ဓမ္မာ၊ သောက၊ အင်းဝ၊ ရာဇာ အတွဲလေးတွေ လက်ထပ်မိရင် အိမ်ထောင်ရေး အဆင်မပြေတာ၊ စီးပွါးမတက်တာ၊ ကျန်းမာရေး ညံ့ဖျင်းတာတွေ ဖြစ်တတ်တယ်လို့လည်း အယူရှိပါတယ်နေ့နံမတည့်တဲ့ စုံတွဲလေးတွေ အိမ်ထောင်ရေး အဆင်ပြေစေဖို့သမီးရည်းစား
ချစ်သူဘဝမှာ ဘာနေ့သား၊ ဘာနေ့သမီး ဆိုတာတွေက သိပ်အရေးမကြီးပေမယ့် အိမ်ထောင်ရေးအတွက်ကတော့ နေ့နံတွေက အရေးကြီးလှပါတယ်။မြန်မာ အယူအဆမှာတော့ ဓမ္မာ၊ သောက၊ အင်းဝ၊ ရာဇာ ဆိုပြီးလက်တွဲဖို့ မသင့်တော်တဲ့ မောင်နှံလေးတွေ သတ်မှတ်ထားပါတယ်။
ဓမ္မာ၊ သောက၊ အင်းဝ၊ ရာဇာ အတွဲလေးတွေ လက်ထပ်မိရင် အိမ်ထောင်ရေး အဆင်မပြေတာ၊ စီးပွါးမတက်တာ၊ ကျန်းမာရေး ညံ့ဖျင်းတာတွေ ဖြစ်တတ်တယ်လို့လည်း အယူရှိပါတယ်။
ဒါပေမယ့် အစွမ်းထက်တဲ့ ယတြာတွေနဲ့ ကာကွယ်လို့ ရတာမို့ Marry ရဲ့ မောင်နှံလေးတွေထဲက ဓမ္မာ၊ သောက၊ အင်းဝ၊ ရာဇာ အတွဲလေးတွေအတွက် အိမ်ထောင်ရေး ပြဿနာတွေကို ကြိုတင်ကာကွယ်ဖို့နဲ့ နောက်ပိုင်း အိမ်ထောင်ရေး သာယာစေဖို့ အတွက် အစီအရင် ယတြာလေးတွေ အကြောင်း ပြောပြပေးချင်ပါတယ်။
ဓမ္မာ မောင်နှံ အတွဲလေးတွေ
စနေနေ့နံ သားသမီး နဲ့ ကြာသပတေးနေ့နံ သားသမီး အိမ်ထောင်ပြုချင်ပါကပိတောက်သား နဲ့ (၁၂)လက်မ အလျားရှိ သစ်သား (၂)ခု ကို ရွှေချ ပြီး ထိပ်အသီးသီး မှာ ဖဲကြိုးနီ နဲ့ ရစ်ပတ်ကာ မင်္ဂလာမောင်နှံ နေတဲ့အခန်း (သို့) နေအိမ် ရဲ့ အမြင့်တစ်နေရာ မှာ ပူးတွဲ ချိတ်ဆွဲ ပေးထားပါ ။
တနင်္ဂနွေနေ့ မနက် (၁၁)နာရီ (၄၅)မိနစ် မှာ ပြုလုပ် ရမှာ ဖြစ်ပါတယ် ။သောက မောင်နှံ အတွဲလေးတွေတနင်္လာနေ့နံ သားသမီး နဲ့ သောကြာနေ့နံ သားသမီး အိမ်ထောင်ပြု ချင်ပါက(၈)
လက်မ ရှိတဲ့ ကသစ်သား (၂)ချောင်းကို ဖြတ်ပြီး ရွှေချကာ ဖဲကြိုး အဝါ ဖြင့် ပူးတွဲ ချည်နှောင်ကာ မင်္ဂလာမောင်နှံ နေတဲ့အခန်း (သို့) နေအိမ် ရဲ့ အမြင့်တစ်နေရာ မှာ ပူးတွဲ ချိတ်ဆွဲ ပေးထားပါ ။
တနင်္လာနေ့ မနက် (၆) နာရီ (၂၀) မိနစ် မှာ ပြုလုပ် ရမှာ ဖြစ်ပါတယ်အင်းဝ မောင်နှံ အတွဲလေးတွေတနင်္ဂနွေနေ့နံ သားသမီး နဲ့ ဗုဒ္ဓဟူးနေ့နံ သားသမီး အိမ်ထောင်ပြုချင်ပါက(၅) လက်မ
အလျား ရှိတဲ့ ဝင်အူသားသစ်(၂) ချောင်း ကို ရွှေချကာ အပြာရင့်ရောင် ဖဲကြိုးနဲ့ ပူးတွဲချည်နှောင်ပြီး မင်္ဂလာမောင်နှံ နေတဲ့အခန်း (သို့) နေအိမ် ရဲ့ အမြင့်တစ်နေရာမှာ ပူးတွဲ ချိတ်ဆွဲပေးထားပါ ”
ဗုဒ္ဓဟူးနေ့ မွန်းလွဲ (၁)နာရီ (၄၅) မိနစ် မှာ ပြုလုပ် ရမှာ ဖြစ်ပါတယ်ရာဇာ မောင်နှံ အတွဲလေးတွေဗုဒ္ဓဟူးနေ့နံ သားသမီး နဲ့ အင်္ဂါနေ့နံသားသမီး အိမ်ထောင်ပြု ချင်ပါက(၅) လက်မ အလျားရှိတဲ့ ဝင်အူသား..
သစ်(၂)ချောင်း ကို အစိမ်းရောင် ဖဲကြိုး နဲ့ ပူးတွဲ ချည်နှောင်ပြီး မင်္ဂလာမောင်နှံ နေတဲ့အခန်း (သို့) နေအိမ် ရဲ့ အမြင့်တစ်နေရာမှာ ပူးတွဲ ချိတ်ဆွဲပေးထားပါ ။အင်္ဂါနေ့ မနက် (၉) နာရီ (၉)မိနစ် မှာ ပြုလုပ် ရမှာ ဖြစ်ပါတယ် ။”
Credit