ဗီးလား ကိုစားသုံးရန် သင့်၊ မသင့်နဲ့ပတ်သက်ပြီး ဒညှင်းသီးကဲ့သို့ထင်မြင်ယူဆချက်အမျိုးမျိုးရှိပေမဲ့စားသုံးချင်သူတွေအတွက် မကြာခင် Black Sea Seafood မှာစတင်သုံးဆောင်နိုင်တော့မှာပါ။
ကင်းဖို၊ကင်းမ ခေါ် ဗီလားကောင်ဟာ ပင်လယ်ထဲမှာနေပါတယ်… ၂ ကောင်ထပ်နေကြတာပါ.
အကြီးကအမ…အသေးကအထီးပါ…တစ်ချို့ကဖမ်းမိရင်…အထီးကိုခွာပြီးပင်လယ်ထဲပြန်ချပစ်ကြပါတယ်…အဲဒီအခါကြရင်အထီးကောင်က အမကောင်ကို…ပင်လယ်ရေနောက်အောင်ပြန်ရှာပါတယ်…
ကင်းဖို,ကင်းမ ဆိုတာအောက်ချင်း ငှက်ဖို ငှက်မ လို ၊ ကိန္နရီ ကိန္နရာ လို မောင်နှံ တူစုံ ယှဉ် တွဲပြီး သွားလာ နေထိုင်ကျက်စား လေ့ရှိတယ်။
အခုတော့ အတော့်ကိုရှားပါးလာနေပြီလို့သိရတယ်။ ထိုင်းစျေးကွက်အပြင် တရုတ်စျေးကွက်တွေမှာပါ တွင်ကျယ်လာတော့ ထောင်ချောက်တွေပိုက်ကွန်တွေနဲ့ အဖို အမ အကုန် ဖမ်း လာကြပြီး အစ တုန်း ကတော့ ဥ ကို စားသုံးကုန် အဖြစ်သာ စျေးကွက်ရှိပြီး အခုနေခါမှာတော့ အသားကိုပါ စားသုံးလာနေကြတယ်လို့သိရပါတယ်။
တကယ့်တော့ ဒီကင်းဖို ကင်းမ တွေ ကို စနစ်တကျ ထိန်းသိမ်း မွေးမြူ ဖို့ လိုနေပါပြီ၊၊
ဘာကြောင့် လဲဆိုတော့ ဒီကင်းဖို ကင်းမထဲကနေ ရောဂါရှာဖွေရေးအတွက် အရေးပါတဲ့အရည်တစ်မျိုး ထုတ်ယူရရှိ နိုင်တယ် လို့သိရပါတယ်။ ကင်းဖို ကင်းမ မှာ ဘီလားက common nameပါ။ အထီးက အရောင်းအဝယ်မရှိပါ။ အထီးနဲ့အမ အမြဲတွဲနေတော့ အမကို ဖမ်းပြီး ရောင်းတာပါ။ အမ အခွံရဲ့ ပတ်လည်မှာ ဥ တွေအပြည့်ပါ။
ဥတွေကို ဇွန်းနဲ့ ကလော် ပြီး အိတ်ထဲ့ ရေခဲရိုက်ပြီး ထိုင်း ရနောင်းပို့ရတာပါ။ထိုင်းမှာက လူကြိုက်များပြီး သရက်သီးနဲ့ သုပ်စားတာပါ။ ဥ တစ်ကီလို ၆၀ သားကို ဘတ်၂၀၀ လောက် စျေးရှိပါတယ်။ ဥတစ်ကီလိုရဖို့ ကင်းမ အကောင်သုံးဆယ်လောက် ခွဲရပါတယ်။ ခြေချောင်းအသားက မပြောပလောက်သာ ရှိတာမို့ အဓိက က ဥထုတ်တာပါ။ သာကူစေ့အရွယ် အဝါရောင် ရှိပါတယ်။ ဆိမ့်ပါတယ်။ ထိုင်းလိုက မိုင်ဒါး ခေါ်ပါတယ်။ ဥ ကိုတော့ ခိုင်မိုင်ဒါး ပါ။ (ဥပါရင် အမ နော်)
Horseshoe crabs”ပင်လယ်ဗီလားသတ္တဝါတွေဟာ အခုဆိုရင် သက်တမ်းအားဖြင့် နှစ်ပေါင်း(၄၅၀)မီလီယံ ခန့်ကျော်လွန်၍ လာခဲ့ပါပြီ။
ဒိုင်နိုဆော(Dinosours)သတ္တဝါတွေရှိစဉ်အခါကတည်းက ဗီလားတွေဟာ ယနေ့အချိန်ထိ့ မျိုးသုန်းပျောက်ကွယ်မသွားသေးပါဘူး..
