News

Dollar price for today Thursday (14.3.2024) Gold prices and foreign exchange rates

မတ်လ ၁၄ ၊ ၂၀၂၄ (ကြာသပတေးနေ့) ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်း ဖော်ပြလိုက်ပါသည်။

အမေရိကန်ဒေါ်လာ 3625 – 3660 > 3640 – 3670
ဥရောပယူရို 3860 – 3950

ဗြိတိသျှစတာလင်ပေါင် 4550 – 4650
သြစတြေးလျဒေါ်လာ 2300 – 2370
ဂျပန်ယန်း 24.50 – 25.40 > 24.80 – 25.50

တောင်ကိုရီးယားဝမ် 2.70 – 2.80
အိန္ဒိယရူပီး 43.30 – 44.20

စင်ကာပူဒေါ်လာ 2690 – 2740
မလေးရှားရင်းဂစ် 750 – 780
တရုတ်ယွမ် 485 – 500
ထိုင်းဘတ် 101.80 – 103.50

ယနေ့ ရန်ကုန်မြို့ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် 4085,000 – 4105,000 ဝန်းကျင်နှင့် ဈေးစဖွင့်ပြီး နေ့ခင်းပိုင်းတွင် 4115,000 မှ 4123,000 – 4142,000 အထိ ဆက်တိုက် မြင့်တက်လာသည်။ ၁၅ ပဲရည် ရွှေဈေးမှာ ကျပ် 3890,000 ခန့် ဖြစ်သည်

ယမန်နေ့ (ဗုဒ္ဓဟူးနေ့) က ရွှေဈေးသည် ကျပ် 4085,000 – 4105,000 ဖြင့် ဈေးစဖွင့်ခဲ့ပြီးနောက် 4110,000 မှ 4120,000 အထိ ဆက်တိုက် မြင့်တက်ကာ နောက်ထပ် စံချိန်သစ်သို့ ရောက်ရှိခဲ့သည်။

ပြည်တွင်းရွှေဈေး ကျပ် ၄၁ သိန်းအထိ စံချိန်တင် မြင့်တက်လာသည့်နောက် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ကောလာဟလွှင့် ဈေး မကစားကြရန်နှင့် YGEA ၏ ရည်ညွှန်းဈေးအောက်တွင်သာ ရောင်းဝယ်ကြရန် ပန်ကြားလွှာ ထုတ်ပြန်ခဲ့သည်။

ယနေ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ထုတ်ပြန်သည့် အဖွင့်ဈေးနှုန်းသည် ကျပ် 3799,500 ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် 2172 ဒေါ်လာခန့် ဖြစ်သည်။ (ကမ္ဘာ့ရွှေဈေး ပြန်တက်သည်)

ရွှေအသင်း YGEA ၏ ဈေးကွက်ဈေးနှုန်းကို AD လိုင်စင်ရဘဏ်များအကြား Online Trading လုပ်သော ဒေါ်လာဈေးဖြင့် တွက်ချက် ထုတ်ပြန်ခြင်း ဖြစ်သည်။