစားနေရပြီး လက်ရှိအချစ်ရေတွင် မပျော်ရွှင်ရဘဲ ရှိနေတတ်သည်။

အချစ်ရေးကို အခုအချိန်မှာဂရုမစိုက်ပါက မကြာခင်မှာ ဝမ်းနည်းကြေကွဲရမည်။

ချစ်သူမရှိသူများကတော့ မကြာခင်မှာ အထီးကျန်သောဘဝကြီးကိုလွတ်မြောက်တော့မည်ဖြစ်သည်။

ကိုယ့်အပေါ်နားလည်စာနာနိုင်သော လူတစ်ယောက်ကို တွေ့ကြုံပတ်သတ်ရမည်။ ငွေကြေးကိစ္စများတွင်စိတ်ညစ်ရတတ်သည်။

တိတိကျကျ သတ်မှတ်ထားသောကိစ္စရပ်များ လွဲချော်တတ်သဖြင့် လုပ်ငန်းကိစ္စများဆောင်ရွက်ရာတွင် plan A,Plan Bချမှတ်ထားသင့်သည်။

ငွေဝင်နည်းတတ်ပြီး ကုန်စရာများ တစ်ခုမဟုတ် တစ်ခု တွေ့မည်။ ကျန်းမာရေးကိစ္စများတွင် အသက်ရှုလမ်းကြောင်း၊အသည်း စသောကိစ္စများ ဂရုစိုက်ရန်လိုအပ်သည်။

အကြီးအကဲမိဘများတွင် ကျန်းမာရေးချို့တဲ့နေပါက ပိုမို ဂရုစိုက် သင့်သည်။

ဘာသာရေးလေးပိုလုပ်ပါ ယတြာ စစ်ဘေးရှောင်များအား တတ်အားသမျှဒါနပြုပါ မိမိ လက်ရှိဝတ်ဆင်ထားသော အရောင်ကို commentတွင် ချရေးခဲ့ပြီး ပိုစ်shareပေးပါ။

သင့်ရဲ့ share တစ်ချက်ဟာ ကျွန်တော့်အတွက် နောက်တစ်ခေါက်ဟောစတမ်းရေးဖို့ ခွန်အားပါ။

သောကြာ သားသမီးများ

လက်ရှိလုပ်ကိုင်နေသော ကိစ္စရပ်များတွင် ပိုမိုတတ်ကျွမ်းပြီး အဆင်ပြေမည်။အကူအညီများရရှိနိုင်သလို မိတ်ဆွေအသစ်များလည်း ရရှိမည်။

သို့သော် အတွေးအခေါ်များ၊ယူဆချက်များ မှားယွင်းတတ်သဖြင့် အခက်အခဲအနည်းငယ်ပေါ်ပေါက်မည်။

ချစ်သူရှိသူများကတော့ မကြာခင် အနည်းငယ်ပြသနာတက်တတ်ပြီး စိတ်ရူးဖောက်တတ်သူကြောင့် စိတ်ညစ်ရမည်။

မိမိအလုပ်က တစ်ဖက် ချစ်သူတစ်ဖက်နှင့် ဗျာများ အလုပ်ရှုပ်နေတတ်သည်။ပြသနာအနည်းငယ်ရှိသော်လည်း ပျော်ရွှင်ရမည့်ကာလဖြစ်သည်။

ချစ်သူမရှိသူများကတော့ စိတ်ညစ်စရာများထပ်မံကြုံတွေ့ရဦးမည်ဖြစ်သည်။

ကိုယ့်အပေါ် အတင်းတွယ်ကပ်နေသူများကြောင့် စိတ်ရှုပ်ရတတ်သည်။ ငွေကြေးကိစ္စများကောင်းမွန်ပြီး ငွေဝင်ကြမ်းသောကာလဖြစ်သည်။

လုပ်ငန်းကိစ္စများ တိုးချဲ့ရန်အဆင်ပြေသည်။မုန့်ဖိုးများလည်းရရှိတတ်တယ်။လုပ်ငန်းများ ဆုံးဖြတ်ချက်ကို အလျက်စလိုချမှတ်ခြင်းဖြင့် ဆုံးရှုံးမှု့များ ကြုံတွေ့ရမည်။

