သ႐ုပ္ေဆာင္လူမင္း ဒါ႐ိုက္တာအေနနဲ႔ ႐ိုက္ကူးပုံေဖာ္ေနတဲ့ ေအာင္ဆန္း႐ုပ္ရွင္ ႐ိုက္ကူးၿပီးစီးမႈအေျခအေနနဲ႔ ပတ္သက္ၿပီး တာဝန္ရွိသူေတြရဲ႕ ေျပာၾကားခ်က္ေတြနဲ႔ ႐ုပ္သံကို ထုတ္ျပန္လိုက္ပါတယ္။
ေအာင္ဆန္း႐ုပ္ရွင္စတင္႐ိုက္ကူးေရး မိတ္ဆက္ပြဲအခမ္းအနားကို ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ ၂၄ ရက္ေန႔မွာ ျပဳလုပ္ခဲ့တာျဖစ္ၿပီး ၃၀ ရက္ေန႔မွာေတာ့ ႐ိုက္ကူးေရး လုပ္ငန္းေတြကို စတင္ခဲ့တာ ျဖစ္ပါတယ္။
လတ္တေလာမွာေတာ့ ဒီကားကို ရက္ေပါင္း ၁၀၀ ေက်ာ္႐ိုက္ကူးခဲ့ၿပီး ျဖစ္တယ္လို႔ ဒါ႐ိုက္တာ လူမင္းက ဆိုပါတယ္။ေအာင္ဆန္း႐ုပ္ရွင္အတြက္ ဇာတ္ေကာင္ေ႐ြးခ်ယ္မႈပိုင္းကို တာဝန္ယူထားတဲ့ ဒါ႐ိုက္တာ ပန္းခ်ီစိုးမိုးကေတာ့ “နဂိုက ေ႐ြးၿပီးသားကေတာ့ ဗိုလ္ခ်ဳပ္ေနရာရယ္၊ ေဒၚခင္ၾကည္ေနရာရယ္ နဂိုဇာတ္ေကာင္ေတြ ေ႐ြးၿပီးသားေပါ့၊
က်န္တဲ့ ဇာတ္ေဆာင္ေတြကေတာ့ ေနာက္ပိုင္းမွ ေ႐ြးတာ၊ သ႐ုပ္ေဆာင္ကေတာ့ အျပင္လူထက္ေတာ့ ပိုေကာင္းတာေပါ့၊ အမူအရာေကာင္းမွ ဇာတ္ရွိန္တက္တာ၊ အဲေတာ့ အျပင္လူလည္း ျဖစ္ရင္ျဖစ္ မယ္၊ ႐ုပ္ရွင္ထဲကလည္း ျဖစ္ရင္ျဖစ္မယ္၊ ႐ုပ္ရွင္ထဲကလည္း တူတဲ့လူပဲ ေ႐ြးတာပါ”လို႔ ေျပာပါတယ္။
ဒီ႐ုပ္ရွင္ကို ရန္ကုန္အပါအဝင္ မႏၲေလး၊ အင္းဝ၊ ေရနံေခ်ာင္း အစရွိတဲ့ ၿမိဳ႕ေတြမွာပါ သြားေရာက္႐ိုက္ကူးေနတာျဖစ္ၿပီး ဇာတ္ေကာင္ေတြျဖစ္တဲ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္း အျဖစ္ ေက်ာ္ေက်ာ္မ်ိဳး၊ ေဒၚခင္ၾကည္အျဖစ္ နန္႔ဇာျခည္လင္း၊ ေက်ာင္းသားေခါင္းေဆာင္ ကိုဗဟိန္းအျဖစ္ ညိဳမင္းလြင္၊ သခင္ႏုအျဖစ္ ေအာင္ေမာ္ထြန္း၊
မန္းဘခိုင္အျဖစ္ မင္းဦး၊ သခင္ျမအျဖစ္ ရဲေအာင္၊ ေဒါက္တာ ဘေမာ္အျဖစ္ ရန္ေအာင္၊ မာရီလွေတာအျဖစ္ မိုးေဟကို၊ ဗိုလ္ေနဝင္းအျဖစ္ ႏိုင္းႏိုင္း၊ ဗိုလ္မင္းေရာင္အျဖစ္ လူမင္းတို႔ ပါဝင္သ႐ုပ္ ေဆာင္ေနၾကတာ ျဖစ္ပါတယ္။
ေနာက္ထပ္ ဇာတ္ေကာင္ျဖစ္တဲ့ ဂဠဳန္ဦးေစာေနရာမွာ ဂဠဳန္ဦးေစာရဲ႕ ျမစ္ျဖစ္တဲ့ ေဇာ္ေဇာ္ပိုင္ကို အစပိုင္းက ထည့္သြင္း႐ိုက္ကူးဖို႔ ျပင္ဆင္ခဲ့ေပမယ့္ မိသားစုက ခြင့္မျပဳ ေတာ့တာေၾကာင့္ ေနာက္ထပ္ လူေ႐ြးခ်ယ္ဖို႔ Casting ေခၚခဲ့ရတာ ျဖစ္ပါတယ္။
