ဒူးနာသူများအတွက် ကိုယ်တွေ့ပျောက်ခဲ့တဲ့ ဆေးနည်း
ကျွန်တော်သည်ဒူးနာဝေဒနာရှင်တစ်ဦးဖြစ်ပါသည်။၁၉၉၅ခုကကားတိုက်ခံရစဉ်ပေါင်သုံးပိုင်းကျိုးသည်နှင့်အတူူ ဒူးကိုပါ အနည်းငယ်ထိခိုက်မိပါသည်။
ထိုစဉ်မှစ၍ ယနေ့တိုင်ဒူး သအနည်းငယ်မျှ မသိမသာရောင် ရမ်း နေ သလိုအ တန်ငယ်လ
ည်း တင်းနေပါသည်။ထို့ကြောင့် ဒူးနာပျောက်ဆေးမျိုးစုံအား သုံးစွဲခြင်းလေ့လာဖော်စပ်ခြင်းများပြုခဲ့ပါသည်။ဒူးနာခြင်းသည် ဒီဘက်ခေတ်၌..အတော်လေးအဖြစ်များနေသည်ကို..သတိထား
မိသည်။မိမိမှအလှူအတန်းလုပ်တိုင်းအခန်းအနားတစ်ခုခုလုပ်တိုင်း။။ဒူးနာတတ်သည်ှုသက်ကြီးရွယ်အို ဝေဒနာရှင်တို့အတွက် အဆင်ပြေစေရန်..ကုလားထိုင်များကို..သီးသန့်စီစဉ်ပေးနေရပါသည်။
တချို့လည်း ဒူးနာတာကိုအကြောင်းပြု၍ မလာရောက်နိုင်ပါ ။ ။
ကြောင်းဖုန်ုးဖြင့်..တောင်းပန်ကြပါသည်။ခက်သည်က ဒူးနာရခြင်း၏ အခြေခံအကြောင်းရင်းတွေက များလှပါသည်။အရိုးမှနာခြင်း အရွတ်မှနာခြင်း..ချင်ဆီမှနာခြင်း…ကြွက်သားမှနာခြင်း…အကြော
မှနာခြင်း အဆစ်မှနာခြင်းအပူငုတ်၍နာခြင်း တီဘီရောဂါ ကင်ဆာရောဂါလေးဘက်နာကြောင့်..နာခြင်း ထိခိုက်ဒဏ်ရာရရာမှ ဒဏ်ဖြစ်သွား၍..နာခြင်း..
လေးဘက်နာရောဂါကြောင့်နာခြင်း ဂေါက်ရောဂါကြောင့်နာခြင်းယူး ရစ်အက်ဆစ်လွန်ကဲနေ၍နာခြင်း စ
သဖြင့်..အကြောင်းရင်းတွေက စုံလှပါသည်။ထို့ကြောင့် တစ်ဦးတစ်ယောက်က ကောင်းသည်ဟု ရည်ညွန်းသော်လည်း နောက်တစ်ဦးအတွက်တော့..မထူးခြားဖြစ်နေတတ်သည်။အနာနဲ့ဆေးမတွေ့၍..လမ်းလွဲနေခြင်းဖြစ်ပါသည်။
လွန်ခဲ့သော..အနှစ်၂၀ကျော်က..အလွန်လွယ်ကူ၍ကုန်ကျမှုနည်းပါးသောဒူးနာပျောက်ဆေးနည်း တစ်လက်ကို နက္ခတ္တရောင်ခြည်မဂ္ဂဇင်းတွင်..ဖတ်ဘူးခဲ့သည်။ရေးသူ
က..ကျောင်းဆရာမဆိုတော့ ပို၍သဘောကျပါသည်။သူကတော့ တစ်သက်လုံးမပျောက်တော့ဘူး ထင်တဲ့ ဒူးနာ ဒီဆေးနဲ့မှ ပျောက်တော့သည်..ဟု..ညွှန်းဆိုထားသဖြင့်..မှတ်သားထားသည်နှင့်..အတူ…ဖော်စပ်လိုက်ပါတော့သည်။
ဆေးဖော်ထားပြီး ၃-၄နှစ်အကြာမှာ ဝေဒနာရှင်တစ်ဦးနဲ့တွေ့ပါသည်။သူကတော့ မိမိအိမ်သို့လာလည်သော အသက်၆၅နှစ်ခန့်ရှိအမျိုးသမီးကြီးဖြစ်သည်။ဇာတိက…သုံးဆယ်မြို့ကပါ။သူ့သမီးက…အလုံ-ဗဟိုစာရင်းမှာ..တာဝန်
