News

Dollar price for today Tuesday (26.3.2024) Gold prices and foreign exchange rates

မတ်လ ၂၆ ၊ ၂၀၂၄ (အင်္ဂါနေ့) ၊ ရန်ကုန်မြို့၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်း ဖော်ပြလိုက်ပါသည်။

အမေရိကန်ဒေါ်လာ 3680 – 3740
ဥရောပယူရို 4080 – 4160

ဗြိတိသျှစတာလင်ပေါင် 4630 – 4740
သြစတြေးလျဒေါ်လာ 2420 – 2480
ဂျပန်ယန်း 24.50 – 25.10

တောင်ကိုရီးယားဝမ် 2.75 – 2.80
အိန္ဒိယရူပီး 44.55 – 45.50
စင်ကာပူဒေါ်လာ 2710 – 2760

မလေးရှားရင်းဂစ် 785 – 795
တရုတ်ယွမ် 500 – 515
ထိုင်းဘတ် 102.00 – 104.20

ယနေ့ ရန်ကုန်မြို့ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် 4280,000 – 4310,000 ဝန်းကျင် ရှိနေပြီး ၁၅ ပဲရည် ရွှေဈေးမှာ ကျပ် 4040,000 ခန့် ဖြစ်သည်။

ယမန်နေ့ (တနင်္လာနေ့) က ပြင်ပရွှေဈေးသည် ကျပ် 4245,000 – 4250,000 ဖြင့် စဖွင့်ခဲ့ပြီး နောက်ပိုင်းတွင် 4283,000 – 4288,000 အထိ မြင့်တက်ကာ ညနေပိုင်းတွင် 4275,000 – 4280,000 ဖြင့် ဈေးပိတ်ခဲ့သည်။ (ရွှေဈေး 4290,000 အထိ စံချိန်သစ်တင် မြင့်တက်ခဲ့သည်ဟုလည်း ကြားရသည်)

ယနေ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က ထုတ်ပြန်သည့် အဖွင့်ဈေးနှုန်းသည် ကျပ် 3796,000 ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် 2170 ဒေါ်လာခန့် ဖြစ်သည်။

ပြင်ပရွှေဝယ်ရောင်း လုပ်သူများနှင့် ရွှေဆိုင်များအားလုံးကို YGEA သတ်မှတ်ဈေးအောက် ရောင်းဝယ်ကြရန်နှင့် ထိုသို့ မလုပ်နိုင်ပါက အရောင်းအဝယ် ရပ်ထားကြရန် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း YGEA က သတိပေးထားသည်။

ရွှေအသင်း YGEA နည်းတူ ဗဟိုဘဏ်ကလည်း ရွှေဈေး၊ ငွေဈေး မတည်ငြိမ်အောင် လုပ်နေသူများကို အရေးယူ ဆောင်ရွက်မည်ဟု ကြေညာထားပြီး အွန်လိုင်းပေါ်တွင် ရွှေဈေး၊ ဒေါ်လာဈေး လုပ်ကြံသတင်းများ ထုတ်ပြန်ကာ နိုင်ငံခြားငွေလဲနှုန်းများ မြင့်တက်အောင် လုပ်နေသူများကို အရေးယူမည်ဟု ထုတ်ပြန်ထားသည်။