မတ်လ ၁၃ ၊ ၂၀၂၄ (ဗုဒ္ဓဟူးနေ့) ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်း ဖော်ပြလိုက်ပါသည်။
အမေရိကန်ဒေါ်လာ 3625 – 3665
ဥရောပယူရို 3880 – 3970
ဗြိတိသျှစတာလင်ပေါင် 4560 – 4680
သြစတြေးလျဒေါ်လာ 2350 – 2420
ဂျပန်ယန်း 24.20 – 25.30
တောင်ကိုရီးယားဝမ် 2.70 – 2.75
အိန္ဒိယရူပီး 43.30 – 44.20
စင်ကာပူဒေါ်လာ 2680 – 2740
မလေးရှားရင်းဂစ် 760 – 785
တရုတ်ယွမ် 490 – 510
ထိုင်းဘတ် 100.60 – 102.70
ယနေ့ ရန်ကုန်မြို့ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် 4085,000 – 4105,000 ခန့် ရှိပြီး နောက်ပိုင်းတွင် 4110,000 – 4120,000 အထိ ဆက်တက်လာသည်။ ၁၅ ပဲရည် ရွှေဈေးမှာ ကျပ် 3880,000 ခန့် ဖြစ်သည်။
ယမန်နေ့ (အင်္ဂါနေ့) က ရွှေဈေးသည် ကျပ် 4050,000 – 4070,000 ဖြင့် ဈေးစဖွင့်ခဲ့ပြီးနောက် 4082,000 မှ 4095,000 – 4100,000 အထိ ဆက်တိုက် မြင့်တက်ကာ စံချိန်သစ်ဈေးအထိ ရောက်ရှိခဲ့သည်။
ပြည်တွင်းရွှေဈေး ကျပ် ၄၁ သိန်းအထိ စံချိန်တင် မြင့်တက်လာသည့်နောက် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ကောလာဟလွှင့် ဈေး မကစားကြရန်နှင့် YGEA ၏ ရည်ညွှန်းဈေးအောက်တွင်သာ ရောင်းဝယ်ကြရန် ပန်ကြားလွှာ ထုတ်ပြန်ခဲ့သည်။
ယနေ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ထုတ်ပြန်သည့် အဖွင့်ဈေးနှုန်းသည် ကျပ် 3795,800 ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် 2160 ဒေါ်လာခန့် ဖြစ်သည်။ (ကမ္ဘာ့ရွှေဈေး ပြန်ကျလာသည်)
ရွှေအသင်း YGEA ၏ ဈေးကွက်ဈေးနှုန်းကို AD လိုင်စင်ရဘဏ်များအကြား Online Trading လုပ်သော ဒေါ်လာဈေးဖြင့် တွက်ချက် ထုတ်ပြန်ခြင်း ဖြစ်သည်။