ဗီးလားဟာ အရမ်းအဖိုးတန်ပြီး သူ့မှာ အရှားပါးဆုံးသွေးကိုပိုင်ဆိုင်ထားပါတယ်။ သူ့ရဲ့သွေးဟာအပြာရောင်(blue blood) ဖြစ်ပါတယ်။ ဗီလားတွေရဲ့သွေးဟာ” Limulus Amebocyte lysate”(LAL)လို့အမည်ပေးထားတဲ့ ဗက်တီးရီယား ပိုးမွှားသန့်စင် ဆေးတစ်မျိုးကိုထုတ်ယူရရှိပါတယ်။
ဒီဆေးဟာ (Endotoxin detection) အတွက် ထုတ်လုပ်ထားခြင်းဖြစ်ပြီး လူသားတွေရဲ့သွေး/ တိရိစ္ဆာန် သတ္တဝါတွေရဲ့သွေးထဲကဗက်တီးရီယား ပိုးမွှားများကိုရှာဖွေစစ်ဆေးတဲ့နေရာမှာအသုံးပြုပါတယ်။ဒီဆေးကို သိမ်းဆည်းထားမည်ဆိုလျှင် အနည်းဆုံးအပူချိန် 2-8°c စင်တီဂရိတ် ရှိရပါမယ်။
ဗီလားမွေးမြူရေးလုပ်ငန်းဟာ နှစ်စဉ် အမေရိကန် ဒေါ်လာ မီလီယံနဲ့ချီပြီး ၀င်ငွေရရှိပါတယ်။
ဗီလားဟာ လူသားတို့စားသုံးရန်မသင့်ပါ..
အဆိပ်ဖြစ်တတ်ပါတယ်။
Villa(ဗီလား) ဖြစ်ပြီး Billa(ဘီလား)မဟုတ်ပါ။
Horse(မြင်း)Shoe(ရှုးဖိနပ်)
Crab(ဂဏန်းကောင်)
Horseshoe crab”ကို ဘာသာပြန်ကြည့်ရင်တော့ မြင်းဖိနပ်ဂဏန်း ဖြစ်သွားမှာပေါ့.နောက်တနည်းအဆင်ပြေအောင်ပြန်ဆိုကြည့်ရင်တော့ (မြင်းခွာဂဏန်း)ဆိုရင်ပိုမှန်ပါလိမ့်မယ်။
တကယ်တော့ နေရာဒေသအလိုက် အခေါ်ဝေါ်တွေကွဲလွဲနေခြင်းဟာ အဓိကမကျပါဘူး.ပုံကိုကြည့်ရင်ဖြင့် သိနိုင်ပါတယ်.ဒီနာမည်မဟုတ်ဘူး ဟိုနာမည်မဟုတ်ဘူးဆိုပြီး ငြင်းဆိုနေကြရင်တော့ မောသွားပါလိမ့်မယ်။
မြန်မာပြည်မှာပေါလို့ဆိုတာက နည်းပညာမရှိတော့ အရာရာဟာတန်ဖိုးမဲ့နေတတ်ပါတယ်။ ဒီဗီလားတွေရဲ့သွေးဟာသတ္တဝါတွေရဲ့အသက်ပေါင်းများစွာကို ကယ်တင်လျှက်ရှိပါတယ်။
ဘီလား(ခ) မိုင်ဒါး (ခ) ကင်းဖိုကင်းမ
Horse Shoe Carb
—————–
ပင်လယ်အခေါ် ဘီလာကောင်တွေဟာ ဆိုရင်ဖြင့် လွန်ခဲ့တဲ့ နှစ်သန်းပေါင်း 450 ခန့်ကတည်းက ကမ္ဘာပေါ်မှာ နေထိုင်ခဲ့ တာပါ ။ ရှည်လျားပီး ပါးလွှာတဲ့ အမြီးပါရှိပီး ရွံ့နွံထဲမှာ နေထိုင်တတ်တဲ့ ရေငန်နေ ပင်လယ်သတ္တဝါတမျိုးဖြစ်ပါတယ် ။
သူတို့ကို တခါတလေ မှ ငါးဖမ်းတဲ့ ပိုက်ကြားမှာ ပါလာတတ်ပီး အမြီးနဲ့ထိုးတတ်တဲ့ အတွက် ဖမ်းရခက်တဲ့ သတ္တဝါ တမျိုးပါ ။