ငွေကံကောင်းသောကာလဖြစ်သော်လည်း ညာဏ်နှင့်ယှဉ်ကာ လုပ်ဆောင်ရမည်။

ကျန်းမာရေးကိစ္စများတွင် အသက်ရှုလမ်းကြောင်း၊အသည်း စသောကိစ္စများ ဂရုစိုက်ရန်လိုအပ်သည်။

အကြီးအကဲမိဘများတွင် ကျန်းမာရေးချို့တဲ့နေပါက ပိုမို ဂရုစိုက် သင့်သည်။

ဘာသာရေးလေးပိုလုပ်ပါ ယတြာ မိမိကိုးကွယ်ရာဘာသာတရားကိုပိုလုပ်ပါ မိမိ လက်ရှိဝတ်ဆင်ထားသော အရောင်ကို commentတွင် ချရေးခဲ့ပြီး ပိုစ်shareပေးပါ။

သင့်ရဲ့ share တစ်ချက်ဟာ ကျွန်တော့်အတွက် နောက်တစ်ခေါက်ဟောစတမ်းရေးဖို့ ခွန်အားပါ။

စနေသားသမီးများ

အပြိုင်အဆိုင် အတိုက်အခိုက်များ ကြုံတွေ့ရမည်ဖြစ်သည်။အရှေ့က ကိုယ်ဦးဆောင်နေသလောက် အနောက်ကလူများက ရေသာခိုအချောင်လိုက်နေမည်။

စိတ်ပင်ပန်းမှု့များ ကြုံတွေ့ရမည်။ ချစ်သူရှိသူများကတော့ အေးချမ်းသောါခြေအနေမျရှိပြီး အရင်က ပြသနာများကိုဖြေရှင်းနိုင်မည်ဖြစ်သည်။

ကိုယ့်လက်တွဲဖော်ကို တယုတယ ဂရုစိုက်လိုစိတ်၊ချစ်မြတ်နိုးလိုစိတ်များ ပြင်းပြ ပေါ်ပေါက်လာမည်

ချစ်သူမရှိသူများကတော့ ကိုယ်အချစ်ကို တန်ဖိုးမထားသူထဲ အချိန်အတော်ကြာ ရင်းနှီးမြှပ်နှံရသဖြင့် ကြေကွဲဝမ်းနည်းရမည်။

ငွေကြေး ကိစ္စရပ်များတွင် လူယုံသတ်ခြင်းခံရမည်။မိမိယုံကြည်စိတ်ချရသူမှ သစ္စာဖောက်ခြင်းခံရမည်။

ငွေဝင်တတ်သော်လည်း များများစားစားတော့မရှိပါ။မုန့်ဖိုးများအနည်းငယ်ရရှိတတ်သည်။

မိမိတန်ဖိုးထားရသော လုပ်ငန်းများ အာရုံစူးစိုက်ကာ အလေးထားလုပ်ဆောင်သင့်သည်။ ကျန်းမာရေးအညံ့ရှိမည်။

မမျော်လင့်ထားသောကိစ္စများကြောင့် ထိခိုက်တတ်သည်။လက်မောင်း၊ပုခုံး၊ဂုတ်သား စသည်တို့ ကိုက်ခဲနာကျင်တတ်သည်။

အသွားအလာ ဂရုစိုက်ပါ။ ယတြာ ခွေး၊ကြောင်ဂေဟာများသို့အစာလှူဒါန်းပါ မိမိ လက်ရှိဝတ်ဆင်ထားသော အရောင်ကို commentတွင် ချရေးခဲ့ပြီး ပိုစ်share‌ပေးပါ။

သင့်ရဲ့ share တစ်ချက်ဟာ ကျွန်တော့်အတွက် နောက်တစ်ခေါက်ဟောစတမ်းရေးဖို့ ခွန်အားပါ။

Credit