News

ဒေါ်လာပြန်အတက်မှာ စျေးဆွဲတင်မှုတွေရှိပြီး ရွှေဆိုင်တွေ အရောင်းအဝယ်အေးနေ

စက်တင်ဘာလအတွင်း အမေရိကန်ဒေါ်လာ တဖြည်းဖြည်း ပြန်ကျလာပြီးနောက် တဒေါ်လာ ၄၈၀၀ ကျပ် ဈေးဖြစ်နေရာမှ ၅၂၀၀ ကျပ်အထိ တက်သွားခဲ့ပါတယ်။

လက်ရှိစျေးကွက်မှာတော့ ၅၂၀၀-၅၄၀၀ ဝန်းကျင်မှာ အရောင်းအဝယ် လုပ်နေကြပြီး ဒေါ်လာပြန်အတက်ကို စျေးဆွဲတင်မှုတွေ ရှိနေတယ်လို့ သိရတယ်။ ဒေါ်လာ ဝယ်လိုအားပေါ်

တချက်စောင့်ကြည့်နေကြကာ ဗဟိုဘဏ်ဘက်က ဒေါ်လာ ထပ်မံ ထုတ်ရောင်းမှု ရှိမရှိကလည်း စျေးကွက်အပေါ် သက်ရောက်မှာပါ။

ကမ္ဘာ့ရွှေဈေး ၁ အောင်စလျှင် ဒေါ်လာ ၂၅၀၀ ကျော်အထိ အမြင့်ဈေးရှိနေကာ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင် များ အသင်းရဲ့ အကယ်ဒမီ အခေါက်ရွှေ ရည်ညွှန်းစျေးက ကျပ် သိန်း ၅,၀၄၄,၈၉၇ ဖြစ်ပါတယ်။

ဒီရက်ထဲ ရွှေဈေးတွေ တက်လိုက်ကျလိုက်ဖြစ်နေပေမယ့် ရွှေဆိုင်တွေရဲ့ အရောင်းအဝယ် ဈေးကွက်က အေးနေတယ်လို့ ရန်ကုန်မြို့ ရွှေလုပ်ငန်းရှင်တွေထံက သိရပါတယ်။

ပြည်တွင်းမှာ ဒေါ်လာဈေးက အတက်အကျ အရမ်းကြမ်းနေခြင်းကြောင့် ပြင်ပရွှေစျေးကလည်း အတက်အကျ ကြမ်းနေခြင်းဖြစ်ပေမယ့် အရောင်းအဝယ်ပိုင်းအပေါ် သက်ရောက်မှုကြီးစေတာမျိုး မရှိပါဘူး။

လက်ရှိမှာ ဆိုင်တွေကိုပေးရမယ့် ရောင်းစျေး ဝယ်စျေး စျေးခွာမှုအပြင် အကယ်ဒမီ အခေါက်ရွှေ ဝယ်ယူသည်ဖြစ်စေ၊ လက်ဝတ်ရတနာ ဝယ်ယူသည်ဖြစ်စေ အခွန် ၃ ရာခိုင်နှုန်း ဝယ်သူဘက်မှ ပေးဆောင်ရမှာဖြစ်တာကြောင့်လည်း အရောင်းအဝယ်ကို ပိုမို ချင့်ချိန်လာကြတဲ့ အနေအထားဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *