Knowledge

စုန်းစုတ်တယ်လို့ပြောကြလို့ ဒီပိုစ့်လေးနဲ့ အသိပေးအပ်ပါတယ်နော်

စုန်းစုတ်တယ်လို့ပြောကြလို့ ဒီပိုစ့်လေးနဲ့အသိပေးအပ်ပါတယ်နော်

ခန္တာကိုယ်ပေါ်မှာ အညိုကွက် အမဲကွက်တွေပေါ်လာရင် တော်တော်များများကစုန်းစုတ်တယ်လို့ပြောကြလို့ ဒီပိုစ့်လေးနဲ့

အသိပေးအပ်ပါတယ်နော်

ကိုယ်သာစုန်းဆိုရင်ကော မရွံမရှာလိုက်စုတ်နေပါ့မလား..တတ်ထားတဲ့ပညာနဲ့လုပ်မှာပေါ့နော်။

“အရေပြားပေါ်မှာ အညိုအမည်းကွက်တွေပေါ်ရတဲ့ အကြောင်းအရင်းများ”

တခါတလေ ဘာမှတိုက်မိခိုက်မိတာမရှိဘဲနဲ့ အရေပြားပေါ်မှာ အညိုအမည်းကွက်တွေပေါ်လာရင် ဘာကြောင့်လဲ၊ ဘယ်လိုပျောက်အောင်လုပ်ရမလဲ စဉ်းစားရခက်နေတာမျိုးဖြစ်ရပါတယ်။ ဒီလို အညိုကွက်တွေဖြစ်ရတာ

အကြောင်းရင်းတချို့ကြောင့်ဖြစ်နိုင်ပြီး သင့်ရဲ့ကျန်းမာရေးအခြေအနေနဲ့လည်း တိုက်ရိုက်ပတ်သက်နေပါတယ်။ ဒီတော့ အရေပြားပေါ်မှာ အညိုအမည်းကွက်တွေပေါ်ရတဲ့ အကြောင်းရင်းနဲ့ သင့်ရဲ့ကျန်းမာရေးအခြေအနေကိုသိရဖို့ ဖတ်ကြည့်လိုက်ပါဦးနော်။

(၁) အလေးချိန်များတဲ့ပစ္စည်းတွေမခြင်းကြောင့်တခါတရံ အရမ်းလေးတဲ့ပစ္စည်းတွေ မ,လိုက်တဲ့အခါမျိုးမှာ ခန္ဓာကိုယ်ထဲက ဆံချည်မျှင်သွေးကြောလေးတွေ ပြတ်သွားပြီး အရေပြားပေါ်မှာ

အညိုအမည်းကွက်တွေဖြစ်လာရခြင်းဖြစ်ပါတယ်။ သင့်ခန္ဓာကိုယ်က ခံနိုင်တာထက်ပိုတဲ့ အလုပ်တွေလုပ်မိသွားပြီဆိုတဲ့ အဓိပ္ပါယ်ဖြစ်တာကြောင့် နောက်ဆို ဒီလို လေးပင်တာတွေမ,တဲ့အခါ ဆင်ခြင်လိုက်ပါ။

(၂) ဆေးတစ်မျိုးမျိုးသောက်ခြင်းကြောင့်

သံဓာတ်အားဖြည့်ဆေး၊ အရောင်လျော့ဆေးနဲ့ အကိုက်အခဲပျောက်ဆေးတွေသောက်ထားတာကြောင့်လည်း ဒီလို အညိုကွက်

တွေဖြစ်တတ်ပါတယ်။

သင့်အနေနဲ့ ဆေးသောက်ထားတဲ့နေ့တွေမှာ အဲ့ဒီလို အညိုအမည်းကွက်တွေဖြစ်လာတယ်လို့ သတိထားမိတယ်ဆိုရင်တော့ ခန္ဓာကိုယ်အတွင်းပိုင်းသွေးကြောတွေမှာ သွေးယိုစီးမှုတွေဖြစ်နေနိုင်တာကြောင့် ဆရာ၀န်နဲ့သေချာပြသပြီး စစ်ဆေးသင့်ပါတယ်။

