ရန်ကုန်မြို့မှာ မော်တော် ဆိုင်ကယ် မောင်းနှင်ခွင့် ပိတ်ပင်ခဲ့ရသည့် သမိုင်းကြောင်း..
လွန်ခဲ့တဲ့ရက် အနည်းငယ်ကဒီဗွီဘီသတင်းမှာလာသွားခဲ့တဲ့ရန်ကုန်မှာဆိုင်ကယ်စီးခွင့်ပြန်လည်ပြုဖို့ တောင်းဆိုတဲ့အကြောင်း ကြည့်လိုက်ရတယ်။
ကမ္ဘာ့နိုင်ငံ အတော်များများ စီးခွင့်ရှိပြီ ရန်ကုန်မှာ စီးခွင့်မရှိလို့ ဝန်ကြီးချုပ်ရဲ့ဆီမှာတောင်းဆိုမယ်လို့သိရပါတယ် ရန်ကုန်မှာဆိုင်ကယ်စီးခွင့်ပိတ်လိုက်တာ ဘာအကြောင်း ကြောင့် ပိတ်တယ်ဆိုတာ တရားဝင်ကြော်ငြာခဲ့တာမရှိခဲ့ဘူး..
ဒါပေမယ့် ကျွန်တော်တို့ သိထားတာတော့ရှိပါတယ်။
ကျွန်တော်လည်း ငယ်စဉ် ကတော့ motor cycle crazy တစ်ယောက်ပါပဲ 1984/85 လောက်မှာ ၆ မိုင်ခွဲ မြေနီကုန်း သမိုင်း တို့ကဆိုင်၊ကယ်သူရဲ တွေဟာ ကျွန်တော်ရဲ့ဘော်ဒါလည်းဟုတ် ဆရာလည်း ဟုတ်ပါတယ်..
ကျွန်တော်ကအားလုံးထဲမှာ အသကျအငယ်ဆုံးပါသူတို့ကကျွန်တော့်ထက် ၄ နှစ် ၅ နှစ်ကြီးကြ ပါတယ် ကျွ န် တော်က ၁၇/၁၈ အရွယ်ပေါ့ ၆ မိုင်ခွဲက ဘော်ဒါ က၊လူကလည်းသန်တော့ Kawasaki-750 (အင်ဂျင်ပါဝါ ၇ ကောင်ခွဲ) ကိုစီးတယ်
တစ်ရက် ဘော် ဒါတွေ စုံတဲ့အချိန်မှာ သူက ဟေ့ကောင်မင်းငါ့ဆိုင်ကယ်စီးချင်ရင် ဓာတ်မီးတိုင် တစ်တိုင် တွန်းပြလို့ ပြောတယ် ကျွန်တော် ချာတိတ် တုန်းက လူကောင်က ပိန်သေးသေး ဆိုတော့မတွန်းနိုင်ဘူးလို့.. သူကထင်နေတာ တစ်ကယ် တွန်းပြလိုက်တော့ အံ့သြသွားပြီး သူ့ရဲ့ 750 ဆိုင်ကယ်ကြီးကိုပေးစီးပါ တော့တယ်။
လက်ကိုင် အမျိုးအစားက တော့ easy rider မဟုတ်ပါဘူး.. sport type လို့ခေါ်တဲ့လက်ကိုင် အဖြောင့်ပါ..။ နောက်ပိုင်းမှာတော့ ကျွန်တော့်Kawasaki-400 easy rider (line-4) တွေကိုပဲ အစီးများခဲ့တယ် စကော့ဈေး(ဗိုလ်ချုပ်ဈေး) ထဲမှာ မိုးကုတ် ကိုဝယ်ရောင်းလုပ်ရင်းနဲ့ တစ်ဖက်မှာ ဆိုင်ကယ် ဝ ယ်/စီး/ရောင်း လုပ်ပါတယ်။
