က်မၼာေရး ဗဟုသုတ

ဒီလိုနည္းလမ္းအမွားေတြေၾကာင့္ မေတာ္တဆ ကိုယ္ဝန္ရသြားနိုင္ပါတယ္

မလိုလားအပ္ပဲ ကိုယ္ဝန္မရေစဖို႔ ပဋိသေႏၶတားျခင္းနည္းလမ္းေတြကို အသုံးျပဳရပါတယ္။ တစ္ခါတစ္ေလမွာေတာ့ ကိုယ္သိထားတဲ့ ပဋိသေႏၶတားျခင္းဆိုင္ရာယုံတမ္းအမွားေတြေၾကာင့္ က်န္းမာေရးအတြက္သာမက ဘဝရွင္သန္ရပ္တည္မႈမွာပါ လမ္းေၾကာင္းအတိမ္းအေ

စာင္း ျဖစ္သြားေစတတ္ပါတယ္

ဒါေပမယ့္လည္း လူအမ်ားစုကေတာ့ ကိုယ္ဝန္ရ/ကေလးရယူျခင္းနဲ႔ ပတ္သက္ၿပီး ယုံတမ္းအမွားေတြ အသိအမွားေတြၾကားမွာ လြဲမွားစြာ ျပဳမူမိေနၾကဆဲျဖစ္ပါတယ္။

တကယ္ေတာ့ မွားယြင္းတဲ့အသိတရားေတြေၾကာင့္ မလိုလားအပ္ပဲ ကိုယ္ဝန္ရတာေတြ ပိုၿပီးျဖစ္နိုင္ေျခရွိေနတာကို သိထားဖို႔ လိုအပ္ပါတယ္။

ခုေဖာ္ျပေပးခ်င္တာကေတာ့ ကိုယ္ဝန္ရျခင္းနဲ႔ပတ္သက္ၿပီး လူေတြမွားယြင္း သိမွတ္ထားတဲ့အခ်က္အလက္ေတြရဲ့ တကယ့္အမွန္တရားကို ရွင္းလင္းဖြင့္ဆိုျပထားတာျဖစ္ပါတယ္

၁။ မၿပီးခင္ႀကိဳထြက္တဲ့ သုက္ေၾကာင့္ ကိုယ္ဝန္မရနိုင္ဘူး

မွားယြင္းတဲ့ အခ်က္အလက္တစ္ခုပါ။ မၿပီးခင္ စိတ္လႈပ္ရွားမႈေၾကာင့္ ထြက္တဲ့ သုက္မွာလည္း သုက္ပိုးေလးေတြ ပါဝင္ေနတာေၾကာင့္ ကိုယ္ဝန္ရနိုင္ပါတယ္။ အမ်ိဳးသား ၄၀% ေလာက္ဟာ လိင္အဂၤါစတင္ေတာင္မတ္စဥ္ ဒါမွမဟုတ္ လိင္ဆက္ဆံေနစဥ္မွာ pre-ejaculate ျဖစ္တတ္ပါတယ္။

၂။ ရာသီေသြးဆင္းေနစဥ္မွာ လိင္ဆက္ဆံရင္ ကိုယ္ဝန္မရဘူး

လုံးဝမရနိုင္ဘူးလို႔ မဆိုလိုပါဘူး။ ကိုယ္ဝန္ရနိုင္ေျခနည္းပါးတာသာျဖစ္ပါတယ္။စအိုဝနဲ႔ လိင္ဆက္ဆံရင္ ကိုယ္ဝန္မရဘူး – မွန္သလိုလိုရွိေပမယ့္ ၁၀၀% အျပည့္အဝေတာ့ မဟုတ္ပါဘူး။ ျဖစ္နိုင္ေျခအနည္းငယ္ရွိတယ္ဆိုတာကို မေမ့ဖို႔ လိုအပ္ပါတယ္။ စအိုနဲ႔လိင္ဆက္ဆံရာမွာ ကိုယ္ေနဟန္အေနအထားေၾကာင့္ သုက္ရည္ေတြ စအိုဝကေန မအဂၤါထဲကို မေတာ္တဆဝင္နိုင္ရွိေနတာေၾကာင့္လို႔ေလ့လာခ်က္ေတြက ဆိုထားပါတယ္။