အဲဒီေနာက္မွာေတာ့ ဂဠဳန္ဦးေစာေနရာမွာ သ႐ုပ္ေဆာင္ဖို႔အတြက္ လာေရာက္ ေလွ်ာက္ထားသူ ဥကၠာေက်ာ္ကို လူေတြ႕စစ္ေဆးေမးျမန္းမႈေတြ၊ မိတ္ကပ္စမ္းသပ္လိမ္း ျခယ္မႈေတြ လုပ္ေဆာင္ခဲ့ၿပီး ေ႐ြးခ်ယ္ခဲ့တယ္လို႔ သိရပါတယ္။
“ေအာင္ဆန္း႐ုပ္ရွင္”႐ိုက္ကူးေရးလုပ္ငန္းေတြကိုေတာ့ ကိုဗစ္-၁၉ ကပ္ေရာဂါ ေၾကာင့္ ရပ္နားထားခဲ့ရၿပီး ၿပီးခဲ့တဲ့ ဩဂုတ္လ ၅ ရက္ေန႔တုန္းကေတာ့ သက္ဆိုင္ရာ အဖြဲ႕အစည္း အဆင့္ဆင့္ဆီ ညႇိႏႈိင္းခြင့္ျပဳခ်က္ရယူကာ ေ႐ႊတိဂုံေစတီေတာ္ ရင္ျပင္ေပၚမွာ ႐ိုက္ကြင္းတည္ခဲ့ၿပီး ႐ိုက္ကူးမႈေတြ လုပ္ခဲ့တာကို ေတြ႕ရပါတယ္။
႐ုပ္ရွင္႐ိုက္ကူးရာမွာ ျပင္ဆင္ရတဲ့ အပိုင္းေတြနဲ႔ ပတ္သက္ၿပီးေတာ့ လူမင္းက ခုလို ေျပာပါ တယ္။
“ျပင္ဆင္ရတာကေတာ့ မ႐ိုက္ခင္အခ်ိန္ထိကို သတိထားၿပီး ျပင္ဆင္ေနရတုန္းပဲ၊ ဘာလို႔လဲဆိုေတာ့ သတိေလးတခ်က္လစ္တာနဲ႔ ပါသြားႏိုင္စရာ၊ ထင္ေယာင္ထင္မွား ျဖစ္ စရာေတြက အၿမဲရွိတယ္၊ ဉပမာ အက်ႌေလးတထည္ျဖစ္ျဖစ္၊ ပုဆိုးေလးတထည္ျဖစ္ျဖစ္၊
တပ္တဲ့ မ်က္မွန္ျဖစ္ျဖစ္၊ ေဘာပင္ေလးတေခ်ာင္းပဲျဖစ္ျဖစ္ ေခတ္နဲ႔ အံဝင္ခြင္က် လြဲေခ်ာ္ မႈေတြက ပါႏိုင္တာေၾကာင့္ ႐ိုက္တဲ့ ေနရာမွာလည္း တခ်ိဳ႕သမိုင္းအခ်က္အလက္ေတြက ကိုယ္တို႔ သတိႀကီးစြာထားၿပီး ႐ိုက္ရပါတယ္”
ဒီ႐ုပ္သံထဲမွာေတာ့ သက္ဆိုင္ရာ ျမန္မာ့သမိုင္းအဖြဲ႕ ပညာရွင္ေတြ၊ ဇာတ္ေကာင္ ေတြရဲ႕ ေခတ္အလိုက္ အဝတ္အစားပိုင္းဆိုင္ရာ တာဝန္ယူထားတဲ့ ပညာရွင္ေတြကလည္း “ေအာင္ဆန္း႐ုပ္ရွင္”႐ိုက္ကူးေရး အေျခအေနနဲ႔ ပတ္သက္ၿပီး ေျပာျပထားခဲ့ၾကတာပါ။
႐ုပ္ရွင္ထဲမွာ ပါဝင္မယ့္ CGI အထူးျပဳလုပ္ခ်က္ေတြ၊ နည္းပညာပိုင္းဆိုင္ရာေတြနဲ႔ ပတ္သက္ၿပီးေတာ့ ေဘာလိဝုဒ္က ပညာရွင္ေတြကလည္း Third Party အေနနဲ႔ ပူးေပါင္း ႐ိုက္ကူးမႈေတြ ျပဳလုပ္ေနတယ္လို႔ ဆိုပါတယ္။
ရုပ္သံၾကည့္ရန္
Unicode
အောင်ဆန်း ရုပ်ရှင် ရိုက်ကူးပြီးစီးမှု အခြေအနေ ရုပ်သံ