(၃) သွေးရောဂါတစ်ခုခုကြောင့်

အရေပြားပေါ်က အညိုအမည်းကွက်တွေဟာ သွေးရောဂါတစ်ခုခုကြောင့်ဖြစ်တယ်ဆိုရင် အဲ့ဒီအညိုအမည်းကွက်တွေပေါ်လာတဲ့အချိန်မှာ ခြေထောက်ရောင်ရမ်းနာကျင်တာ၊ သွားဖုံးသွေးယိုတာ ၊ နှာခေါင်းသွေးထွက်တာနဲ့ အရေပြားအပေါ်လွှာမှာ သွေးကြောပြတ်ရာလေးတွေတွေ့နေရပြီဆိုရင်တော့ သွေးကင်ဆာလိုရောဂါမျိုးကြောင့် ဖြစ်နေနိုင်တာမို့ ချက်ချင်းဆေးစစ်ဖို့လိုပါတယ်။

(၄) အာဟာရဓာတ်လိုအပ်နေခြင်းကြောင့်

ခန္ဓာကိုယ်ထဲမှာ ဗီတာမင်ဓာတ်တစ်မျိုးမျိုး ချို့တဲ့နေတဲ့အချိန်မှာလည်း အရေပြားပေါ်မှာ အညိုအမည်းကွက်တွေဖြစ်လာတတ်ပါတယ်။

ဗီတာမင်၊ အာဟာရဓာတ်ချို့တဲ့မှုကြောင့် ဖြစ်လာတဲ့ အညိုအမည်းကွက်တွေကတော့ ထိလိုက်ရင် နာကျင်မှုမရှိပါဘူး။ ဒီအခြေအနေဆိုရင်တော့ သင့်ခန္ဓာကိုယ်ထဲမှာ ဗီတာမင် B12 ၊ ဗီတာမင် ကေ နဲ့ ဗီတာမင် စီ အဓိကလိုအပ်နေတာပါ။

(၅) ဟော်မုန်းမညီမျှမှုကြောင့်

ခန္ဓာကိုယ်ထဲမှာ ဟော်မုန်းပမာဏ မညီမျှခြင်းကြောင့်လည်း အရေပြားပေါ်မှာ အညိုကွက်တွေဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေမှာ အီစထရိုဂျင်ဟော်မုန်း နည်းနေမယ်ဆိုရင် ဆံချည်မျှင်သွေးကြောလေးတွေကို အားနည်းစေပြီး ပြတ်ထွက်တဲ့အထိဖြစ်စေနိုင်ပါတယ်။

(၆) အရေပြားတစ်သျှူးတွေအားနည်းခြင်းကြောင့်

အသက်ကြီးလာတဲ့အချိန်မှာ အရေပြားတစ်သျှူးတွေက အားနည်းလာပြီး ကျုံ့ဆန့်နိုင်စွမ်းလည်း နည်းလာပါတယ်။ အဲ့ဒီအခါ အရေပြားအောက်မှာရှိတဲ့ သွေးကြောလေးတွေလည်း အားနည်းလာပြီး ပြတ်လွယ်လာတာကြောင့် အဲ့ဒီနေရာတွေမှာ အညိုကွက်တွေဖြစ်လာပါတယ်။

(၇) ဆီးချိုရောဂါကြောင့်

အရေပြားပေါ်က အညိုအမည်းကွက်တွေဟာ ဆီးချိုရောဂါရဲ့ရှေ့ပြေးလက္ခဏာဖြစ်နေနိုင်ပါတယ်။ သွေးထဲမှာ သကြားဓာတ်များနေတဲ့အခါ သွေးလှည့်ပတ်မှုကို ကမောက်ကမဖြစ်စေနိုင်ပြီး အရေပြားပေါ်မှာ အညိုအမည်းကွက်တွေလွယ်လွယ်ဖြစ်စေနိုင်ပါတယ်။

တခါတလေ ထိခိုက်မှုက မပြင်းထန်ပေမယ့် အညိုကွက်က အကြီးကြီးပေါ်နေတာမျိုး၊ အနာမကျက်လွယ်တာမျိုး၊ အရေပြားပေါ်မှာ အဖြူရောင်အကွက်လေးတွေဖြစ်တာမျိုးနဲ့ မျက်စိမှုန်တာတွေ တပြိုင်တည်းဖြစ်နေရင်တော့ ဆီးချိုရောဂါဖြစ်နိုင်ချေများနေတာကြောင့် ဆရာ၀န်နဲ့ပြသင့်ပါပြီ။

Credit