Sanomia
unicode
Wow ဘတ်ငွေ သန်း(၂၀) မြန်မာငွေ ကျပ်သိန်းပေါင်း (၁၁,၄၀၀) တန်ဖိုးရှိတဲ့ ပိန်းပင်တဲ့ဗျာ..
ထိုင်းနိုင်ငံက ပိန်းပင်ဈေးကွက်ကို လှုပ်ခတ်သွားပြီး သတင်းဌာန အတော်များများက တင်ပြနေကြတဲ့ ပိန်းပင်အမည်က Colocasia Psylocke ဖြစ်ပါတယ်။
ပိန်းပင်ပိုင်ရှင်က မိခင်အပင်ကို ဘတ် ၂၀ သန်း (လက်ရှိငွေလဲနှုန်းအရ မြန်မာငွေ ကျပ်သိန်း ၁၁,၄၀၀ ခန့်) ဈေးဖွင့်ထားပြီး ဘတ် ၁၅ သန်းအထိ ဈေးပေးပေမယ့် အရောင်းမဖြစ်ခဲ့ပါ။
ပိန်းပင်ပိုင်ရှင်က မိခင်အပင်ကို အလွန်ချစ်ခင်မြတ်နိုးတာက တစ်ကြောင်း မိခင်အပင် သားတက် အပင်သေးလေး တစ်ပင်ကို
ဘတ်ငွေ ၁ သန်း (ကျပ် သိန်း ၅၇၀) မှ ၁ သန်းခွဲ (ကျပ် သိန်း ၈၀၀ ကျော်) နဲ့ ရောင်းနေရလို့ အရောင်းအဝယ် မဖြစ်တာဖြစ်ပါတယ်။
Colocasia Psylocke ပိန်းပင်ပိုင်ရှင်က ထိုင်းနိုင်ငံ ဖိစနုလို့ခ်ခရိုင် နေထိုင်သူ အသက် ၄၇ နှစ်အရွယ် ဖေ့ခ်ျဘွား ယော့တ်ဖိုင်းဘွန်း ဖြစ်တယ်။
ပိန်းပင် ၂ ပင်မျိုးကို ဝတ်မှုံကူးလို့ရလာတဲ့ မျိုးသစ်ဖြစ်ပါတယ်။
Colocasia Black Coral အဖိုဝတ်မှုံနဲ့ Colocasia White Lava အမဝတ်မှုံတို့ကို ကူးပြီး ဖြစ်လာတာဖြစ်ပြီး အလှစိုက်ပိန်းပင်များဖြစ်ပါတယ်။
ယခုနောက်ပိုင်း Indoor Plant စိုက်တာတွေ ခေတ်စားလာတာနဲ့အမျှ ဈေးကွက်တဖြည်းဖြည်းကြီးလာပြီး
ယင်းကဲ့သို့ တန်ဖိုးကြီးအပင်များကို ဝါသနာရှင်များနဲ့ ကြွယ်ဝချမ်းသာသူများက အလှစိုက်ကြပါတယ်။
Sanomia