News

world gold market Reasons why Burmese gold prices have risen to a record high

Hyperinflation ဆိုသည်မှာ ငွေကြေးဖောင်းပွမှု အလွန်အကျွံ မြင့်တက်ခြင်းကို ဆိုလိုသည်။ သတ်မှတ်အဆင့်ကို အထိန်းအချုပ်မဲ့ ကျော်လွန်ပြီး ဖောင်းပွမှု ဖြစ်လာခြင်း ဖြစ်သည်။

စီးပွားရေးပညာရှင်များက ဖြစ်ပုံဖြစ်ရပ်ကို လေ့လာဆန်းစစ်၍ တစ်လအတွင်း ၅၀ ရာခိုင်းနှုန်းနှင့် အထက် ငွေကြေးဖောင်းပွမှု ဖြစ်ပေါ်ခြင်းကို ဟိုက်ပါအင်ဖလေးရှင်းအဆင့်ဟု သတ်မှတ်ထားကြသည်။ ငွေကြေးဖောင်းပွမှု အထိန်းအချုပ်မဲ့ မြင့်တက်လာလျှင် ၎င်းငွေကြေးအပေါ် ယုံကြည်မှု ကင်းမဲ့လာစေမည်

၂၁ ရာစု၏ ဟိုက်ပါအင်ဖလေးရှင်း ဥပမာပေးဖြစ်ရပ်ကတော့ ၂၀၀၀ ခုနှစ်တုန်းက ဇင်ဘာဘွေနိုင်ငံတွင် ဖြစ်ခဲ့သည်။ ငွေကြေးဖောင်းပွမှု အထွဋ်အထိပ် မြင့်တက်လာပြီး ၂၀၀၈ ခုနှစ် နိုဝင်ဘာလလယ်ပိုင်းလောက်တွင် လစဉ်ငွေကြေးဖောင်းပွမှု ရာခိုင်နုန်း ၆ ဘီလီယံ % ခန့် မယုံနိုင်စရာကောင်းလောက်အောက် မြင့်တက်လာခဲ့သည်။

ဟိုက်ပါအင်ဖလေးရှင်း ဖြစ်ရပ်သည် စစ်ပွဲအပြီး ပြန်လည်ထူထောင်ရေးလုပ်ဆောင်နေသော နိုင်ငံများတွင် တိုင်းပြည် ဆင်းရဲခြင်းကြောင့် ဖြစ်ပေါ်လေ့ရှိသော်လည်း ဖွံ့ဖြိုး တိုးတက်ပြီး နိုင်ငံများတွင်ပါ တွေ့လာရသည်။

ပထမကမ္ဘာစစ်အပြီး ဂျာမနီနိုင်ငံတွင် ဖြစ်ပေါ် ခဲ့သောဟိုက်ပါအင်ဖလေးရှင်းကတော့ ၁၉၂၂ ခုနှစ် သြဂုတ်လမှ စပြီး ၁၉၂၃ ခုနှစ် နိုဝင်ဘာလအထိ လစဉ်လတိုင်း ပျမ်းမျှ ငွေကြေးဖောင်းပွမှု နုန်း ၄ ဆ နုန်းဖြင့် ဖောင်းပွလာခဲ့ခြင်း ဖြစ်သည်။ ၁၉၂၃ ခုနှစ် အောက်တိုဘာလတွင် တစ်ရက်တည်းအတွင်း ငွေဖောင်းပွမှုနှုန်း ၄၀ % ဖြင့် စံချိန်တင်ခဲ့ပြီး ‘Weimar Hyperinflation’ ဟု အမည်တွင်ခဲ့သည်။

ဟိုက်ပါအင်ဖလေးရှင်းဖြစ်စေသော အဓိက အကြောင်းရင်းကတော့ ငွေစက္ကူ များကို ဖောဖောသီသီ ရိုက်ထုတ်ပေးပြီး Money Supply ကို အလွန်အကျူး များလာစေခြင်း ဖြစ်သည်။ ငွေစက္ကူ ရိုက်ထုတ်မှု ဖြစ်စေသော အကြောင်းရင်းကတော့ တိုင်းပြည်၏ ဘတ်ဂျက်လိုငွေကို ဖြည့်တင်းဖို့ပင်ဖြစ်သည်။

ဟိုက်ပါအင်ဖလေးရှင်းဖြစ်ပေါ်လာလျှင် Purchasing power ကျဆင်းစေသည်။ စီးပွားရေးကို ဟန်ချက် မညီစေတော့ဘဲ စီးပွားရေးသံသရာအကျဘက် ဦးတည်စေနိုင်ပြီး ရွှေဈေးနှုန်းကို မြင့်တက်စေနိုင်သည်။

သမိုင်းကြောင်းအရတော့ ဟိုက်ပါအင်ဖလေးရှင်းဖြစ်ရပ်သည် ဗဟိုဘဏ်က ရိုက်ထုတ်ထားသော ငွေစက္ကူ များနေရာတွင် ရွှေကဲ့သို့ အဖိုးတန် တွင်းထွက်များကို ငွေကြေးအဖြစ်အစားထိုးခဲ့ကြသည်။ ငွေစက္ကူ သည် လိုချင်သလောက် ရိုက်ထုတ်၍ ရသည်ဖြစ်ရာ ရွှေ ၊ ငွေတို့နှင့် တန်ဖိုးချင်း တန်းတူရည်တူ သတ်မှတ်ထားလို့ မရနိုင်ပါချေ ။

ဟိုက်ပါအင်ဖလေးရှင်းသည် ယေဘုယျသဘောတရားအားဖြင့် ရွှေ ဈေးနုန်းကို မြင့်တက်စေသည်။ ငွေကြေးဖောင်းပွမှု အနည်းငယ် ၊ မဆိုစလောက်ပဲရှိသော အခြေအနေမျိုးတွင် ရွှေကို ဝယ်စုခြင်းက မထိရောက်နိုင်သော်လည်း ငွေကြေးဖောင်းပွမှု အလွန်အကျွံ ဖြစ်ပေါ်နေချိန်တွင် ရွှေ ဝယ်စုထားခြင်းသည် ဆုံးရှုံးမှုကို ကာကွယ်နိုင်ရုံသာမက ပြည့်စုံသော ရင်းနှီးမြုပ်နှံမှု တစ်ရပ်လည်း ဖြစ်မည်။

ဟိုက်ပါအင်ဖလေးရှင်းဖြစ်လာလျှင် နိုင်ငံသုံးငွေကြေးအပေါ် ယုံကြည်မှု လျော့ပါးစေပြီး အဖိုးတန် တွင်းထွက်များ ၊ ပိုမို ခိုင်မာသော နိုင်ငံခြားငွေကြေးများနှင့် အိမ်ယာမြေ များအပေါ် Safe haven ဝယ်စုခြင်း ဖြစ်စေသည်။ အထူးသဖြင့် အမေရိကန်နိုင်ငံတွင် ၁၉၇၀ ခုနှစ်ဝန်းကျင်တုန်းက ငွေကြေးဖောင်းပွမှှု နှစ်ဆ မြင့်တက်ခဲ့စဉ် ရွှေဈေးနှုန်း မြင့်တက်ခဲ့ဖူးသည်။ စာရေးသူ ဆောင်းပါးရှင် – ဆရာမနန်းခမ်းသီရိဦး