Life Style

အမျိုးသမီးရော အမျိုးသားများပါ ဗိုက်ခေါက် အဆီလေး ကျချင်နေရင် လွယ်လွယ်လေးနော်…

အဆီကျချင်သူတွေ လက်ညှိုးထောင်

(တင်ထားတဲ့ စာကို အဆင့်ဆင့်သေချာဖတ်ကြည့်ပေးပါ ဒီထဲကအတိုင်းဖြူ သောက်ပါတယ်)

လူပိန်ချင်တာမျိုးမဟုတ်ပဲ ဗိုက်ခေါက်အဆီ ၊ ခါးဆီ ၊ ကျောဆီလို အဆီပို တွေပဲ ကျချင်တယ်ဆိုသူများအတွက် ဆေးနည်းကောင်းလေးဝေမျှပေးပါ့မယ်ရှင် —-

အချိန်မကုန် လွယ်ကူ သက်သာတဲ့ နည်းလမ်းဖြစ်ပေမယ့် နည်းလမ်းမှန်မှန်နဲ့တော့ ဇွဲရှိရှိ လုပ်ရပါမယ်။ပါဝင်ပစ္စည်းများကတော့ —

1- သံပုရာသီး တစ်လုံး

2- ဂျင်း လက် တစ်ဆစ်ခန့် နဲ့

3- ပျားရည် ၂ ဇွန်းခန့်

ပထမဆုံး သံပုရာသီး နဲ့ဂျင်းလက် တစ်ဆစ်ကို အခွံမခွါပဲ ရေစင်စင်ဆေးပါ ။ပြီးလျှင် နှစ်မျိုးလုံးကို အကွင်းလိုက်ပါးပါးလေး လှီးပေးပါ ။

ကော်ဖီ တစ်ခွက်စာ အဖုံးပါသော ကြွေ သို့ ဖန်ခွက် တစ်ခွက်ထဲသို့ထည့်ပြီး ပျားရည် ထမင်းစားဇွန်း ၂ ဇွန်းထည့်ပါ ။

(ပျားရည် ကို ဆီးချိုရောဂါရှိတယ်ဆို လျှော့ထည့်ပါအလွယ်ကူဆုံးအနေနဲ့ City Mart က Fame ပျားရည် ကို သုံးနိုင်ပါတယ် )

ပြီးရင် ရေနွေးဆူဆူ (လက်ဖက်ခြောက်မပါ ရိုးရိုးရေနွေး) လောင်းထည့်ပြီး အဖုံးအုပ်ထားပေးပါ ။

နာရီဝက်ခန့်နေလျှင် ရေနွေးနွေးလေးအနေအထားမှာ ဇွန်းဖြင့်မွှေပေးပြီး အရည် တစ်ခွက်လုံးသောက်ပါ အဖတ်တွေ ကိုလွှင့်ပစ်ရပါမယ်။

သတိထားရမှာကတော့ ညမအိပ်ခင် အစားအသောက် အကုန်စားပြီးချိန်နဲ ့နာရီဝက်ခန့်ခွါ ပြီး သောက် ရပါမယ် ။

ဒီရေနွေးသောက်ပြီး အစာမစားတော့လျှင် အကောင်းဆုံးပါပဲ အနှစ်နှစ်အလအလ အဆီပိုတွေဖြစ်တဲ့ အတွက်အနည်းဆုံး ဆယ်ရက်ခန့်တော့ ပုံမှန်သောက်ကြည့်ပေးပါ ။

သိသာတယ်ဆို ဆက်သောက်ချင်လာပါလိမ့်မယ် ။ဖြူ သောက်တာ ရက် ၂၀ လောက်ရှိပါပြီ သိသာပါတယ်ညီမလေးတစ်ယောက်ဆီကရတဲ့ နည်းကို ပြန်ပြီး မျှဝေပေးတာပါ ။

သိသာလို့ လက်တို့လိုက်ပါတယ်နော်။ အမျိုးသမီးရော အမျိုးသားများပါ သောက်သုံးနိုင်ပါတယ် ။ဒါပေမယ့် နို့တိုက်မိခင်များ နဲ့ ကိုယ်ဝန်ရှိ အမျိုးသမီးများ မသောက်သင့်ပါဘူး ။

လူနည်းစုအနေနဲ့ သောက်နေတုန်း အခန့်မသင့် ဗိုက်အောင့်ဗိုက်နာဖြစ်လာတာမျိုး Pressure ကျလာတယ်ဆိုတဲ့ လူမျိုးတွေတော့ ဆက်မသောက်သင့်ပါဘူးရှင်

ပျားရည်နဲ့ဂျင်း ပါဝင်တာကြောင့် သုံးမျိုးပေါင်းပြီး ထိန်းပေးသွားတယ်လို့ထင်ပါတယ်။ သောက်တာကလည်း ညအချိန် ဖြစ်တော့အစာတွေ ရှိနေပြီလေ အစာအိမ်ကို မထိခိုက်နိုင်ပါဘူး

အလွန်အကျွံ ဘေးထွက်ဆိုးကျိုးတော့ ဖြူ မကြုံဖူးသေးပါဘူး ။ကိုယ်လိုချင် သလောက် အတိုင်းအတာရပြီဆိုရင် နေ့တိုင်းမသောက်ပဲ တစ်ပတ် မှာ ၃ ရက်လောက်ပဲ သောက်ပါရှင် !!

စရိတ်နည်းတဲ့ နည်းမို့လို့ ထိန်းညှိ ပြီးလိုသလိုသုံးကြည့်ကြပေါ့ ပိုပြီးထိရောက်ချင်ရင်တော့ ဒါလည်းသောက်မယ်လေ့ကျင့်ခန်းလည်းလုပ်မယ် အစားလည်း အနည်းငယ် (အဆီများတဲ့အစားအစာ) ရှောင်မယ်ဆို သိပ်ကို ထိရောက်မှာပါ ။

ဒါသောက်တာက အဆီပြင်တွေကို ပျော့ပျောင်းလာစေပြီး လေ့ကျင့်ခန်းကြောင့် ကျစ်လစ်လာမှာပါ ။

ကျေးဇူးပါ Sis Daw Sunny