easy rider ဘီးကြီးတွေပဲစီးနေကြဆိုတော့ဘီးကြီးသမား တွေနဲ့ပဲ ပေါင်း ဖြစ်ခဲ့တယ်။အဲဒီအထဲမှာ မြေနီကုန်းကဘော်ဒါ တစ်ယောက် ကတော့ တစ်ကယ့်ဆရာကြီးပဲလူမှုရေးအရ နာမည် မရေးတော့ပါဘူး။နာမည်က ၂ လုံးထဲပါ၊သူနဲ့အနီးကပ် ပေါင်းခဲ့ရတာ တော်တော် ကြောက်ဖို့ ကောင်းတယ် ။တစ်ကယ့် ဂန်းစတား တစ်ယောက်လိုပဲ။ဆံပင်ကကျောလယ်ထိရှိတယ်စစ်သုံးဖီးလ်ဂျက်ကက်အမြဲဝတ်တယ်ဂျင်းပန်အမြဲဝတ်ပြီးစစ်ဖိနပ်ကိုပဲအမြဲစီးတယ်။
သူက ဘယ်ဖက် ခြေထောက်ဖြတ် ထားရပြီး နံရိုး၃ချောင်း ကျိုးထားဘူးတယ် ။ ခြေတုနဲ့ပါ ဆိုင်ကယ်အက်ဆီးဒင့်ကြောင့် ဖြစ်ခဲ့ရတာတွေချည်းပါပဲ.. ။ရန်ကုန်မှာ ကို–ိ ုးကြီးဆိုရင် ဆိုင်ကယ် သူရဲလောကမှာ မသိသူမရှိဘူး ။သူ သောင်းကျန်းခဲ့ တာတွေ ပြောရရင်အများ၊ကြီးပဲသူက jumping တွေရောeasyrider တွေရောအစုံစီးတယ် ။
၉၁ ဝန်းကျင် လောက်ကကျွန်တော် တို့ဘော်ဒါတွေ RC-2 လှိုင်တက္ကသိုလ်ဖက်ကပြန်လာကြတယ်။ ည ၇ နာရီလောက်ပေါ့ လှည်းတန်း အနီးစံရိပ်ငြိမ် မှတ်တိုင်နားမှာ အတူ တူစီးလာတဲ့ ဘော်ဒါတစ် ယောက်က ကို–ိ ုးကြီးရဲ့ဆိုက်ကယ်ကို ကျော်တက် လိုက်တယ်။
အဲဒါကို ကို–ိ ုးက နဲနဲမူးနေတာ့ စိတ်ဆိုးသွားတ ယ်။ ကျော်တက် သွားတာကို စိတ်ဆိုးပြီးသူစီးနေတဲ့ Yamaha DT ကို ကျွန်တော့် မျက်စိရှေ့မှာပဲ ဆွဲမှောက် ပစ်လိုက်တယ် ။ လူရော ဆိုင်ကယ် ရော ကတ္တရာ လမ်းမပေါ်မှာ ဒရွတ်တိုက်သွားတာ တော်တော် ဝေးတယ်။
လူကတော့ လူးလှိမ့်ထလာပါတယ် သူ့ဆိုင်ကယ်က ကတ္တရာလမ်း နဲ့ွတ်တိုက်ပြီး မီးပန်းလေး တွေထွက်နေတယ် သူကမတ်တပ် ရပ်ပြီးကြည့် နေတယ်။ဆိုင်က ယ်ဒရွတ်တို က်ပါသွားပြီး လမ်းဘေးပလက်ဖေါင်းနဲ့တိုက်ပြီး ရပ်သွားတော့မှ စံရိပ်ငြိမ် နားကအအေးဆိုင်၊
ထဲဝင်ပြီး ရေခဲသေတ္တာထဲက ဘီယာဘူးတစ်ဘူးထုတ် လိုက်ပြီး သူ့လက်က ဆိုင်က ယ်မှောက်တဲ့ ဒဏ်ရာတွေကို ဘီယာနဲ့လောင်းချလိုက်တယ်။ပြီးတော့မှ စီးကရက်ဖွာပြီး ဘီယာသောက်နေတယ် အခုနကကျော် တက်သွားတဲ့ သူငယ် ချင်းကလည်း ပြန်လည့်လာပြီး သူ့ဆိုင်၊ကယ်ကို ဆိုင်ရှေ့ယူလာပေးပါတယ်
