တချို့ဈေးရောင်းရင် ဘာလို့အောင်မြင်တယ်ထင်လဲ..။ဗျူဟာရှိပါတယ်။ဒါတွေကသူတို့ရွေးချယ်အသုံးပြုတဲ့နည်းလမ်းတွေပါ။
၁ ။ ဆိုင်နေရာကောင်းခြင်းဟာ ဆိုင်ကြီးတာ ငယ်တာထက် ပိုအရေးကြီးပါတယ် ။
၂ ။ ရောင်းကုန်ရဲ့ အရည်အသွေးဟာ ဆိုင်နေရာထက် ပိုအရေးကြီးနေတတ်ပြန်တယ် ။
၃ ။ စကားချိုချိုသာသာ ဈေးရောင်းတတ်ခြင်းဟာ အရေးကြီးပါတယ်။ ဖောက်သည်ကို ပိုမြဲစေပါတယ် ။
၄ ။ အရင်းအနှီး နည်းတာကို စိုးရိမ်ခြင်းထက်၊ ယုံကြည်မှု နည်းတာကို ပိုစိုးရိမ်သင့်ပါတယ် ။
၅ ။ ဆိုင်ကို လှလှပပ ခင်းကျင်းတတ်ခြင်းဟာ အရေးကြီးပေမဲ့ နည်းနည်း ရှုပ်ပွနေတဲ့ ဆိုင်ငယ်ကလေးက ပိုရောင်းကောင်းနေတတ်ပါတယ်။ဈေးချိုတယ်ဆိုတာကို ဝယ်ယူသူများက ထင်မြင်သွားစေလို့ပါ ။
၆ ။ ဝယ်သူကို တောက်လျှောက်လိုက်ကပ်နေတာမျိုး၊ မဝယ်မချင်းတိုက်တွန်းနေတာမျိုး ရှောင်ကြဉ်ပါ ။
၇ ။ ပိုက်ဆံ တစ်ကျပ်သုံးနိုင်တဲ့ စားသုံးသူက ပိုက်ဆံ တစ်ရာသုံးနိုင်တဲ့ စားသုံးသူထက် စီးပွားတက်ဖို့ ပိုထောက်ကူတတ်တယ်။ တန်ဖိုး ပိုရှိတယ် ။
၈ ။ ငွေလည်ပတ်မှု မြန်ဆန်ပါစေ ။
၉ ။ စားသုံးသူရဲ့ ရှေ့မှာ ဆိုင်ဝန်ထမ်းတွေကို ဆဲဆိုအပြစ်တင်ခြင်းဟာ စားသုံးသူကို မောင်းထုတ်တာပါ ။
၁၀ ။ နည်းနည်း၊ များများ လက်ကားဖောက်သည်ကို အမျိုးလို သဘောထားပါ ။ တတ်နိုင်သမျှ သူတို့ရဲ့ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးပါ ။
၁၁ ။ ရောင်းကုန် ပစ္စည်း ပြတ်သွားတယ်ဆိုတာ ဖောက်သည်ကို လျစ်လျူရှုတာ ၊ စော်ကားတာနဲ့ အတူတူပဲ..။
၁၂ ။ ဈေးနူန်း တစ်ခုတည်း ဖြစ်ပါစေ ၊ တခုခုကြောင့် ဈေးလျှော့ရောင်းခြင်းဟာ ရှုပ်ထွေးမူကို ဖြစ်စေတတ်ပါတယ် ။ ကတိကို ထိခိုက်နိုင်စေပါတယ်.. ။
၁၃ ။ ဘယ်သူ့ကိုမှ အတင်းရောင်းချခြင်း မပြုလုပ်ပါနှင့် ၊ စားသုံးသူ ကြိုက်နှစ်သက်သော ပစ္စည်းကို ရောင်းချနေတာ မဟုတ်ပါ ။ စားသုံးသူ အကျိုးရှိစေတဲ့ ပစ္စည်းကို ရောင်းချနေတာပါ ။
၁၄ ။ စက္ကူ တစ်ရွက်ပဲဖြစ်ဖြစ် ၊ လက်ဆောင်ကို လူတိုင်း နှစ်သက်တတ်ကြပါတယ် ။
၁၅ ။ ကလေးများဟာ ကျေးဇူးရှင်ပါ ။ စားသုံးသူများက ကလေးကို ခေါ်ဆောင်လာတာပဲ ဖြစ်ဖြစ်၊ကလေးဈေးလာဝယ်တာပဲ ဖြစ်ဖြစ် အထူးဂရုစိုက်ပေးပါ ။ ( ကလေးကို လွှတ်တာတောင် ဖြစ်ကတတ်ဆန်းမလုပ်ဘူး) ဆိုတာ လူတွေသိပါစေ ။
၁၆ ။ အသစ်ထွင်ပါ။ ဝယ်သူကို ဆွဲဆောင်နိုင်အောင် အမြဲ ကြိုးစားပါ။
၁၇ ။ အရောင်းအဝယ် ကြီးကြီး သေးသေး အစွမ်းကုန် ကြိုးစားပါ..။ ဆိုင်တစ်ခုလုံး ရှင်သန်နေပါစေ။ဝယ်သူ များလာအောင် ဆွဲဆောင်နိုင်ကြပါလိမ့်မယ်။
Credit – မူရင်း