Knowledge

အခုချိန်မှာ မြေကိုင်ထားချင်လို့ မြေကွက်ဝယ်မယ့်သူတွေ မသိမဖြစ် သိရမယ့် အချက် ၂၃ ချက်..

အခုချိန်မှာ မြေကိုင်ထားချင်လို့ မြေကွက်ဝယ်မယ့်သူတွေ မသိမဖြစ် သိရမယ့် အချက် ၂၃ ချက်..

ယနေ့ အချိန်မှာ လှုပ်ခတ်လာတဲ့ မြေဈေးကွက်နဲ့အတူ မြေကွက် အရောင်းအဝယ်တွေလည်း များပြားလာပြီ ဖြစ်ပါတယ်။ မြေကွက်ဝယ်ယူသူတွေ မသိမဖြစ် သိရမယ့် အချက် (၂၃) ချက်ကို ဖော်ပြလိုက်ပါတယ် – ၁။ မြေကွက်တည်နေရာနဲ့ အလားအလာ၊

၂။ မြေကွက်အမျိုးအစား၊ ၃။ မြေကွက်တန်ဖိုးဈေးနှုန်း (ဆိုဈေးနဲ့.. အလျှော့အတင်း အခြေအနေ) ၄။ မြေကွက်အကျယ်အဝန်း (နယ်နိမိတ် တိုင်းတာသတ်မှတ်တဲ့ မြေပုံနဲ့ တိုက်ဆိုင် စစ်ဆေးပြီး အမှန်တကယ်ရှိမရှိ လက်တွေ့ တိုင်းကြည့်ရန်)

၅။ အမည်ပေါက် ပိုင်ရှင်ကိုယ်တိုင် ရောင်းချခြင်း ဟုတ်မဟုတ်၊ ၆။ ပိုင်ဆိုင်မှုအဆင့်ဆင့်နဲ့ သက်ဆိုင်တဲ့ စာချုပ်၊ စာရွက်စာတမ်း အပြည့်အစုံမှု ရှိမရှိ၊ ၇။ ရောင်းသူဟာ အမှန်တကယ် ပိုင်ဆိုင်ခွင့်၊ ရောင်းချခွင့်ရှိသူ ဟုတ်မဟုတ်၊ ၈။ လိုအပ်ရင် အနည်းဆုံးလူနှစ်ဦးက လက်မှတ်ရေးထိုးပေးနိုင်ခြင်း ရှိမရှိ။

၉။ လိုအပ်ရင် ဝယ်ယူမယ့်အကြောင်းကို သတင်းစာမှာ ကြော်ငြာတာတွေ လက်ခံ၊ လက်မခံ၊ ၁၀။ လွှဲပြောင်း၊ ရောင်းချ၊ ပေါင်နှံ၊ စွန့်လွှတ်၊ လှူဒါန်း၊ အာမခံတင်သွင်းထားခြင်း ရှိမရှိ တို့ကို သိထားသင့်ပါတယ် ၁၁။ မြေကွက်အမှတ်၊ အိမ်အမှတ်၊ ၁၂။ မြေကွက်မျက်နှာ ပြုလုပ်ရာအရပ်၊

၁၃။ လမ်းပန်းဆက်သွယ်ရေးနဲ့ ကားဝင်နိုင်မှု အခြေအနေ ၁၄။ ရေဝပ်၊ မဝပ်နဲ့ ရေဆင်း ကောင်းမကောင်း၊ ၁၅။ သဘာဝဘေးအန္တရာယ်ကြောင့် ပေါ်ပေါက်နိုင်တဲ့ အန္တရာယ်ရှိမရှိ (မြစ်ရေကြီးတာတွေ၊ တာကျိုးရေလျှံတာတွေ၊ ထူးကဲဒီရေမြုပ်ခြင်း၊ မြစ်ရေ တိုက်စားတာတွေ၊ ပတ်ဝန်းကျင် မီးဘေးအန္တရာယ်ရှိမရှိ)၊ ၁၆။ လျှပ်စစ်မီးရှိမရှိ၊

၁၇။ ရေရှိမှု အခြေအနေ၊ ၁၈။ အနီးပတ်ဝန်းကျင်အခြေအနေ၊ ၁၉။ လမ်းမကြီး (ခရီး သည်တင်ဘတ်စ်ကားလိုင်း) က ဘယ်လောက်ကွာဝေးတယ်၊ ၂၀။ မိမိလုပ်ကိုင်မယ့် လုပ်ငန်းနဲ့ ကိုက်ညီမှုရှိမရှိ၊

၂၁။ အနီးဆုံးဈေးနဲ့ အနီးဆုံး ကျောင်းတွေ၊ ၂၂။ သစ်ပင်နဲ့စားပင်တွေ ပါဝင်မှု၊ ၂၃။ ပြန်ရောင်းရန် အလွယ်တကူ ပြန်ရောင်းရနိုင် မရနိုင် စတဲ့ အချက်အလက်တွေကို စိစစ်ဝယ်သူသင့်ပါတယ်။ (Kumudra)

