News

အိုဆာမန်ရဲ့ အပြောင်းအရွေ့အတွက် မန်ယူနိုက်တက်ထံ အကြောင်းပြန်လိုက်ပြီဖြစ်တဲ့ နာပိုလီ

နာပိုလီအသင်းကတော့ မန်ယူနိုက်တက် အသင်းထံ ၎င်းတို့ရဲ့ တိုက်စစ်မှုး အိုဆာမန်ရဲ့ အပြောင်းအရွေ့နဲ့ ပတ်သက်ပြီး အကြောင်း ပြန်လိုက်ပြီ ဖြစ်ပါတယ်။

အသက်၂၄နှစ် အရွယ် တိုက်စစ်မှုးဟာ လက်ရှိရာသီမှာ အံ့အားသင့်ဖွယ် ခြေစွမ်း ပြနေသလို၊ နာပိုလီအသင်း ချန်ပီယံ ဖြစ်ခဲ့တဲ့ အဓိက ကစားသမား တစ်ယောက် အဖြစ်လည်း ရှိခဲ့တာပါ။

တိုက်စစ်မှုး အိုဆာမန်ကိုတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဘက်က အထူး စိတ်ဝင်စားနေသလို၊ ချဲလ်ဆီး အသင်းကလည်း ချဥ်းကပ် နေခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ အချိန်မှာတော့ နာပိုလီအသင်း ဥက္ကဌဖြစ်သူ လော်ရန်တီး ကိုယ်တိုင် ၎င်းတို့ရဲ့ တိုက်စစ်မှုးကို ရောင်းချသွားမှာ လုံးဝ မဟုတ်ဘူးလို့ အတည်ပြုချက် ထုတ်ပြန် လိုက်တာပါ။

ဒါကြောင့်လည်း နာပိုလီ တိုက်စစ်မှုး အိုဆာမန်နဲ့ မန်ယူနိုက်တက် တို့ရဲ့ အပြောင်းအရွေ့ ကိစ္စအားလုံးဟာ တစ်ခန်းရပ် သွားခဲ့ပြီပဲ ဖြစ်ပါတယ်။