မန္တလေးမှာ အသက် ၉၀ ကျော်ဘုန်းကြီးတစ်ပါး ကားတိုက်ခံရပြီးနောက် အလောင်းစွန့်ပစ်ခံရ
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးတောင်တက်လမ်းမှာ အရုဏ်ဆွမ်းခံကြွတဲ့ အသက် ၉၃ အရွယ် ဘုန်းကြီးတစ်ပါးကို ကားတစ်စီးက တိုက်မိပြီးနောက် အလောင်းစွန့်ပစ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဒုလ္လဘ ဦးပဉ္စင်းတစ်ပါးနဲ့အတူ အရုဏ်ဆွမ်းခံကြွတဲ့ ဦးသြဘာသကို Light Truck ကားတစ်စီးက သီတဂူဗုဒ္ဓတက္ကသိုလ်အနီးတောင်တက်လမ်းမှာ ဇွန်လ ၆ ရက် မနက် ၅ နာရီခန့်မှာ တိုက်မိခဲ့တာဖြစ်ပါတယ်။
‘‘အသက်ကြီးပြီဆိုတော့ ဆွမ်းခံမကြွဖို့ တားကြပေမဲ့ ဆွမ်းခံကြွမှ ကျန်းမာတယ်ဆိုပြီး ဆွမ်းခံကြွနေတာ။ အဲဒီမနက်တုန်းက ကားနောက်မှန်နဲ့တိုက်မိတော့ လဲကျသွားတဲ့အချိန် ပြန်ထိုင်နိုင်သေးတယ်လို့ အတူဆွမ်းခံကြွတဲ့ ဦးပဉ္စင်းက ပြန်ပြောပြတယ်။
ဦးဇင်းက ကျောင်းတိုက်ထဲကို ပြန်သတင်းပို့တဲ့ အချိန် ကားက ခေါ်သွားတယ်။ ဘုန်းကြီးကို ဆေးခန်းပြပေးမယ်ဆိုပြီး ခေါ်သွားတယ်။ … ’’ လို့ ဦးသြဘာသရဲ့ သားသမက်ဖြစ်သူ ပရဟိတမင်းခေါင်အဖွဲ့ဥက္ကဋ္ဌက ပြောပါတယ်။
မႏၲေလးမွာ အသက္ ၉၀ ေက်ာ္ဘုန္းႀကီးတစ္ပါး ကားတိုက္ခံရၿပီးေနာက္ အေလာင္းစြန႔္ပစ္ခံရ
မႏၲေလးၿမိဳ႕၊ ေအာင္ေျမသာစံၿမိဳ႕နယ္၊ မႏၲေလးေတာင္တက္လမ္းမွာ အ႐ုဏ္ဆြမ္းခံႂကြတဲ့ အသက္ ၉၃ အ႐ြယ္ ဘုန္းႀကီးတစ္ပါးကို ကားတစ္စီးက တိုက္မိၿပီးေနာက္ အေလာင္းစြန႔္ပစ္မႈ ျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။
ဒုလႅဘ ဦးပၪၥင္းတစ္ပါးနဲ႔အတူ အ႐ုဏ္ဆြမ္းခံႂကြတဲ့ ဦးၾသဘာသကို Light Truck ကားတစ္စီးက သီတဂူဗုဒၶတကၠသိုလ္အနီးေတာင္တက္လမ္းမွာ ဇြန္လ ၆ ရက္ မနက္ ၅ နာရီခန႔္မွာ တိုက္မိခဲ့တာျဖစ္ပါတယ္။
‘‘အသက္ႀကီးၿပီဆိုေတာ့ ဆြမ္းခံမႂကြဖို႔ တားၾကေပမဲ့ ဆြမ္းခံႂကြမွ က်န္းမာတယ္ဆိုၿပီး ဆြမ္းခံႂကြေနတာ။ အဲဒီမနက္တုန္းက ကားေနာက္မွန္နဲ႔တိုက္မိေတာ့ လဲက်သြားတဲ့အခ်ိန္ ျပန္ထိုင္ႏိုင္ေသးတယ္လို႔ အတူဆြမ္းခံႂကြတဲ့ ဦးပၪၥင္းက ျပန္ေျပာျပတယ္။
ဦးဇင္းက ေက်ာင္းတိုက္ထဲကို ျပန္သတင္းပို႔တဲ့ အခ်ိန္ ကားက ေခၚသြားတယ္။ ဘုန္းႀကီးကို ေဆးခန္းျပေပးမယ္ဆိုၿပီး ေခၚသြားတယ္။ … ’’ လို႔ ဦးၾသဘာသရဲ႕ သားသမက္ျဖစ္သူ ပရဟိတမင္းေခါင္အဖြဲ႕ဥကၠ႒က ေျပာပါတယ္။