ကြတော့မိမိတို့အိမ်အနီးမှာ တိုက်ခန်းဝယ်ပြီး သားအမိနှစ်ယောက် အတူနေကြသည်။ဇနီးဖြစ်သူနဲ့ တစ်ရုံးထဲမို့ မိတ်ဆွေဖြစ်ပြီး လာလည်ကြခြင်းဖြစ်ပါသည်။သူဒူးနာနေတာက ကြာပြီ။ဘာဆေးနဲ့မှ..မပျောက်။
ခုတော့အင်္ဂ လိပ် လိမ်းဆေးလိမ်းနေသည်။ဒီဆေးက သွားတိုက်ဆေးကဲ့သို့ ညှစ်ထုတ်ရသော ခရင်မ်ဖြစ်သည်။သူက ( ဆေးပူနဲ့..လုံးဝမတည့် )..ဟုသိရပါသည်။ဆေးစမ်းချင်သောမိမိက..အသင့်ဖော်ထားတဲ့ဆေးကို..ပေးလိုက်သည်။ဆေးကလည်း…နှစ်ချို့နေတော့..အဆီတွေတက်နေပြီး..ရေနွေးကြမ်းရောင်သို့ပင်..ပြောင်းနေပါပြီ။
ဆယ်ရက်လောက်ရှိတော့ တစ်မနက်မှာ သမီးဖြစ်သူက ငါးဆင့်ချိုင့်ကြီးဆွဲပြီး အိမ်ထဲကိုဝင်လာပါသည်။မောင်နှတွေလိုခင်နေတော့လည်း..ဘာမပြောညာမပြောနဲ့..မီးဖိုခန်းထဲကို..တန်းဝင်သွားပြီး….ပါလာတဲ့..
ကြာဆံကျော်တွေကိုပွဲပြင်ပြီး ဇွန်း-ခက်ရင်းနဲ့တကွ မိမိရှေ့သို့ လာချပါေတော့သည်။မိမိလည်း ဘုမသိဘမသိမို့ ကြောင်စီစီကြည့်ယင်း ခင်ဗျားးဘာအရူးထတာလည်း…စွံ့သွားပြီလားဟုစမိသည်။သူမက..
အသက်လေးဆယ်လောက်ရှိတဲ့ အပျို ကြီး ဖြစ်ပါသည်။သည်တော့မှ သူကရှင်းပြသည်။
မိမိပေးလိုက်သောဆေးနဲ့ သူ့အမေရဲ့ဒူးနာသက်သာလို့ ရွှေတိဂုံဘုရားကိုပင် စောင်းတန်းက တက်၍ဖူးနိုင်သွားသဖြင့် ကျေးဇူးဆပ်သည့်အနေနဲ့..နင်ကိုယ်တိုင်..ကျွေးချေဟု…မှာလိုက်ကြောင်းသိရပါသည်။ ။
မိမိလည်း..ဆေးအခြေအနေသိလို၍..သူမအပြန်မှာ..တပါတည်းလိုက်သွားပြီး..ဝေဒနာရှင်ကို ( ဗျူး )ခဲ့ရာ..အောက်ပါအတိုင်းသိခွင့်ရလိုက်ပါသည်။
ဆေးယူသွားတဲ့ညမှာ အိပ်ယာဝင်ခါနီးတော့ ထမိန်ကိုခါးထောင်းကြိုက်ပြီးပေါင်ရင်းမှ ချေမျက်စေ့ထိရွဲနေအောင်လိမ်းပြီး အသားထဲစိမ့်ဝင်သည်အထိ…နာနာပွတ်သည်ဟုဆိုသည်။
တရေးအနိုးမှာ ဆီးထသွားတော့ အရင်ကနဲ့မတူအထိုင်အထတွေက ပေါ့ပါးသွက်လက်နေတာမို့ ငါတော့ဒီဆေးနဲ့ တည့်ပြီလို့။။
မှတ်ယူယင်း ထိုညက စိတ်ချမ်းသာစွာ အိပ်စက်လိုက်သည်။နောက်နေ့တွေမှာလည်း နေ့စဉ်မှန်မှန် လိမ်း သည်နှင့်အတူ ( မိမိကမညွှန်းဘဲ -သူ့သဘောနဲ့သူ )..အနည်းငယ်လောက်..သောက်သည်ဟူပါ၏။
တပတ်လောက်ကြာတော့ ဒူးနာက သိသိသာသာ ကောင်းနေတာကြောင့်သမီးကိုခေါ်ပြီး နှစ်ပေါင်းများစွာ မဖူးရတာကြာတဲ့ ရွှေတိဂုံကို စောင်းတန်းကတက်ပြီး…ဖူးရာ..အဆင်ပြေလာခဲ့သည်ဟု…ပြောပါသည်။
