ဗေဒင်
၇ရက်သားသမီး စီးပွားဥစ္စာအညွန့်တလူလူတက် ငွေဝင်လာဘ်ပေါများစေရန်အစီရင်
ငွေဝင်လာဘ်ပေါများစေရန်အစီရင်
မိတ်ဆွေများအားလုံးမင်္ဂလာပါ။
၇ရက်သားသမီးများ ပုံမှန်ဝင်ငွေတိုးပြီး လက်ရှိစီးပွားရေးပုံပျက်မသွား ထိန်းထိန်းသိမ်းသိမ်းဖြင့်
ရှေ့ ဆက်နိုင်စေဖို့ယတြာတခုတင်ပေးပါ့မယ်။
တနင်းလာ‌နေ့နံနက်၆နာရီမှ၇နာရီခွဲအတွင်း မိမိအိမ်က
ဘုရားကျောင်းမှာ ပန်းကန်ပြားတချပ်၏ အလယ်တွင်
ထုံးဖြင့် “ဝ”ပုံကွင်းပါ။ထုံးကွင်းပေါ်တွင် လစ်ပိုပုလင်း
တလုံးတင်ပါ။ပန်းကန်ပြားပေါ် လက်ဖက် ၄ပုံတင်ပေးပါ။
လစ်ပိုပုလင်းပေါ်ဖယောင်းတိုင် အဖြူ ၁တိုင်ထွန်း
ပြီး ပုတီး ” ဥုံ ဧဟိလာဘံ ဧဟိဓနံ ဧဟိဧဟိ ” ၃ပတ်
စိပ်ကာ စီးပွားရေးအဆင်ပြေစေကြောင်းဆုတောင်းပါ
နေ့စဥ် ဖယောင်းတိုင် ထွန်းပုတီးစိပ်ဆုတောင်းခြင်းပြုလုပ်ပေးရပါ့မယ်။
၁၈ရက်တိတိပြုလုပ်ကာ နောက်နေ့
နံနက်ပိုင်းတွင် လက်ဖက်များကို နီးစပ်ရာအပင်ကြီးရဲ့
အခြေမှာစွန့်ပါ။ လစ်ပိုပုလင်းကို အိမ်ကမိသားစု
အသုံးမပြုရပါ။ အပြင်လူတဦးဦးအား ပေးလှူပါ။
၇ရက်သားသမီးများ စီးပွားဥစ္စာအညွန့်တလူလူတက်ပါစေ
ဗေဒင်နှင့်လက္ခဏာပညာရှင်
ဆရာချမ်းမြေ့အောင် 09779213136
Zawgyi