ဇွန် ၇ ၊ ၂၀၂၄ (သောကြာနေ့) ၊ ရန်ကုန်မြို့၊ ပြင်ပငွေကြေးဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာ အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်း ဖော်ပြလိုက်ပါသည်။
အမေရိကန်ဒေါ်လာ 4240 – 4300
ဥရောပယူရို 4530 – 4680
ဗြိတိသျှစတာလင်ပေါင် 5300 – 5490
သြစတြေးလျဒေါ်လာ 2760 – 2860
ဂျပန်ယန်း 26.10 – 27.05
တောင်ကိုရီးယားဝမ် 3.05 – 3.20
အိန္ဒိယရူပီး 50.00 – 51.80
စင်ကာပူဒေါ်လာ 3100 – 3200
မလေးရှားရင်းဂစ် 880 – 915
တရုတ်ယွမ် 575 – 595
ထိုင်းဘတ် 113.65 – 117.70
ယနေ့ ရန်ကုန်မြို့ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် (..) ဝန်းကျင်ဟု သိရသော်လည်း အခြေအနေအရ အတည်ပြုနိုင်ခြင်း မရှိပါ။
ယမန်နေ့ (ကြာသပတေးနေ့) က ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်းက ရွှေဈေးကို 4810,900 ကျပ်အဖြစ် သတ်မှတ်ခဲ့ပြီး ရွှေဆိုင်များကိုလည်း ထိုဈေးအတိုင်း ရောင်းဝယ်ရန်နှင့် ဆိုင်ပိတ်မထားကြရန် အသိပေးချက် ထုတ်ပြန်ခဲ့သည်။
ယနေ့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း YGEA က ထုတ်ပြန်သော သတ်မှတ်ရွှေဈေးမှာ ကျပ် 4793,100 ဖြစ်ပြီး ယနေ့ ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် 2376 ဒေါ်လာခန့် ဖြစ်သည်။
YGEA အသင်းက သတ်မှတ်သော နေ့စဉ်ရွှေဈေးဖြင့် ရွှေဆိုင်ကြီးအချို့က ဖြတ်စများကို တစ်ဦးလျှင် ၂ ပဲ၊ ၃ ပဲ ခန့်စီ ရောင်းချပေးနေသည်ဟု သိရသော်လည်း လိုသလောက် ဝယ်မရဘဲ တန်းစီရသည်ဟု ဆိုသည်။
YGEA အသင်းက ရွှေဆိုင်နှင့် ရွှေလုပ်ငန်းရှင်များအားလုံး သတ်မှတ်ရွှေဈေးနှင့်သာ အရောင်းအဝယ် လုပ်ရန် ကြေညာထားပြီး ထိုဈေးထက် ကျော်လွန် ရောင်းဝယ်နေခြင်း (သို့) ပုံမှန် အရောင်းအဝယ် မလုပ်ဘဲ ဆိုင်ကို ပိတ်ထားခြင်းများ တွေ့ရပါက အရေးယူမည်ဟု ကြေညာထားသည်။