တသက်လုံး မဖူးရတော့ဟု ယူဆထားတဲ့ ရွှေတိဂုံကို မျက်မြင်ကိုယ်တွေ့ဖူးလိုက်ရလို့ မောင်မင်းကြီးသားကို ကျေးဇူးဆပ်ခိုင်းလိုက်တာပါဟု အားရဝမ်းသာပြောရှာပါသည်။ခုချိန်မှာတော့..သားအမိနှစ်ဦးစလုံး..ကွယ်လွန်သွားကြပါပြီ။
ဆေးနည်းကတော့ တောရှောက်ခါးသီး ( ခ ) ရှောက်ဘီလူးအား အလယ်မှ ထက်ချမ်းခွဲပါ။ရိုးရိုးရှောက်သီးလည်းရပါသည်။ကြက်သွန်နီကို..အကွင်းလိုက်..ထူထူလေးလှီးပြီး..ရှောက်သီးကြားမှာ..ညှပ်ပါ။။
ကွာမသွားစေရန်အတွက်..ဝါးချမ်းတုတ်ချောင်းနဲ့ကန့်လန့်ဖြတ်ထိုးလိုက်ပါ။ရှောက်သီးတွေကို..နူးအိသွားအောင်..ရေခန်းပြုတ်ပါ။ရလာတဲ့ရှောက်သီးကို.အတုံးငယ်ငယ်ကလေးတွေ..စိတ်ပြီး..အဝကြယ်ဖန်ပုလင်းထဲကိုထည့်ပြီး..မီးတောက်အရက်
နဲ့စိမ်ထားပါ။မီးတောက်အရက်..အဆင်မပြေယင်အရက်ပြင်းပြင်းကိုအရက်ပျံရောပြီးသုံးလို့ရပါတယ်။ပုလင်းကိုတစ်လလောက်..နေပူထဲမှာ..ပစ်ထားလိုက်ပါ။ဒီနောက်တော့သုံးလို့ရပါပြီ။ကြာလေကောင်းလေပါပဲ။
ဒူးနာသူတိုင်း( မပျောက်မှာ )ကတော့သေချာပါသည်။ကုသိုလ်ထူးလို့..အနာနဲ့..ဆေးတည့်သူမှာတော့အဆင်ပြေပါလိမ့်မည်။အရိုးပါးနေသူ-အရွတ်ပဲ့နေသူတွေကတော့..ဒူးခေါင်းအစားထိုးမှ..ရပါတယ်။
ကုန်ကျစားရိတ်ကတော့ဒူးတစ်ဘက်ကိုသိန်း၈၀လောက်ရှိပါတယ်။
ဆေးပူကြိုက်သူတွေကအတွက်တော့ပရုတ်လေးပါးဆေး ( ခ ) မင်းလေးပါးဆေးကမဆိုးပါဘူးနီးစပ်ရာ ဘယဆေးဆိုင်တွေမှာပရုတ်လေးပါးတစ်ကျပ်သားစီပေးပါဆိုယင်..သူတို့..နားလည်ပါတယ်။
ပရုတ်လေးပါးဆိုတာ က ပရုတ်မင်သော်သိုင်းမောနဲ့ဖုန်းမသိမ်ပါ။တစ်မျိုး..တစ်ထုတ်နှုံးနဲ့လေးထုတ်ပေးပါ လိမ့်မယ်။အခဲတွေပါ။အိမ်ရောက်မှ..အဝကြယ်တဲ့..ပုလင်းထဲကို..ရောထည့်လိုက်ပါ။
ခဏကြာယင်အရည်ဖြစ်သွားပါလိမ့်မယ်။သူကပူပါတယ်။ပူလွန်းတယ်ထင်ယင်မုံညင်းဆီကိုလိုသလောက်ရောပေးပါ။ စုစုပေါင်းလေးကျပ်သားကို..သုံးထောင်ကျော်လောက်ကျပါမယ်။အဆီတွေမို့..တော်တော်ကြာကြာ..သုံးရပါတယ်။။
မိမိ၏အတွေ့အကြုံကို မျှဝေလို့ဆေးဒါနပြုလိုက်ပါတယ်။ဖရင်းအများ ဒူးနာကင်းဝေးထိုင်ထမလေးစေရန်ဆုတောင်းပေးလိုက်ပါသည်။
Credit to Ma Chaw