အေထြအေထြဗဟုသုတ

ကြန္ကရစ္လမ္းမွာ လမ္းမ်က္ႏွာျပင္ကို ဂ်စ္ဆြဲထားရသည့္ အေၾကာင္းအရင္း (ဗဟုသုတအျဖစ္ မွ်ေ၀လိုက္ပါသည္)

ဒီနေ့ ကွန်ကရစ်လမ်းတစ်ခုကို ဂျစ်ဆွဲနေတာ မြင်တော့ ခလေးတစ်ယောက်က ပန်းရံဆရာကို မေးပါတယ် ။ဘာလို့ ဂျစ်ဆွဲရတာလဲပေါ့။ ပန်းရံ ဆရာက ပြန်ဖြေပါတယ်။ ” ကားတွေ လမ်း မချော်အောင်လို့တဲ့” ( အဖြေ မပြည့်စုံပါ)

မဟုတ်ပါဘူးး အရိုးရှင်းဆုံး ပြောရရင် သနပ်ခါးး လိမ်းပြီးရင် ပါးရည်တင်းမှာမှု့၊ အက်ကွဲမှု့ကို ကာကွယ်ဖို့ ဘီးလေးနဲ့ ခြစ်သလို ပေါ့။

ကွန်ကရစ်လောင်းရာတွင်ရေ+ဘိလပ်မြေ ဓာတ်ပြုမှုကြောင့် ကွန်ကရစ် အတွင်း အပူစွမ်အင်ဖြစ် လာပါသည်။ ဓာတ်ပြုမှုဖြစ်စေသော ရေသည် အပူကြောင့် အငွေ့အဖြစ် ဘဝပြောင်းကာ ကွန်ကရစ်၏ အပေါ်မျက်နှာပြင်သို လမ်းကြောင်းရှာ တိုးထွက်လာပါသည်။

ရေငွေ့ ပျံခြင်းကြောင့် ကွန်ကရစ်တွင်း ရေထုထည် ဆုံးရှုံးပြီး ကျုံ့ဝင်ခြင်း ပမာဏတွေ ဖြစ်လာပါသည်။ကွန်ကရစ်လောင်းးစဉ်မှာ မျက်ှာပြင်ညှိရင်း ကွန်ကရစ်အနည်အနှစ်တွေစုဖွဲ့ကာ အရေဖျား ကဲ့သို့ ပါးလွှာသော အလွှာတခု ဖြစ်နေပါသည်။

ရေငွ့ သည် အပေါ်လွှာကို တွန်းထိုးဖောက်ထွက်သည့်အခါ အက်ကြောင်းများ ဖြစ်ပေါ်လာပါသည်။ ကျုံ့ဝင်မှုမှာ အစုအဖွဲပေါင်းစည်လိုအားတွေနှင့် ကြုံ့နေကြပါသည်။

တဘက်သတ်ပေါင်းစည်းအားများ စုစည်းမှု လွန်ဆွဲမှုသည် ကွန်ကရစ်ထု၏ ခံနိုင်မှုကိုကျော်သည့်နေရာများမှာ အက်ကြောင်း များဖြစ်လာပါသည်။ ဘက်ပေါင်းစုံ စုစည်းအာတွေကြောင့် အက်ကြောင်ဘက်ပေါင်းစုံမှာ ဖြစ်ပါသည်။

လေးဘက်လေးတန် ကျင်းဖွဲ့ အက်သောကြောင့် ၎င်းအက်ခြင်းကို ပညာရှင်တွေက Contraction crack လို့ သတ်မှတ်ခေါ်ဝေါ်ပါသည်။ ကွန်ကရစ် တွင်းရေငွေ့ဆုံးရှုံး မှုမြန်ဆန်လျင် အက်ကြောင်း
ပိုများနိုင်သည့်အတွက် ကာကွယ်သည်အနေဖြင့် Concrete curing လုပ်ပါသည်။

ရေငွေ့တိုးထွက်မှုကြောင့် မျက်နှာပြင် အက်ကြောင်းမျာဖြစ်ပေါ်ပြီး ၎င်းအက်ကြောင်းများ ရုန်းကန်မှုကြောင့် အတွင်းကွန်ကရစ်သားတေ ထိခိုက်နိုင်သည့် အတွက် Surface texture line stripes ဂျစ်ဆွဲပါသည်။

သနပ်ခါးလိမ်းလျင် ခြောက်ခါနီးမှာ ပါးရေတင်းမှု တွေဖြစ်သည့်အတွက် ကာကွယ်သည့်အနေဖြင့် ဘီးကလေးနှင့် ခြစ်သလိုပေါ့။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ဗဟုသုတအဖြစ် ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Zawgyi

