Knowledge

အိုလာရင်သားသမီးတွေ ပစ်ပယ်တာခံရတာပါပဲဆိုတဲ့ အသက် ၇၇နှစ်အရွယ် ဆိုက်ကားဆရာအဘိုးအိုပြောတဲ့ ကိုယ်တွေ့အဖြစ်..

အိုလာရင်သားသမီးတွေ ပစ်ပယ်တာခံရတာပါပဲဆိုတဲ့ အသက် ၇၇နှစ်အရွယ် ဆိုက်ကားဆရာအဘိုးအိုပြောတဲ့ ကိုယ်တွေ့အဖြစ်..

ကျနော်ကားပေါ်ကဆင်းဆင်းချင်ပဲ ဆိုက်ကားဆရာတချို့ ရောက်လာတယ်။ သန်မြန်တဲ့လူတွေမို့ အတင်တိုးဝှေ့ပြီး သူ့ထက်ငါဦးအောင် မေးကြတယ်။ အကိုဘယ်သွားမှာလဲ ဘယ်ပို့ပေးရမလဲပေါ့။

ကျနော့်မှာလဲ ပစ္စည်းက များများစားစား သယ်စရာပါမလာတော့.. ကျနော်ဆိုက်ကားမငှားတော့ဘူးအကိုတို့လို့ ပြောလိုက်တယ်။ ကိုလဲမြို့သားမဟုတ်တော့ တော်ယုံအထုပ်နဲ့ တော်ယုံခရီးဆို ကိုယ်တိုင်ထမ်းပြီး လမ်းလျောက်လေ့ရှိတယ်။

အဲ့လိုနဲ့ ဆိုက်ကားဆရာတွေ လူစုခွဲနောက်ဆုတ်သွားမှ နောက်ကအဖိုးအိုတယောက်ကိုမြင်လိုက်ရတယ်..။ ငါ့တူလေးဘယ်ကိုသွားမှာလဲ ဦးလေးဆိုက်ကားနဲ့လိုက်ပို့ပါရစေတဲ့ မေးလိုက်တဲ့ပုံကလဲ တခြားဆိုက်ကားဆရာတွေနဲ့မတူဘူးဗျ။

တခြားဆိုက်ကားဆရာတွေဆို ဆိုက်ကားခေါ်မလား ဘာညာမေးတယ်။ အခုအဖိုးအိုကတော့ ဦးလေး ဆိုက်ကားနဲ့လိုက်ပို့ပါရစေတဲ့။ ကျနော်လဲဘာမှစဉ်းစားမနေတော့ဘူး ဟုတ်ကဲ့လိုက်ပို့ပါဥိးလေးဆိုပြီးပြောလိုက်တယ်။

တခြားဆိုက်ကားဆရာတွေကတောင် နောက်က တီးတိုးဝေဖန်သံကြားလိုက်မိပါတယ်။ ဒီကောင်အရူး စိတ်မမှန်ဘူးဆိုပဲ။ အဲ့လိုနဲ့ကျနော်တို့ ဆိုက်ကားနဲ့ထွက်လာကြရင်း ကျနော်ကနဲနဲစပ်စုကြည့်တယ်။

ဦးလေး ဦးလေးမှာသားသမီးမရှိဘူးလားဆိုတော့ရှိတာပေါ့ငါ့တူရယ် အကြီးကောင်ကရဲထဲမှာဒုရဲအုပ် အလတ်မကကျောင်းအုပ်ဆရာမအငယ်ဆုံးသားကတော့ မှန်လုံကားမောင်းတယ် တဲ့ဦးလေးနဲ့အတူနေကြတာလား ဆိုတော့မဟုတ်ပါဘူး သူတို့အိမ်ထောင်တွေနဲ့ပါ။

သူတို့က တာဝန်ကျရာနယ်တွေမှာပါတဲ့ ဒါဆိုဦးလေးတို့အဖိုးအဖွား၂ယောက်ထဲနေတာပေါ့နော် ဆိုတော့မဟုတ်ပါဘူ..း။ဦးလေးတယောက်ထဲနေတာပါ ဦးလေးမိန်းမကဆုံးသွားပြီ တဲ့ ဘာလို့သားသမီးတွေနဲ့လိုက်မနေတာလဲဦးလေး လို့ကျနော်ထပ်မေးလိုက်တယ်။ နေချင်တာပေါ့ငါ့တူရယ် နေလဲနေပြီးပါပြီ။

