ပြည်တွင်းရွှေဈေး စံချိန်တင် မြင့်တက်လာချိန်မှာပဲ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း YGEA က ရည်ညွှန်းဈေးအောက်မှာသာ ရောင်းဝယ်ကြဖို့နဲ့ ကောဟာဟလတွေ လွှင့်ပြီး ဈေးကစားတာမျိုး မလုပ်ဖို့ ပန်ကြားလွှာ ထုတ်ပြန်လိုက်ပါတယ်
လက်ရှိ ရွှေဈေးကွက်မှာ အခြေအမြစ် မရှိတဲ့ ကောလာဟလတွေ သတင်းအမှားတွေနဲ့ ရွှေဈေးကစားပြီးတော့ ဈေးနှုန်းကို ဆွဲတင်၊ ဆွဲချ လုပ်နေပြီး သတင်းအဖြစ်အပျက် အမှန်တွေကို
ဌာနဆိုင်ရာတွေက စုံစမ်းစစ်ဆေးပြီး အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း YGEA က ဆိုပါတယ်။
“အဓိကတော့ ကောလာဟလတွေပါပဲ။ ကောလာဟလတွေ အမျိုးမျိုးလွှင့်ပြီး ဈေးနှုန်းဆွဲတင်နေကြတာပေါ့။ ကောလာဟလ မရှိရင် ဘာမှမဖြစ်ပါဘူး။ ကောလာဟလတွေကြောင့် ဈေးတက်နေတာ” လို့ YGEA ဥက္ကဋ္ဌ ဦးမျိုးမြင့်က သတင်းမီဒီယာတွေကို ပြောပါတယ်။
ဒါ့အပြင် ဌာနဆိုင်ရာတွေအနေနဲ့ လိုင်စင်ပိတ်သိမ်းတဲ့အထိ လုပ်လို့ ရပြီး YGEA ရွှေအသင်းအနေနဲ့ကတော့ ဈေးနှုန်း သတ်မှတ်ပေးတာပဲ ရှိကြောင်း၊ ကောလာဟလသတင်းတွေနဲ့ ရွှေဈေးကို ဆွဲတင်နေတာ ဖြစ်ပြီး ရွှေက မြန်မာပြည်ကနေလည်း ထွက်ရှိကြောင်း ဦးမျိုးမြင့်က ပြောဆိုထားပါတယ်။
ဒီနေ့ ရန်ကုန်ရွှေအသင်း YGEA က ထုတ်ပြန်တဲ့ ရည်ညွှန်းရွှေဈေးက တစ်ကျပ်သားကို ကျပ် ၃၈ သိန်းနီးပါးမှာ ရှိနေပြီး ပြင်ပရွှေဈေးကတော့ ကျပ် ၄၁ သိန်းဝန်းကျင်အထိ စံချိန်တင် မြင့်တက်နေတယ်လို့ သိရပါတယ်။ Ref: YGEA