အချင်းချင်း စိတ်မဆိုး ဖို့ပြောပြီး ဘီဟာ သောက်ကြတယ်ပြီးတော့လမ်းခွဲပြီး အိမ်ပြန်ကြတယ်။ဟံသာဝတီအဝိုင်းကြီးမှာ တာဝန်ကျတဲ့ယာဉ်ထိန်းရဲတွေဟာ အလှည့်ကျ ဂျူတီနဲ့ဆိုပေမယ့် သူနဲ့ရင်းနှီးတဲ့ ဘော်ဒါ တွေများတယ် ။
ဆိုင်ကယ်ဦး ထုပ်ဘယ်တော့မှ မဆောင်းတဲ့သူ့ကို မော်တော်ပီးကယ်တွေက ဟိုဖက်လှည့်သွားပြီး မမြင်ချင်ယောင်ဆောင်ပေးတယ် ။တာဝန်ကျသူ အသစ်ရောက် လာလို့ သူ့ကို ဝီစီမှုတ်ပြီး ဖမ်းရင် မောင်းပြေးတယ်။ ပြီးတော့ သူ့ဘော်ဒါ တစ်ယောက် ခေါ်လာပြီး မောင်ခိုင်းတယ်။
သူကနောက်ကထိုင်တယ်။ သူ့ကိုဖမ်းတဲ့ ယာဉ်ထိန်းရဲ အနားမောင်း ခိုင်းတယ်။အနားရောက်တာနဲ့ ယာဉ်ထိန်းရဲရဲ့ ဦးထုပ်ကို လက်နဲ့ပုတ်ချပြီး ဘောလုံးလို ကန်ပစ်တယ် သူကအဲလောက် ထိသောင်းကျန်း တတ်တယ်
အဲဒီခေတ်က ထောက်လှမ်း ရေးခေတ်ဆိုတော့ ကို–ိ ုးကြီးတို့က ထောက်လှမ်းရေးကို ပေါင်းထားတော့ဘယ်သူမှသူ့ကို ပြဿနာမလုပ်ရဲကြဘူး။နောက်တစ်ခါ လှည်းတန်းမီးပွိုင့်မှာ ပြဿနာရှာပါသေးတယ် ၉၀ ခုနှစ် ကျော်လောက်က လှည်းတန်းမီးပွိုင့်တိုင်တွေကခုလိုအမြင့်ကြီးတွေမဟုတ်ဘူး ။
လူ ၂ ရပ်အမြင့်နီးပါးလောက်ပဲ ရှိတယ်။ တိုင်အဖြောင့်တွေပါ။ တစ်ရက်မှာ Yamaha DTနဲ့ကို–ိ ုးကြီးရောက်လာပြီးဆိုင်ကယ်ကိုမီးပွိုင့်ပလက်ဖေါင်း ပေါ်မောင်းတက်တယ် ပြီးတော့ဆိုင်ကယ်ကို ဒေါက်ထောက် ပြီးအပေါ်တက်မတ်တပ်ရပ်လို့Bossnyမှုတ်ဆေးဘူးအနီဘူးနဲ့မှုတ်ပစ်လိုက်တယ် မီးပွိင့်ကအ ဝေးကကြည့်ရင်အကုန်နီကုန်တယ် ကားတွေအားလုံးမီးပွိုင့်မှာဒုက္ခရောက်ကုန်တယ်။
မော်တော်ပီကယ်မရှိတဲ့ တာဝန်ချိန်အပြီ းမှာလုပ်ပစ်ခဲ့တာပါ.. အဲဒီတုန်းကတော့ ကို–ိ ုးကြီး ဘာပြသနာမှ မဖြစ်လိုက်ဘူးအေးဆေးပါပဲ။ထောက်လှမ်းရေးအရှိန်နဲ့ အကာကွယ်ယူထားတာ။
သူ့အဖို့အထိနာသွားတာကတော့ အခုအငြိမ်းစားယူထားသူဗိုလ်ချုပ်မှုးကြီးရဲ့လမ်းကြောင်းထဲကို အတင်းထိုးဖေါက်ဝင်ပစ် လိုက်တဲ့ကိစ္စပါပဲဗိုလ်ချုပ်မှုကြီး နေရာယူပြီးမကြာခင်မှာ ဗိုလ်ချုပ်မှုးကြီးရဲ့ VIP လမ်း၊