Blacker

အခုခ်ိန္မွာ ေျမကိုင္ထားခ်င္လို႔ ေျမကြက္ဝယ္မယ့္သူေတြ မသိမျဖစ္ သိရမယ့္ အခ်က္ ၂၃ ခ်က္

ယေန႔ အခ်ိန္မွာ လႈပ္ခတ္လာတဲ့ ေျမေဈးကြက္နဲ႔အတူ ေျမကြက္ အေရာင္းအဝယ္ေတြလည္း မ်ားျပားလာၿပီ ျဖစ္ပါတယ္။ ေျမကြက္ဝယ္ယူသူေတြ မသိမျဖစ္ သိရမယ့္ အခ်က္ (၂၃) ခ်က္ကို ေဖာ္ျပလိုက္ပါတယ္ – ၁။ ေျမကြက္တည္ေနရာနဲ႔ အလားအလာ၊

၂။ ေျမကြက္အမ်ိဳးအစား၊ ၃။ ေျမကြက္တန္ဖိုးေဈးႏႈန္း (ဆိုေဈးနဲ႔ အေလွ်ာ့အတင္း အေျခအေန) ၄။ ေျမကြက္အက်ယ္အဝန္း (နယ္နိမိတ္ တိုင္းတာသတ္မွတ္တဲ့ ေျမပုံနဲ႔ တိုက္ဆိုင္ စစ္ေဆးၿပီး အမွန္တကယ္ရွိမရွိ လက္ေတြ႕ တိုင္းၾကည့္ရန္)။

၅။ အမည္ေပါက္ ပိုင္ရွင္ကိုယ္တိုင္ ေရာင္းခ်ျခင္း ဟုတ္မဟုတ္၊ ၆။ ပိုင္ဆိုင္မႈအဆင့္ဆင့္နဲ႔ သက္ဆိုင္တဲ့ စာခ်ဳပ္၊ စာ႐ြက္စာတမ္း အျပည့္အစုံမႈ ရွိမရွိ၊ ၇။ ေရာင္းသူဟာ အမွန္တကယ္ ပိုင္ဆိုင္ခြင့္၊ ေရာင္းခ်ခြင့္ရွိသူ ဟုတ္မဟုတ္၊ ၈။ လိုအပ္ရင္ အနည္းဆုံးလူႏွစ္ဦးက လက္မွတ္ေရးထိုးေပးႏိုင္ျခင္း ရွိမရွိ။

၉။ လိုအပ္ရင္ ဝယ္ယူမယ့္အေၾကာင္းကို သတင္းစာမွာ ေၾကာ္ျငာတာေတြ လက္ခံ၊ လက္မခံ၊ ၁၀။ လႊဲေျပာင္း၊ ေရာင္းခ်၊ ေပါင္ႏွံ၊ စြန႔္လႊတ္၊ လႉဒါန္း၊ အာမခံတင္သြင္းထားျခင္း ရွိမရွိ တို႔ကို သိထားသင့္ပါတယ္ ၁၁။ ေျမကြက္အမွတ္၊ အိမ္အမွတ္၊ ၁၂။ ေျမကြက္မ်က္ႏွာ ျပဳလုပ္ရာအရပ္၊

၁၃။ လမ္းပန္းဆက္သြယ္ေရးနဲ႔ ကားဝင္ႏိုင္မႈ အေျခအေန ၁၄။ ေရဝပ္၊ မဝပ္နဲ႔ ေရဆင္း ေကာင္းမေကာင္း၊ ၁၅။ သဘာဝေဘးအႏၲရာယ္ေၾကာင့္ ေပၚေပါက္ႏိုင္တဲ့ အႏၲရာယ္ရွိမရွိ (ျမစ္ေရႀကီးတာေတြ၊ တာက်ိဳးေရလွ်ံတာေတြ၊ ထူးကဲဒီေရျမဳပ္ျခင္း၊ ျမစ္ေရ တိုက္စားတာေတြ၊ ပတ္ဝန္းက်င္ မီးေဘးအႏၲရာယ္ရွိမရွိ)၊ ၁၆။ လွ်ပ္စစ္မီးရွိမရွိ၊

၁၇။ ေရရွိမႈ အေျခအေန၊ ၁၈။ အနီးပတ္ဝန္းက်င္အေျခအေန၊ ၁၉။ လမ္းမႀကီး (ခရီး သည္တင္ဘတ္စ္ကားလိုင္း) က ဘယ္ေလာက္ကြာေဝးတယ္၊ ၂၀။ မိမိလုပ္ကိုင္မယ့္ လုပ္ငန္းနဲ႔ ကိုက္ညီမႈရွိမရွိ၊

၂၁။ အနီးဆုံးေဈးနဲ႔ အနီးဆုံး ေက်ာင္းေတြ၊ ၂၂။ သစ္ပင္နဲ႔စားပင္ေတြ ပါဝင္မႈ၊ ၂၃။ ျပန္ေရာင္းရန္ အလြယ္တကူ ျပန္ေရာင္းရႏိုင္ မရႏိုင္ စတဲ့ အခ်က္အလက္ေတြကို စိစစ္ဝယ္သူသင့္ပါတယ္။ (Kumudra)

Blacker