News

Dollar price for today Thursday (1.2.2024) Gold prices and foreign exchange rates

ဖေဖော်ဝါရီ ၁၊ ၂၀၂၄ (ကြာသပတေးနေ့) ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော

အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည်။

အမေရိကန်ဒေါ်လာ 3520 – 3550
ဥရောပယူရို 3750 – 3820
ဗြိတိသျှစတာလင်ပေါင် 4460 – 4630

သြစတြေးလျဒေါ်လာ 2280 – 2370
ဂျပန်ယန်း 23.30 – 24.30
တောင်ကိုရီးယားဝမ် 2.60 – 2.70

အိန္ဒိယရူပီး 41.90 – 43.10
စင်ကာပူဒေါ်လာ 2580 – 2640
မလေးရှားရင်းဂစ် 740 – 770

တရုတ်ယွမ် 470 – 490
ထိုင်းဘတ် 99.50 – 101.00

ယနေ့ ရန်ကုန်မြို့ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် 3870,000 – 3880,000 ရှိနေပြီး ၁၅ ပဲရည်ဈေးမှာ ကျပ် 3660,000 ခန့် ရှိနေသည်။ (ယမန်နေ့ဈေးနှင့် ယှဉ်ပါက ရွှေဈေး ပြန်အေးသည်)

ယမန်နေ့က ရွှေဈေးသည် ဈေးအဖွင့်တွင် ကျပ် 3915,000 သို့ မြင့်တက်ခဲ့သော်လည်း နောက်ပိုင်း၌ ကျပ် 3850,000 ဝန်းကျင်သို့ ပြန်ထိုးကျပြီး ညနေပိုင်းတွင် 3865,000 ဖြင့် ဈေးပိတ်ခဲ့သည်။ (ရွှေဈေး အတက်အကျ အလွန်ကြမ်းခဲ့သောနေ့ ဖြစ်သည်)

ယနေ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ထုတ်ပြန်သည့် အဖွင့်ဈေးနှုန်းသည် ကျပ် 3682,800 ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် 2046 ဒေါ်လာခန့် ဖြစ်သည်။

ရွှေအသင်း YGEA ၏ ဈေးကွက်ဈေးနှုန်းကို AD လိုင်စင်ရဘဏ်များအကြား Online Trading လုပ်သော ဒေါ်လာဈေးဖြင့် တွက်ချက်လာသဖြင့် YGEA ရွှေဈေးနှင့် ပြင်ပရွှေဈေးကြား ကွာဟချက် လျော့နည်းခဲ့သော်လည်း ယခုအခါ သိန်းဂဏန်းအထိ ပြန်ကွာဟလာသည်။