၃။ သုက္ရည္ကို မ်ိဳခ်မိရင္ ကိုယ္ဝန္ရနိုင္တယ္

ပါးစပ္နဲ႔ လိင္ဆက္ဆံခ်ိန္မ်ိဳးမွာ သုက္ရည္မ်ိဳခ်မိတာမ်ိဳးျဖစ္တတ္ပါတယ္။ ဒါေပမယ့္ ဒီအခ်က္ေၾကာင့္ေတာ့ ကိုယ္ဝန္မရနိုင္ပါဘူး။ မ်ိဳခ်လိုက္တဲ့သုက္ရည္ဟာ အစာအိမ္ထဲကိုေရာက္သြားမွာျဖစ္ၿပီး အစားအစာေတြလိုပဲ ေျခဖ်က္ခံရမွာပါ။

၄။ လိင္ဆက္ဆံခ်ိန္ အဝတ္အစားဝတ္ထားရင္ ကိုယ္ဝန္ရနိုင္ေျခနည္းတယ္

မအဂၤါကို ထိုးသြင္းမႈမရွိပဲ လိင္ဆက္ဆံတာမ်ိဳးျပဳလုပ္စဥ္မွာ အဝတ္အစားဝတ္ဆင္ထားမယ္ဆိုရင္ ကိုယ္ဝန္ရနိုင္ေျခနည္းပါးတာ အမွန္ပါ။

၅။ မီးဖြားၿပီးခါစ/နို႔တိုက္မိခင္ျဖစ္ေနတာမို႔ ကိုယ္ဝန္မရနိုင္ဘူး

မီးဖြားၿပီး ပထမ ၃ လ အတြင္းမွာဆိုရင္ အခြင့္အလမ္းနည္းပါးတယ္လို႔သာ ဆိုရမွာပါ။ ေနာက္ပိုင္းကာလေတြမွာေတာ့ ကိုယ္ဝန္ျပန္ရနိုင္ေျခက ပုံမွန္ပါပဲ

၆။ အမ်ိဳးသမီးလုပ္သူ အထြတ္အထိပ္မေရာက္ရင္ ကိုယ္ဝန္မရနိုင္ဘူး

လိင္ဆႏၵအထြတ္အထိပ္ေရာက္တာနဲ႔ ကိုယ္ဝန္ရတာနဲ႔က ဆက္စပ္မႈမရွိဘူးလို႔ ဆိုရမွာပါ။ ကိုယ္ဝန္ရနိုင္ေျခက သဘာဝအတိုင္းဆက္ရွိေနမွာပါ။

၇။ လိင္ဆက္ဆံၿပီး မအဂၤါကိုေဆးေၾကာပစ္ရင္ ကိုယ္ဝန္မရနိုင္ဘူး

လူတခ်ိဳ႕က ကိုယ္ဝန္မရေအာင္ ဒီနည္းလမ္းကို အသုံးျပဳၾကပါတယ္။ တကယ္ေတာ့ သုက္ပိုးေတြဟာ အလြန္လ်င္ျမန္စြာသြားလာနိုင္တဲ့ သတၱဝါေလးေတြျဖစ္ၿပီး ဆက္ဆံလို႔ၿပီးၿပီးခ်င္းမွာ ေဆးေၾကာပစ္မယ္ဆိုရင္ေတာင္မွ မမီနိုင္သလို သုက္ေတြအားလုံးကိုလည္း ဖယ္ရွားနိုင္မွာမဟုတ္တာကို သိနားလည္ထားဖို႔ လိုအပ္ပါတယ္။

၈။ သားဥေႂကြခ်ိန္က တစ္ရက္တည္းမို႔ ကိုယ္ဝန္ရနိုင္ေျခက တစ္လမွာ တစ္ရက္ပဲ ရွိတယ္

အမ်ိဳးသမီးေတြရဲ့ အဓိကသားဥေႂကြခ်ိန္က တစ္လမွာ တစ္ရက္တည္းဆိုတာမွန္ေပမယ့္ သုက္ပိုးက ခႏၶာကိုယ္ထဲမွာ ၅ ရက္အထိ ရွင္သန္နိုင္တာကို မေမ့ဖို႔ လိုအပ္ပါတယ္။ ေနာက္ထပ္တစ္ခ်က္ကေတာ့ သားဥေႂကြတဲ့ရက္ကလည္း တစ္လနဲ႔တစ္လ မတူညီပါဘူး။ ဒါေၾကာင့္ ပဋိသေႏၶတားတဲ့နည္းလမ္းေတြကို အသုံးခ်ေနၾကရတာပါ။

