Life Style

မိသားစုစိတ္ဓာတ္ရွိတဲ့သူကသာ ပိုၿပီး ပင္ပန္းရတာပါ…

မိသားစုတစ္ခုမွာ အႀကီးမို႔ အငယ္မို႔ ပိုၿပီးအနစ္နာခံရတယ္ ပိုၿပီးပင္ပန္းရတယ္လို႔ မရွိပါဘူး မိသားစုတစ္ခုမွာ မိသားစုစိတ္ဓာတ္ပိုၿပီးရွိတဲ့လူက ပိုၿပီး ပင္ပန္းရတာပါ

မိသားစုစိတ္ဓာတ္ဆိုတာ တာ၀န္ယူတတ္တဲ့စိတ္ တာ၀န္သိတတ္တဲ့ စိတ္ပါပဲ ကိုယ့္တစ္ေယာက္တည္းအတြက္ အဆင္ေျပမယ့္အရာကို မေ႐ြးပဲ မိသားစုေလးေယာက္ရွိတဲ့အခါ ေလးေယာက္လုံး အဆင္ေျပေစခ်င္တဲ့ ဆႏၵ ငါးေယာက္ရွိတဲ့အခါ ငါးေယာက္လုံး အဆင္ေျပေစခ်င္တဲ့ ဆႏၵေပါ့

အရာရာမွာ ကိုယ္ျဖစ္ခ်င္ေနတာထက္ ျဖစ္သင့္ျဖစ္ထိုက္တာကို ပိုၿပီးေ႐ြးခ်ယ္တဲ့အတြက္ သာမန္ထက္ပိုၿပီး စြန္႔လႊတ္ရတာေတြ မ်ားတတ္ပါတယ္

ဥပမာ – ကိုယ္မက္ခဲ့တဲ့အိပ္မက္ေတြ မိသားစုအတြက္ ေမ့ပစ္လိုက္ရတာမ်ိဳးေပါ့

ကိုယ္ျဖစ္ခ်င္ေနတဲ့အရာေတြထက္ အႀကီးမွသည္ အငယ္အဆုံး သူတို႔ရဲ႕ရည္မွန္းခ်က္ေတြကို ပိုၿပီးျဖည့္ဆည္းေပးတတ္တယ္ေနာက္ဆုံး ကိုယ္သာ ဘာမွမဟုတ္တဲ့လူတစ္ေယာက္အျဖစ္ က်န္ခဲ့ရတာေလ

အိမ္ကို ပိုၿပီးသံေယာဇဥ္ႀကီးတတ္တဲ့သူက ရပ္ေဝးမသြားႏိုင္ နယ္ေဝးမထြက္ႏိုင္နဲ႔ ေျခခ်ဳပ္မိေနသလိုမ်ိဳးေပါ့ အိမ္ကို ပိုၿပီးတြယ္တာေလေလ ကိုယ့္မွာပိုၿပီး ဆင္ျခင္ရေလေလ ပိုၿပီး စြန္႔လႊတ္ရေလေလပါပဲ ကိုယ့္မွာ လိုခ်င္တာေတြရွိလာခဲ့ရင္ေတာင္ ငဲ့ကြက္ရင္ မလိုခ်င္ေယာင္ေတြေဆာင္လာတတ္တယ္

မိသားစုတစ္ခုမွာ အႀကီးျဖစ္ေနလို႔ ပိုၿပီးအနစ္နာခံရတယ္ အငယ္ျဖစ္ေနလို႔ ပိုၿပီး အနစ္နာခံရတယ္လို႔ မဟုတ္ပါဘူးမိသားစုစိတ္ဓာတ္ရွိတဲ့သူကသာ ပိုၿပီး ပင္ပန္းရတာပါ ။

မိန္းမသားတို႔အတြက္ သွ်င္ယြန္း

Unicode,

မိသားစုစိတ်ဓာတ်ရှိတဲ့သူကသာ ပိုပြီး ပင်ပန်းရတာပါ

မိသားစုတစ်ခုမှာ အကြီးမို့ အငယ်မို့ ပိုပြီးအနစ်နာခံရတယ် ပိုပြီးပင်ပန်းရတယ်လို့ မရှိပါဘူး မိသားစုတစ်ခုမှာ မိသားစုစိတ်ဓာတ်ပိုပြီးရှိတဲ့လူက ပိုပြီး ပင်ပန်းရတာပါ

မိသားစုစိတ်ဓာတ်ဆိုတာ တာဝန်ယူတတ်တဲ့စိတ် တာဝန်သိတတ်တဲ့ စိတ်ပါပဲ ကိုယ့်တစ်ယောက်တည်းအတွက် အဆင်ပြေမယ့်အရာကို မရွေးပဲ မိသားစုလေးယောက်ရှိတဲ့အခါ လေးယောက်လုံး အဆင်ပြေစေချင်တဲ့ ဆန္ဒ ငါးယောက်ရှိတဲ့အခါ ငါးယောက်လုံး အဆင်ပြေစေချင်တဲ့ ဆန္ဒပေါ့

အရာရာမှာ ကိုယ်ဖြစ်ချင်နေတာထက် ဖြစ်သင့်ဖြစ်ထိုက်တာကို ပိုပြီးရွေးချယ်တဲ့အတွက် သာမန်ထက်ပိုပြီး စွန့်လွှတ်ရတာတွေ များတတ်ပါတယ်

ဥပမာ – ကိုယ်မက်ခဲ့တဲ့အိပ်မက်တွေ မိသားစုအတွက် မေ့ပစ်လိုက်ရတာမျိုးပေါ့

ကိုယ်ဖြစ်ချင်နေတဲ့အရာတွေထက် အကြီးမှသည် အငယ်အဆုံး သူတို့ရဲ့ရည်မှန်းချက်တွေကို ပိုပြီးဖြည့်ဆည်းပေးတတ်တယ်နောက်ဆုံး ကိုယ်သာ ဘာမှမဟုတ်တဲ့လူတစ်ယောက်အဖြစ် ကျန်ခဲ့ရတာလေ

အိမ်ကို ပိုပြီးသံယောဇဉ်ကြီးတတ်တဲ့သူက ရပ်ဝေးမသွားနိုင် နယ်ဝေးမထွက်နိုင်နဲ့ ခြေချုပ်မိနေသလိုမျိုးပေါ့ အိမ်ကို ပိုပြီးတွယ်တာလေလေ ကိုယ့်မှာပိုပြီး ဆင်ခြင်ရလေလေ ပိုပြီး စွန့်လွှတ်ရလေလေပါပဲ ကိုယ့်မှာ လိုချင်တာတွေရှိလာခဲ့ရင်တောင် ငဲ့ကွက်ရင် မလိုချင်ယောင်တွေဆောင်လာတတ်တယ်

မိသားစုတစ်ခုမှာ အကြီးဖြစ်နေလို့ ပိုပြီးအနစ်နာခံရတယ် အငယ်ဖြစ်နေလို့ ပိုပြီး အနစ်နာခံရတယ်လို့ မဟုတ်ပါဘူးမိသားစုစိတ်ဓာတ်ရှိတဲ့သူကသာ ပိုပြီး ပင်ပန်းရတာပါ ။

မိန်းမသားတို့အတွက် သျှင်ယွန်း