မတ်လ ၁၅ ၊ ၂၀၂၄ (သောကြာနေ့) ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်း ဖော်ပြလိုက်ပါသည်။
အမေရိကန်ဒေါ်လာ 3660 – 3700 > 3680 – 3740
ဥရောပယူရို 3900 – 3990
ဗြိတိသျှစတာလင်ပေါင် 4590 – 4700
သြစတြေးလျဒေါ်လာ 2350 – 2410
ဂျပန်ယန်း 24.35 – 25.40
တောင်ကိုရီးယားဝမ် 2.70 – 2.80
အိန္ဒိယရူပီး 43.50 – 44.60
စင်ကာပူဒေါ်လာ 2700 – 2770 > 2720 – 2800
မလေးရှားရင်းဂစ် 760 – 790
တရုတ်ယွမ် 500 – 520
ထိုင်းဘတ် 102.40 – 103.50 > 102 – 105
ယနေ့ ရန်ကုန်မြို့ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် 4130,000 – 4150,000 နှင့် ဈေးစဖွင့်ခဲ့ပြီး ယခု 4155,000 – 4175,000 မှ 4183,000 သို့ ဆက်တိုက် မြင့်တက်ကာ ကျပ် 42 သိန်းဈေးကို ဦးတည်နေသည်။ ၁၅ ပဲရည် ရွှေဈေးမှာ ကျပ် 3900,000 ခန့် ဖြစ်သည်။
ယမန်နေ့ (ကြာသပတေးန့) က ရွှေဈေးသည် ကျပ် 4085,000 – 4105,000 ဖြင့် ဈေးစဖွင့်ခဲ့ပြီးနောက် 4110,000 မှ 4123,000 – 4150,000 အထိ ဆက်တက်ပြီး စံချိန်သစ်နှင့် ဈေးပိတ်ခဲ့ပြန်သည်
ရွှေဈေး ကျပ် ၄၁ သိန်းအထိ စံချိန်တင် မြင့်တက်လာသည့်နောက် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ကောလာဟလွှင့် ဈေး မကစားကြရန်နှင့် YGEA ၏ ရည်ညွှန်းဈေးအောက်တွင်သာ ရောင်းဝယ်ကြရန် ပန်ကြားလွှာ ထုတ်ပြန်ခဲ့သည်။
ယနေ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ထုတ်ပြန်သည့် အဖွင့်ဈေးနှုန်းသည် ကျပ် 3797,000 ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် 2164 ဒေါ်လာခန့် ဖြစ်သည်။ (ကမ္ဘာ့ရွှေဈေး ပြန်ကျလာသည်)