၉။ လိင္ဆက္ဆံပုံေပၚမူတည္ၿပီး ကိုယ္ဝန္ရနိုင္ေၿခ ကြာတယ္

မတ္တပ္ရက္ လိင္ဆက္ဆံတာမ်ိဳး၊ အမ်ိဳးသမီးက အေပၚကေန ဆက္ဆံတာမ်ိဳးေတြေၾကာင့္ ကိုယ္ဝန္မရနိုင္ဘူးဆိုတာက မွားပါတယ္။ မိန္းမကိုယ္အတြင္းမွာ သုက္ပိုးက်န္ခဲ့မယ္ဆိုရင္ ဘယ္လိုဆက္ဆံပုံနဲ႔ပဲျဖစ္ျဖစ္ ကိုယ္ဝန္ရနိုင္ပါတယ္။

၁ဝ။ ကြန္ဒုံးမရွိရင္ ပလတ္စတစ္ ဒါမွမဟုတ္ ပူေဖာင္းကို သုံးနိုင္တယ္

ကြန္ဒုံးမဟုတ္တဲ့ တျခားပစၥည္းေတြနဲ႔ လုံးဝမစမ္းသပ္သင့္ပါဘူး။ ကိုယ္ဝန္ရနိုင္ေျခကို မတားဆီးနိုင္သလို အမ်ိဳးသမီးကိုလည္း မေတာ္တဆထိခိုက္ေစနိုင္ပါတယ္။

၁၁။ ပထမဆုံးအႀကိမ္မွာတင္ ကိုယ္ဝန္ရနိုင္တယ္

အကာအကြယ္မရွိပဲ လိင္ဆက္ဆံမယ္ဆိုရင္ ဘယ္ႏွစ္ႀကိမ္ေျမာက္မွာျဖစ္ျဖစ္ ကိုယ္ဝန္ရနိုင္ေျခက အတူတူပါပဲ

၁၂။ လိင္ဆက္ဆံၿပီး ေရခ်ိဳးတာ၊ ဆီးသြားတာေတြက ကိုယ္ဝန္ရနိုင္ေျခနည္းေစတယ္

မဟုတ္ပါဘူး။ ေရခ်ိဳးတာက ခႏၶာကိုယ္ရဲ့ အျပင္ဘက္ကိုသာ သန႔္စင္ေပးနိုင္ပါတယ္။ မိန္းမကိုယ္ရဲ့ အတြင္းပိုင္းအထိ မသန႔္စင္ေပးနိုင္ပါဘူး။ ဆီးသြားျခင္းကလည္း
သုက္ပိုးေတြကို မဖယ္ရွားေပးနိုင္ပါဘူး။

#Ref…..ရဲဇြန္ေအာင္
#ရွမ္းပုတ္(မိုမိုေလး)

news

Unicode Version

မလိုလားအပ်ပဲ ကိုယ်ဝန်မရစေဖို့ ပဋိသန္ဓေတားခြင်းနည်းလမ်းတွေကို အသုံးပြုရပါတယ်။ တစ်ခါတစ်လေမှာတော့ ကိုယ်သိထားတဲ့ ပဋိသန္ဓေတားခြင်းဆိုင်ရာယုံတမ်းအမှားတွေကြောင့် ကျန်းမာရေးအတွက်သာမက ဘဝရှင်သန်ရပ်တည်မှုမှာပါ လမ်းကြောင်းအတိမ်းအစောင်း ဖြစ်သွားစေတတ်ပါတယ်။

ဒါပေမယ့်လည်း လူအများစုကတော့ ကိုယ်ဝန်ရ/ကလေးရယူခြင်းနဲ့ ပတ်သက်ပြီး ယုံတမ်းအမှားတွေ အသိအမှားတွေကြားမှာ လွဲမှားစွာ ပြုမူမိနေကြဆဲဖြစ်ပါတယ်။

တကယ်တော့ မှားယွင်းတဲ့အသိတရားတွေကြောင့် မလိုလားအပ်ပဲ ကိုယ်ဝန်ရတာတွေ ပိုပြီးဖြစ်နိုင်ခြေရှိနေတာကို သိထားဖို့ လိုအပ်ပါတယ်။

ခုဖော်ပြပေးချင်တာကတော့ ကိုယ်ဝန်ရခြင်းနဲ့ပတ်သက်ပြီး လူတွေမှားယွင်း သိမှတ်ထားတဲ့အချက်အလက်တွေရဲ့ တကယ့်အမှန်တရားကို ရှင်းလင်းဖွင့်ဆိုပြထားတာဖြစ်ပါတယ်