သရုပ်ဆောင်လူမင်း ဒါရိုက်တာအနေနဲ့ ရိုက်ကူးပုံဖော်နေတဲ့ အောင်ဆန်းရုပ်ရှင် ရိုက်ကူးပြီးစီးမှုအခြေအနေနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေရဲ့ ပြောကြားချက်တွေနဲ့ ရုပ်သံကို ထုတ်ပြန်လိုက်ပါတယ်။
အောင်ဆန်းရုပ်ရှင်စတင်ရိုက်ကူးရေး မိတ်ဆက်ပွဲအခမ်းအနားကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ၃၀ ရက်နေ့မှာတော့ ရိုက်ကူးရေး လုပ်ငန်းတွေကို စတင်ခဲ့တာ ဖြစ်ပါတယ်။
လတ်တလောမှာတော့ ဒီကားကို ရက်ပေါင်း ၁၀၀ ကျော်ရိုက်ကူးခဲ့ပြီး ဖြစ်တယ်လို့ ဒါရိုက်တာ လူမင်းက ဆိုပါတယ်။အောင်ဆန်းရုပ်ရှင်အတွက် ဇာတ်ကောင်ရွေးချယ်မှုပိုင်းကို တာဝန်ယူထားတဲ့ ဒါရိုက်တာ ပန်းချီစိုးမိုးကတော့ “နဂိုက ရွေးပြီးသားကတော့ ဗိုလ်ချုပ်နေရာရယ်၊ ဒေါ်ခင်ကြည်နေရာရယ် နဂိုဇာတ်ကောင်တွေ ရွေးပြီးသားပေါ့၊
ကျန်တဲ့ ဇာတ်ဆောင်တွေကတော့ နောက်ပိုင်းမှ ရွေးတာ၊ သရုပ်ဆောင်ကတော့ အပြင်လူထက်တော့ ပိုကောင်းတာပေါ့၊ အမူအရာကောင်းမှ ဇာတ်ရှိန်တက်တာ၊ အဲတော့ အပြင်လူလည်း ဖြစ်ရင်ဖြစ် မယ်၊ ရုပ်ရှင်ထဲကလည်း ဖြစ်ရင်ဖြစ်မယ်၊ ရုပ်ရှင်ထဲကလည်း တူတဲ့လူပဲ ရွေးတာပါ”လို့ ပြောပါတယ်။
ဒီရုပ်ရှင်ကို ရန်ကုန်အပါအဝင် မန္တလေး၊ အင်းဝ၊ ရေနံချောင်း အစရှိတဲ့ မြို့တွေမှာပါ သွားရောက်ရိုက်ကူးနေတာဖြစ်ပြီး ဇာတ်ကောင်တွေဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း အဖြစ် ကျော်ကျော်မျိုး၊ ဒေါ်ခင်ကြည်အဖြစ် နန့်ဇာခြည်လင်း၊ ကျောင်းသားခေါင်းဆောင် ကိုဗဟိန်းအဖြစ် ညိုမင်းလွင်၊ သခင်နုအဖြစ် အောင်မော်ထွန်း၊
မန်းဘခိုင်အဖြစ် မင်းဦး၊ သခင်မြအဖြစ် ရဲအောင်၊ ဒေါက်တာ ဘမော်အဖြစ် ရန်အောင်၊ မာရီလှတောအဖြစ် မိုးဟေကို၊ ဗိုလ်နေဝင်းအဖြစ် နိုင်းနိုင်း၊ ဗိုလ်မင်းရောင်အဖြစ် လူမင်းတို့ ပါဝင်သရုပ် ဆောင်နေကြတာ ဖြစ်ပါတယ်။