ကြောင်းသွားနေတာကို ကို–ိ ုးကြီးက နောက်ကအမှီလိုက်ပြီး အတင်းဖေါက် ဝင်လိုက်တယ်ပြီးတော့ အဲဒီခေတ်က 929 ကားပေါ်မှာ ထိုင်လိုကလာတဲ့ဗိုလ်ချုပ်မှုး ကြီးကား ဘေးပြတင်း ပေါက်နား ယှဉ်လိုက်တယ်
လှည့်အကြည့်မှာ ရု ပ်ရှင်ထဲကလမ်း သရဲတွေ အော်သလိုဝူး ဝါးနဲ့စူး စူးဝါးဝါးအော်ပြီး၊ဆိုင်ကယ်မောင်းပြေးပါတယ်ဗိုလ်ချုပ်မှုးကြီးလည်း တော်တော် လန့်သွားပြီး အရမ်းစိတ်ဆိုး သွားတယ်လို့ ဆိုပါတယ်။
ဒါပေမယ့်သူ့နောက်ကိုတော့ ဘယ်တပ်ဖွဲ့ကမှ လိုက်ပြီးမဖမ်းကြပါဘူး အဲဒီည ၁၂ နာရီလောက်မှာတော့ထောက်လှမ်းရေး အရာရှိချို့နဲ့၊ရပ်ကွက်လူ ကြီးရောက်လာပြီး သူ့ကိုခေါ် သွားပါတယ်။ မိသားစုကိုလည်း ထောက်လှမ်းရေး ကပြောတယ်။
ခင်ဗျားတို့ သားကို ဘယ်မှာမှမစုံစမ်းပါနဲ့ တစ်လပြည့်ရင် ပြန်လွှတ်ပေး လိုက်မယ်လို့ ဆိုပါတယ်ကျွ န်တော် ကဖမ်းသွားတာ မသိလိုက်ဘူး သမိုင်းကသူငယ်ချင်း ဆီရောက်လို့၊
ကို–ိ ုးကြီပျောက် နေလို့မေးတော့ “ဂျပန်မှာ ဆိုင်ကယ်သွားပြိုင်နေတယ်လို့နောက်ပြီးပြောတယ် ပြီးမှအဖြစ်မှန်ကို သိရတာက ထောက်လှမ်းရေးကရေကြည်အိုင်ကို ခေါ်သွားပြီး LESSON ပေးတယ် လို့ပြောတယ်။
ကတုံးရိတ်ပြီးတော့.. မနက်မိုးလင်းတာနဲ့ ဆိုင်ကယ်ပုံစံ လုပ်ထားတဲ့၊သစ်သားတုံးပေါ်ခွထိုင်ပြီး လက်ကိုင်လို လုပ်ထားတဲ့ ဒုတ်ကိုကိုင်ပြီးပါးစပ်က ခလေးတွေကားမောင်းသလို၊ဝူး ဝူး ဝူး ဘုတ် ဘုတ် ဘုတ် နဲ့အော်ခိုင်းပါတယ်။
မောလို့ ရပ်သွားရင် အောက်ဆင်းခိုင်းပြီး သူ့ရဲ့ခြေတုတစ်ဖက်ကိုဖြုတ်၊ခြေထောက်တစ်ဖ က် တည်းရပ်ခိုင်းပြီး လက်နှစ်ဖက်ကိုဘေးဆန့်ပြီး လေယာဉ်ပျံမောင်းခိုင်းပါတယ်။
တစ်နေကုန်အောင် မောင်းရတယ်.. အဲဒီလိုနဲ့ရေကြည်အိုင်စခန်းမှာ တစ်လတိတိ LESSON ပေးခံလိုက်ရပါတယ်..ကို–ိုးကြီးလည်းဒီတစ်ခါတော့.. တော် တော်လေးခံလိုက်ရပါတယ်။
အဲဒီကိစ္စလည်းဖြစ်ပြီးရော ရန်ကုန်မှာ ဆိုင်ကယ်စီးခွင့် လုံးဝပိတ်ပစ်လိုက်ပါတော့တယ် မူရင်းရေးသားသူကိုလေးစားစွာခရက်ဒစ်ပေးပါသည်။
Credit