၁။ မပြီးခင်ကြိုထွက်တဲ့ သုက်ကြောင့် ကိုယ်ဝန်မရနိုင်ဘူး

မှားယွင်းတဲ့ အချက်အလက်တစ်ခုပါ။ မပြီးခင် စိတ်လှုပ်ရှားမှုကြောင့် ထွက်တဲ့ သုက်မှာလည်း သုက်ပိုးလေးတွေ ပါဝင်နေတာကြောင့် ကိုယ်ဝန်ရနိုင်ပါတယ်။ အမျိုးသား ၄၀% လောက်ဟာ လိင်အင်္ဂါစတင်တောင်မတ်စဉ် ဒါမှမဟုတ် လိင်ဆက်ဆံနေစဉ်မှာ pre-ejaculate ဖြစ်တတ်ပါတယ်။

၂။ ရာသီသွေးဆင်းနေစဉ်မှာ လိင်ဆက်ဆံရင် ကိုယ်ဝန်မရဘူး

လုံးဝမရနိုင်ဘူးလို့ မဆိုလိုပါဘူး။ ကိုယ်ဝန်ရနိုင်ခြေနည်းပါးတာသာဖြစ်ပါတယ်။စအိုဝနဲ့ လိင်ဆက်ဆံရင် ကိုယ်ဝန်မရဘူး – မှန်သလိုလိုရှိပေမယ့် ၁၀၀% အပြည့်အဝတော့ မဟုတ်ပါဘူး။ ဖြစ်နိုင်ခြေအနည်းငယ်ရှိတယ်ဆိုတာကို မမေ့ဖို့ လိုအပ်ပါတယ်။ စအိုနဲ့လိင်ဆက်ဆံရာမှာ ကိုယ်နေဟန်အနေအထားကြောင့် သုက်ရည်တွေ စအိုဝကနေ မအင်္ဂါထဲကို မတော်တဆဝင်နိုင်ရှိနေတာကြောင့်လို့လေ့လာချက်တွေက ဆိုထားပါတယ်။

၃။ သုက်ရည်ကို မျိုချမိရင် ကိုယ်ဝန်ရနိုင်တယ်

ပါးစပ်နဲ့ လိင်ဆက်ဆံချိန်မျိုးမှာ သုက်ရည်မျိုချမိတာမျိုးဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒီအချက်ကြောင့်တော့ ကိုယ်ဝန်မရနိုင်ပါဘူး။ မျိုချလိုက်တဲ့သုက်ရည်ဟာ အစာအိမ်ထဲကိုရောက်သွားမှာဖြစ်ပြီး အစားအစာတွေလိုပဲ ခြေဖျက်ခံရမှာပါ။

၄။ လိင်ဆက်ဆံချိန် အဝတ်အစားဝတ်ထားရင် ကိုယ်ဝန်ရနိုင်ခြေနည်းတယ်

မအင်္ဂါကို ထိုးသွင်းမှုမရှိပဲ လိင်ဆက်ဆံတာမျိုးပြုလုပ်စဉ်မှာ အဝတ်အစားဝတ်ဆင်ထားမယ်ဆိုရင် ကိုယ်ဝန်ရနိုင်ခြေနည်းပါးတာ အမှန်ပါ။

၅။ မီးဖွားပြီးခါစ/နို့တိုက်မိခင်ဖြစ်နေတာမို့ ကိုယ်ဝန်မရနိုင်ဘူး

မီးဖွားပြီး ပထမ ၃ လ အတွင်းမှာဆိုရင် အခွင့်အလမ်းနည်းပါးတယ်လို့သာ ဆိုရမှာပါ။ နောက်ပိုင်းကာလတွေမှာတော့ ကိုယ်ဝန်ပြန်ရနိုင်ခြေက ပုံမှန်ပါပဲ

၆။ အမျိုးသမီးလုပ်သူ အထွတ်အထိပ်မရောက်ရင် ကိုယ်ဝန်မရနိုင်ဘူး

လိင်ဆန္ဒအထွတ်အထိပ်ရောက်တာနဲ့ ကိုယ်ဝန်ရတာနဲ့က ဆက်စပ်မှုမရှိဘူးလို့ ဆိုရမှာပါ။ ကိုယ်ဝန်ရနိုင်ခြေက သဘာဝအတိုင်းဆက်ရှိနေမှာပါ။