နောက်ထပ် ဇာတ်ကောင်ဖြစ်တဲ့ ဂဠုန်ဦးစောနေရာမှာ ဂဠုန်ဦးစောရဲ့ မြစ်ဖြစ်တဲ့ ဇော်ဇော်ပိုင်ကို အစပိုင်းက ထည့်သွင်းရိုက်ကူးဖို့ ပြင်ဆင်ခဲ့ပေမယ့် မိသားစုက ခွင့်မပြု တော့တာကြောင့် နောက်ထပ် လူရွေးချယ်ဖို့ Casting ခေါ်ခဲ့ရတာ ဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ ဂဠုန်ဦးစောနေရာမှာ သရုပ်ဆောင်ဖို့အတွက် လာရောက် လျှောက်ထားသူ ဥက္ကာကျော်ကို လူတွေ့စစ်ဆေးမေးမြန်းမှုတွေ၊ မိတ်ကပ်စမ်းသပ်လိမ်း ခြယ်မှုတွေ လုပ်ဆောင်ခဲ့ပြီး ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။
“အောင်ဆန်းရုပ်ရှင်”ရိုက်ကူးရေးလုပ်ငန်းတွေကိုတော့ ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် ရပ်နားထားခဲ့ရပြီး ပြီးခဲ့တဲ့ ဩဂုတ်လ ၅ ရက်နေ့တုန်းကတော့ သက်ဆိုင်ရာ အဖွဲ့အစည်း အဆင့်ဆင့်ဆီ ညှိနှိုင်းခွင့်ပြုချက်ရယူကာ ရွှေတိဂုံစေတီတော် ရင်ပြင်ပေါ်မှာ ရိုက်ကွင်းတည်ခဲ့ပြီး ရိုက်ကူးမှုတွေ လုပ်ခဲ့တာကို တွေ့ရပါတယ်။
ရုပ်ရှင်ရိုက်ကူးရာမှာ ပြင်ဆင်ရတဲ့ အပိုင်းတွေနဲ့ ပတ်သက်ပြီးတော့ လူမင်းက ခုလို ပြောပါ တယ်။
“ပြင်ဆင်ရတာကတော့ မရိုက်ခင်အချိန်ထိကို သတိထားပြီး ပြင်ဆင်နေရတုန်းပဲ၊ ဘာလို့လဲဆိုတော့ သတိလေးတချက်လစ်တာနဲ့ ပါသွားနိုင်စရာ၊ ထင်ယောင်ထင်မှား ဖြစ် စရာတွေက အမြဲရှိတယ်၊ ဉပမာ အင်္ကျီလေးတထည်ဖြစ်ဖြစ်၊ ပုဆိုးလေးတထည်ဖြစ်ဖြစ်၊
တပ်တဲ့ မျက်မှန်ဖြစ်ဖြစ်၊ ဘောပင်လေးတချောင်းပဲဖြစ်ဖြစ် ခေတ်နဲ့ အံဝင်ခွင်ကျ လွဲချော် မှုတွေက ပါနိုင်တာကြောင့် ရိုက်တဲ့ နေရာမှာလည်း တချို့သမိုင်းအချက်အလက်တွေက ကိုယ်တို့ သတိကြီးစွာထားပြီး ရိုက်ရပါတယ်”
ဒီရုပ်သံထဲမှာတော့ သက်ဆိုင်ရာ မြန်မာ့သမိုင်းအဖွဲ့ ပညာရှင်တွေ၊ ဇာတ်ကောင် တွေရဲ့ ခေတ်အလိုက် အဝတ်အစားပိုင်းဆိုင်ရာ တာဝန်ယူထားတဲ့ ပညာရှင်တွေကလည်း “အောင်ဆန်းရုပ်ရှင်”ရိုက်ကူးရေး အခြေအနေနဲ့ ပတ်သက်ပြီး ပြောပြထားခဲ့ကြတာပါ။
ရုပ်ရှင်ထဲမှာ ပါဝင်မယ့် CGI အထူးပြုလုပ်ချက်တွေ၊ နည်းပညာပိုင်းဆိုင်ရာတွေနဲ့ ပတ်သက်ပြီးတော့ ဘောလိဝုဒ်က ပညာရှင်တွေကလည်း Third Party အနေနဲ့ ပူးပေါင်း ရိုက်ကူးမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။