ဒီေန႔ ကြန္ကရစ္လမ္းတစ္ခုကို ဂ်စ္ဆြဲေနတာ ျမင္ေတာ့ ခေလးတစ္ေယာက္က ပန္းရံဆရာကို ေမးပါတယ္ ။ဘာလို႔ ဂ်စ္ဆြဲရတာလဲေပါ့။ ပန္းရံ ဆရာက ျပန္ေျဖပါတယ္။ ” ကားေတြ လမ္း မေခ်ာ္ေအာင္လို႔တဲ့” ( အေျဖ မျပည့္စုံပါ)

မဟုတ္ပါဘူးး အ႐ိုးရွင္းဆုံး ေျပာရရင္ သနပ္ခါးး လိမ္းၿပီးရင္ ပါးရည္တင္းမွာမႈ႕၊ အက္ကြဲမႈ႕ကို ကာကြယ္ဖို႔ ဘီးေလးနဲ႔ ျခစ္သလို ေပါ့။

ကြန္ကရစ္ေလာင္းရာတြင္ေရ+ဘိလပ္ေျမ ဓာတ္ျပဳမႈေၾကာင့္ ကြန္ကရစ္ အတြင္း အပူစြမ္အင္ျဖစ္ လာပါသည္။ ဓာတ္ျပဳမႈျဖစ္ေစေသာ ေရသည္ အပူေၾကာင့္ အေငြ႕အျဖစ္ ဘဝေျပာင္းကာ ကြန္ကရစ္၏ အေပၚမ်က္ႏွာျပင္သို လမ္းေၾကာင္းရွာ တိုးထြက္လာပါသည္။

ေရေငြ႕ ပ်ံျခင္းေၾကာင့္ ကြန္ကရစ္တြင္း ေရထုထည္ ဆုံးရႈံးၿပီး က်ဳံ႕့ဝင္ျခင္း ပမာဏေတြ ျဖစ္လာပါသည္။ကြန္ကရစ္ေလာင္းးစဥ္မွာ မ်က္ွာျပင္ညႇိရင္း ကြန္ကရစ္အနည္အႏွစ္ေတြစုဖြဲ႕ကာ အေရဖ်ား ကဲ့သို႔ ပါးလႊာေသာ အလႊာတခု ျဖစ္ေနပါသည္။

ေရငြ႕ သည္ အေပၚလႊာကို တြန္းထိုးေဖာက္ထြက္သည့္အခါ အက္ေၾကာင္းမ်ား ျဖစ္ေပၚလာပါသည္။ က်ဳံ႕ဝင္မႈမွာ အစုအဖြဲေပါင္းစည္လိုအားေတြႏွင့္ ႀကဳံ႕ေနၾကပါသည္။

တဘက္သတ္ေပါင္းစည္းအားမ်ား စုစည္းမႈ လြန္ဆြဲမႈသည္ ကြန္ကရစ္ထု၏ ခံႏိုင္မႈကိုေက်ာ္သည့္ေနရာမ်ားမွာ အက္ေၾကာင္း မ်ားျဖစ္လာပါသည္။ ဘက္ေပါင္းစုံ စုစည္းအာေတြေၾကာင့္ အက္ေၾကာင္ဘက္ေပါင္းစုံမွာ ျဖစ္ပါသည္။

ေလးဘက္ေလးတန္ က်င္းဖြဲ႕ အက္ေသာေၾကာင့္ ၎အက္ျခင္းကို ပညာရွင္ေတြက Contraction crack လို႔ သတ္မွတ္ေခၚေဝၚပါသည္။ ကြန္ကရစ္ တြင္းေရေငြ႕ဆုံးရႈံး မႈျမန္ဆန္လ်င္ အက္ေၾကာင္း
ပိုမ်ားႏိုင္သည့္အတြက္ ကာကြယ္သည္အေနျဖင့္ Concrete curing လုပ္ပါသည္။

ေရေငြ႕တိုးထြက္မႈေၾကာင့္ မ်က္ႏွာျပင္ အက္ေၾကာင္းမ်ာျဖစ္ေပၚၿပီး ၎အက္ေၾကာင္းမ်ား ႐ုန္းကန္မႈေၾကာင့္ အတြင္းကြန္ကရစ္သားေတ ထိခိုက္ႏိုင္သည့္ အတြက္ Surface texture line stripes ဂ်စ္ဆြဲပါသည္။

သနပ္ခါးလိမ္းလ်င္ ေျခာက္ခါနီးမွာ ပါးေရတင္းမႈ ေတြျဖစ္သည့္အတြက္.. ကာကြယ္သည့္အေနျဖင့္ ဘီးကေလးႏွင့္ ျခစ္သလိုေပါ့။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ဗဟုသုတအျဖစ္ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။