၇။ လိင်ဆက်ဆံပြီး မအင်္ဂါကိုဆေးကြောပစ်ရင် ကိုယ်ဝန်မရနိုင်ဘူး

လူတချို့က ကိုယ်ဝန်မရအောင် ဒီနည်းလမ်းကို အသုံးပြုကြပါတယ်။ တကယ်တော့ သုက်ပိုးတွေဟာ အလွန်လျင်မြန်စွာသွားလာနိုင်တဲ့ သတ္တဝါလေးတွေဖြစ်ပြီး ဆက်ဆံလို့ပြီးပြီးချင်းမှာ ဆေးကြောပစ်မယ်ဆိုရင်တောင်မှ မမီနိုင်သလို သုက်တွေအားလုံးကိုလည်း ဖယ်ရှားနိုင်မှာမဟုတ်တာကို သိနားလည်ထားဖို့ လိုအပ်ပါတယ်။

၈။ သားဥကြွေချိန်က တစ်ရက်တည်းမို့ ကိုယ်ဝန်ရနိုင်ခြေက တစ်လမှာ တစ်ရက်ပဲ ရှိတယ်

အမျိုးသမီးတွေရဲ့ အဓိကသားဥကြွေချိန်က တစ်လမှာ တစ်ရက်တည်းဆိုတာမှန်ပေမယ့် သုက်ပိုးက ခန္ဓာကိုယ်ထဲမှာ ၅ ရက်အထိ ရှင်သန်နိုင်တာကို မမေ့ဖို့ လိုအပ်ပါတယ်။ နောက်ထပ်တစ်ချက်ကတော့ သားဥကြွေတဲ့ရက်ကလည်း တစ်လနဲ့တစ်လ မတူညီပါဘူး။ ဒါကြောင့် ပဋိသန္ဓေတားတဲ့နည်းလမ်းတွေကို အသုံးချနေကြရတာပါ။

၉။ လိင်ဆက်ဆံပုံပေါ်မူတည်ပြီး ကိုယ်ဝန်ရနိုင်ခြေ ကွာတယ်

မတ်တပ်ရက် လိင်ဆက်ဆံတာမျိုး၊ အမျိုးသမီးက အပေါ်ကနေ ဆက်ဆံတာမျိုးတွေကြောင့် ကိုယ်ဝန်မရနိုင်ဘူးဆိုတာက မှားပါတယ်။ မိန်းမကိုယ်အတွင်းမှာ သုက်ပိုးကျန်ခဲ့မယ်ဆိုရင် ဘယ်လိုဆက်ဆံပုံနဲ့ပဲဖြစ်ဖြစ် ကိုယ်ဝန်ရနိုင်ပါတယ်။

၁ဝ။ ကွန်ဒုံးမရှိရင် ပလတ်စတစ် ဒါမှမဟုတ် ပူဖောင်းကို သုံးနိုင်တယ်

ကွန်ဒုံးမဟုတ်တဲ့ တခြားပစ္စည်းတွေနဲ့ လုံးဝမစမ်းသပ်သင့်ပါဘူး။ ကိုယ်ဝန်ရနိုင်ခြေကို မတားဆီးနိုင်သလို အမျိုးသမီးကိုလည်း မတော်တဆထိခိုက်စေနိုင်ပါတယ်။

၁၁။ ပထမဆုံးအကြိမ်မှာတင် ကိုယ်ဝန်ရနိုင်တယ်

အကာအကွယ်မရှိပဲ လိင်ဆက်ဆံမယ်ဆိုရင် ဘယ်နှစ်ကြိမ်မြောက်မှာဖြစ်ဖြစ် ကိုယ်ဝန်ရနိုင်ခြေက အတူတူပါပဲ

၁၂။ လိင်ဆက်ဆံပြီး ရေချိုးတာ၊ ဆီးသွားတာတွေက ကိုယ်ဝန်ရနိုင်ခြေနည်းစေတယ်

မဟုတ်ပါဘူး။ ရေချိုးတာက ခန္ဓာကိုယ်ရဲ့ အပြင်ဘက်ကိုသာ သန့်စင်ပေးနိုင်ပါတယ်။ မိန်းမကိုယ်ရဲ့ အတွင်းပိုင်းအထိ မသန့်စင်ပေးနိုင်ပါဘူး။ ဆီးသွားခြင်းကလည်း
သုက်ပိုးတွေကို မဖယ်ရှားပေးနိုင်ပါဘူး။

#Ref…..ရဲဇွန်အောင်
#ရှမ်းပုတ်(မိုမိုလေး)

news