News

ယနေ့မနက်ပိုင်း ရွှေ၊ ဒေါ်လာ အဖွင့်ဈေး…

ယနေ့မနက်ပိုင်း ရွှေ၊ဒေါ်လာ အဖွင့်ဈေး

၁၆ပဲရည် -3,520,000MMK

၁၅ပဲရည်-3,312,000MMK

🌍ကမ္ဘာ့ရွှေဈေး ၁အောင်စ-1,926.41💲

💲1Dollor-3,530MMK

🪙အထက်ဖော်ပြပါဈေးနှုန်းများသည် အချိန်နှင့်အမျှပြောင်းလဲနိုင်ပါသည်။
နယ်စပ်ကနေ တင်သွင်းလာမယ့် ကုန်ပစ္စည်း ၇ မျိုးအတွက် နိုင်ငံခြားငွေကို ဗဟိုဘဏ်ရဲ့

Online Trading အစီအစဉ်ကနေ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

နယ်စပ်ကုန်သွယ်ရေးမှာ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုကော်မတီ (FESC) က ခွင့်ပြုထားတဲ့ သွင်းကုန် ၇ မျိုး ဖြစ်တဲ့ သံ၊ သံမဏိ၊ ကော်စေ့၊ ပိုးသတ်ဆေး၊ ဓာတ်မြေဩဇာ၊ ဆိုလာနဲ့ယာဉ်ယန္တရားတွေအတွက် Online Trading အစီအစဉ်ကနေ နိုင်ငံခြားငွေ ရောင်းချပေးမယ်လို့ ဆိုပါတယ်။

အရင်က ကုန်ပစ္စည်းအားလုံးအတွက် ရောင်းပေးခဲ့တာ ဖြစ်ပြီး အခုတော့ စိုက်ပျိုးစရိတ် မြင့်မားနေလို့ ပိုးသတ်ဆေးနဲ့ဓာတ်မြေသြဇာအတွက် ရောင်းချပေးတာ ဖြစ်မယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

ကျန်တဲ့ ကုန်ပစ္စည်းတွေကိုတော့ စီးပွားရေးနဲ့ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက စိစစ်ပြီးမှသာ ရောင်းချပေးမှာဖြစ်ပြီး ဝယ်ယူလိုတဲ့ ငွေကြေး ပမာဏများမယ်ဆိုရင် ခွဲရောင်းပေးမယ်လို့ သိရပါတယ်။

လက်ရှိ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ ပို့ကုန်၊သွင်းကုန်အတွက် ယွမ်ငွေတစ်မျိုးတည်း သုံးစွဲရမှာ ဖြစ်ပြီး သွင်းကုန်လိုင်စင်လျောက်ရာမှာ ပို့ကုန်ရငွေမှဖြစ်စေ၊ ပြည်တွင်းဘဏ်တွေကဖြစ်စေ ဝယ်ယူထားတဲ့ ယွမ်ငွေရှိကြောင်း ဘဏ်စာရင်းပါ တင်ပြရမယ်လို့ သိရပါတယ်။

လတ်တလော ပြည်တွင်းက ပြင်ပငွေလဲဈေးကွက်မှာ အရင်လက တစ်ဒေါ်လာ ကျပ် ၃၈၀၀ – ၃၉၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့တဲ့ ဒေါ်လာဈေးက ၃၅၀၀ – ၃၆၀၀ ကြားကို ပြန်ကျနေပြီး ထိုင်းဘတ်ဈေးပါ အလားတူ ကျဆင်းလာနေတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။