အောက်တိုဘာ ၁၅ ၊ ၂၀၂၃ (တနင်္ဂနွေနေ့) ရန်ကုန်၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော
အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည်
အမေရိကန်ဒေါ်လာ 3300 – 3350
ဥရောပယူရို 3500 – 3560
ဗြိတိသျှစတာလင်ပေါင် 3950 – 4030
သြစတြေးလျဒေါ်လာ 2060 – 2100
ဂျပန်ယန်း 22.10 – 22.55
တောင်ကိုရီးယားဝမ် 2.45 – 2.50
အိန္ဒိယရူပီး 39.70 – 40.45
စင်ကာပူဒေါ်လာ 2380 – 2440
မလေးရှားရင်းဂစ် 700 – 720
တရုတ်ယွမ် 445 – 460
ထိုင်းဘတ် 90.90 – 92.60
ယနေ့ ရန်ကုန်မြို့ ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် 3470,000 – 3480,000 ကျပ်ဝန်းကျင် ရှိပြီး ၁၅ ပဲရည်ရွှေဈေးသည် 3280,000 ကျပ်ခန့် ရှိနေသည်။
ယမန်နေ့ ဈေးပိတ်ချိန်က ပြင်ပအခေါက်ရွှေဈေးသည် 3465,000 – 3475,000 ကျပ်ခန့် ဖြစ်ခဲ့သည်။ ယခုအပတ် ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် 1850 ဒေါ်လာဖြင့် စဖွင့်ပြီး ဈေးကွက်ပိတ်ချိန်တွင် 1933 ဒေါ်လာအထိ မြင့်တက်လာခဲ့သည်။
ယနေ့သည် တနင်္ဂနွေနေ့ ဈေးပိတ်ရက် ဖြစ်သောကြောင့် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ဈေးနှုန်း ထုတ်ပြန်ခြင်း မရှိပါ။ YGEA ရွှေအသင်းသည် မကြာသေးခင်က စတင်၍ ၎င်း ထုတ်ပြန်သော ရွှေဈေးကို
ရည်ညွှန်းဈေးနှုန်းမှ ဈေးကွက်ဈေးနှုန်းဟု ပြောင်းလဲခေါ်ဝေါ်လာခဲ့ပြီး တွက်ချက်မှုကိုလည်း ဗဟိုဘဏ်သတ်မှတ်ဈေးမှ ဗဟိုဘဏ် လေလံဈေးဖြင့် ပြောင်းလဲတွက်ချက် ဖော်ပြလာကြောင်း တွေ့ရသည်။