မိဘတွေအိုလာရင် သားသမီးတွေက ပယ်ထားကြတာ။ တစ်ကယ်တော့မိဘဆိုတာ အိုပယ်တွေပါ တဲ့။ ကျနော်အရမ်းစိတ်မကောင်းဖြစ်သွားတယ်။ရင်ထဲမှာဆို့တက်လာလို့ ဘာမှဆက်မမေးနိုင်တော့ဘူး။ ကျနော်သွားမဲ့လမ်းဆုံရောက်တော့မှ မနဲအသံထွက်မေးလိုက်ရတယ်။

ဦးလေးဘယ်လောက်ကျလဲဗျ ဆိုတော့၅၀၀ ပါငါ့တူတဲ့။ ကျနော်အိပ်ထဲက ၁၀၀၀၀ တန်၂ရွက်ထုပ်ပေးလိုက်တယ်။ မယုံနိုင်သလို အံ့သြတဲ့ အကြည့်တွေနဲ့ကျနော်ကို ပြောတယ် ၅၀၀ ပဲကျတာလေ ငါ့တူတဲ့..။

ဟုတ်ပါတယ် ကျန်တဲ့ပိုက်ဆံက ဦးလေးကို ကျနော်ကန်တော့တာပါဆိုတော့ တုန်တုန်ယင်ယင်လက်တွေနဲ့ လှမ်းယူလိုက်တယ်။ ဆုတွေလဲ မဆုံးနိုင်အောင် ပေးနေပါတော့တယ်။

နောက်ထပ် ၅ လလောက်ရှိလို့ ကျနော် အဲ့ဒီဆိုက်ကားဂိတ်ကို ပြန်ရောက်တော့ ဒီဂိတ်ကဆိုက်ကားဆရာဦးလေးကြီးရောလို့ အနားကကွမ်းယာဆိုင်ကို မေးကြည့်တဲ့အခါ အခုဆောင်းအဝင် လွန်ခဲ့တဲ့ တလကပဲ သူ့ရဲ့တဲအိမ်လေးထဲမှာ တယောက်ထဲဆုံးသွားပြီး ၃ရက်လောက်နေမှ ရပ်ကွက်ကသိတယ်တဲ့။

နောင်ဘဝတွေမှာ အခုလိုအဖြစ်မျိုးနဲ့ မကြုံပါစေနဲ့ဦးလေးရယ်လို့ ဆုတောင်းပေးရုံကလွဲပြီးကျနော် ဘာများတတ်နိုင်တော့မှာလဲဗျာ။

ဘယ်သူမှ အပြစ်မတင်လိုပါ။ ဘဝကံကြွေးကို ခုရွယ်ထိပေးဆပ်နေရတဲ့ အသက်(၇၇)နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ အဖိုးအိုတယောက် ဝမ်းစာရေးကိုပင်ပမ်းကြီး စွာလုပ်ကိုင်နေရတာတွေ့လို့တတ်နိုင်သလောက် လေးအကူညီပေးခဲ့မိပါတယ်။

သံဝေဂရစရာပါ မိဘတယောက်ဟာ သားသမီးများစွာကိုပြုစုလုပ်ကြွေးနိုင်ပေမဲ့.. သားသမီးတစုဟာ အတုံ့အလှည့် မပြန်နိုင်ကြတာကအင်မတန်ကိုဘဲ ဝမ်းနည်းစရာတခုပါ။ သူ့ကံနဲ့သူတော့မှန်ပါတယ်။

တန်ဖိုးအလွန်ကြီးမားတဲ့ မိဘနှစ်ပါးကိုတော့ မသေခင် တတ်နိုင်သလောက် ကိုယ်အငါတ်ခံပြီးပြုစု လုပ်ကြွေးကာ မိဘကျေးဇူးတရားတွေကို ဆပ်ပေးကြပါလို့ လူငယ်များစွာကိုတိုက်တွန်းလိုက်ပါရစေခင်ဗျာ…။

#crd