အရွယ်အစား အမျိုးမျိုးရှိတတ်ပီးတော့ သေးငယ်တဲ့ ဂဏန်းပေါက် ငါးပေါက် နဲ့ ပင်လယ်ရေမှော်တွေကို စားသုံးပီး အသက်ရှင် နေထိုင်လေ့ ရှိပါတယ်။
အထီးတွေဟာ ပိုပေါ့လေ့ ရှိပီး များသောအားဖြင့် အမတွေမှာ ဥတွေနဲ့ လေးလေးပင်ပင် ရှိနေလေ့ရှိသောကြောင့် ကိုင်တာနဲ့ အထီးအမ ခွဲခြားနိုင်ပါတယ်။
သူ့ရဲ့ ချွန်ထက်တဲ့ အမြီးကြောင့် အန္တရာယ်ရှိတဲ့ ပင်လယ်သတ္တဝါတမျိုးအဖြစ်မြင်ကြပေမဲ့ အမှန်တကယ်တော့ သူ့ရဲ့ အမြီးဟာ အဓိကအားဖြင့် သူတို့ ပက်လက်လှန်သွားတဲ့ အချိန်မှာ တဖန်ပြန်မှောက်ကာ နဂိုအနေအထားကို ရှိဖို့ အတွက်ပဲ အသုံးပြုလို့ ရပါတယ် ။ ထူးဆန်းတဲ့ အပြာရောင်သွေးရှိပီး ပိုကြီးတဲ့ အကောင်တွေမှာ ဥအရောင်တွေကလဲ အစိမ်းရောင်တွေ ဖြစ်နေတတ်ပါတယ် ။
သူတို့ရဲ့ လူတွေကို အကျိုးပြုစေနိုင်တဲ့ အဓိကအချက်ကလဲ ထူးဆန်းတဲ့ ဥတွေနဲ့ သွေးပါပဲ သူတို့ရဲ့ သွေးဟာ Bacteria တွေကို တိုက်ထုတ်နိုင်တဲ့ အတွက်ကြောင့် ဆေးတွေမှာ အသုံးပြုလေ့ ရှိပါတယ် ။
Horse Shoe Crab မြန်မာအခေါ် ဘီလာကောင်ရဲ့ ဥတွေ ဟာဆိုရင်ဖြင့် အကြောအချင်ကို လုံးဝကောင်းစေပါတယ် ။
မြန်မာ့အယူအရလ ဲသူ့အမြီးကို သံပုရာသီးမှာ ထိုးလိုက် လူ့ခြေထောက်မှာ တစက်စက်ထိုးခြင်းဖြင့် ကြွတ်တက်တာ အကြောတက်တာကို ပျောက်ကင်းစေနိုင်တယ်လို့ အဆိုရှိကြပါတယ် ။
သူ့ရဲ့အခွံမာကိုလဲ မြင်းတွေ နွားတွေရဲ့ ခွာမှာကပ်ပီးတော့လဲ အသုံးပြုနိုင်ပါတယ် အနောက်နိုင်ငံတွေ မှာ HORSE SHOE CRAB တွေကို မကောင်းဆိုးရွားတွေကို အိမ်မှ နှင်ထုတ်နိုင်တဲ့ အကောင်တမျိုးအဖြစ် အယူရှိလေ့ရှိပီး တချို့အိမ်တွေမှာ မွေးထားလေ့ ရှိပါတယ် ။
ဘယ်တော့မှတစ်ကောင်တည်းမနေပါ အမပေါတယ် အကောင်တစ်ရာ အထီးတစ်ကောင်တွေ့ရခဲတယ် ။
အမရဲ့အမြီး ဘိတ်အခေါ်(ဖင်မွေး)ကသုံးမြှောင့်
အထီးရဲ့( ဖင်မွေး )အမြှီးက အလုံး ရှားတယ် ဆေးဘက်ဝင်တယ်
သူ့အသားစားလို့ရတယ် အသားနဲတယ် မှတ်ချက် ဘိတ်သားတွေဟာ သူ့အသားကို မစားတာကများတယ်
သနားလို ့
ဟုတ်လားတော့ မသိဘူး အဘိုးအဖွားတွေပြောပြတာက နှစ်ကောင်တစ် ကောင်ပျောက်သွားရင်ကျန်ခဲ့တဲ့ တစ်ကောင်က ရေနောက်အောင်ရှာတယ်လို့ ပြောပြတယ် ဒါကြောင့် မစားကြဘူး
သနားလို့ သစ္စာရှိကြတယ်။
crd: owner