သ႐ုပ္ေဆာင္ လူမင္း၊ေျပတီဦး ႏွင့္ေ႐ႊမႈန္ရတီတို႔ကို စစ္ေကာင္စီမွ ဧၿပီလတြင္ See More…
ႏွစ္ဆန္းတစ္ရက္ေန႔တြင္ လူမင္းႏွင့္ေ႐ႊမႈန္ရတီတို႔ သ႐ုပ္ေဆာင္ထားတဲ့ ေဝးမေနခ်င္ဘူး ဇာတ္ ကားကို ႐ုပ္ရွင္႐ုံအားလုံးမွာျပသေတာ့မည္
ဧၿပီလ ၁၇ ရက္ ႏွစ္ဆန္းတစ္ရက္ေန႔တြင္ လူမင္း ႏွင့္ေ႐ႊမႈန္ရတီ တို႔ သ႐ုပ္ေဆာင္ထားတဲ့ ေဝးမေနခ်င္ဘူး ဇာတ္ကားကို ျပသေတာ့မွာျဖစ္ၿပီး အပတ္စဥ္ေသာၾကာေန႔တိုင္း ဇာတ္ကားအသစ္ လဲလွယ္သြားမယ္လို႔ ႐ုပ္ရွင္အစည္းအ႐ုံးက ဆုံးျဖတ္ခ်က္ခ်မွတ္လိုက္ပါတယ္။
ယေန႔ မတ္လ ၂၅ ရက္မွာ ႐ုပ္ရွင္အစည္းအေဝးက အစည္းအေဝးျပဳလုပ္ၿပီး ဆုံးျဖတ္ခ်က္ခ်ခဲ့တယ္လို႔သိရပါတယ္။
ဧၿပီလ ၁၇ ရက္မွာ Triple Six ထုတ္လုပ္ေရးရဲ႕ သ႐ုပ္ေဆာင္ လူမင္းနဲ႔ ေ႐ႊမႈန္ရတီပါဝင္တဲ့ ေဝးမေနခ်င္ဘူး ဇာတ္ကား၊ ဧၿပီလ ၂၉ ရက္မွာ သက္တန္႔အိမ္ထုတ္လုပ္ေရးရဲ႕
သ႐ုပ္ေဆာင္ ေျပတီဦးနဲ႔ ေဖြးေဖြးပါဝင္တဲ့ လိပ္ျပာေထာင္ေခ်ာက္ဇာတ္ကား၊ ေမလ ၆ ရက္မွာ Dream Filming ထုတ္လုပ္ေရးရဲ႕ သ႐ုပ္ေဆာင္ ပိုင္တံခြန္နဲ႔ အိေခ်ာပိုပါဝင္တဲ့ ေမွာင္တိုက္ဇာတ္ကား၊ ေမလ ၁၃ ရက္မွာ ကာလာထုတ္လုပ္ေရးရဲ႕ သ႐ုပ္ေဆာင္ ေျပတီဦးနဲ႔ ဝတ္မႈန္ေ႐ႊရည္ပါဝင္တဲ့
႐ြာေဂၚဇာတ္ကား၊ ေမလ ၂၀ ရက္မွာ ပါဝါကင္းထုတ္လုပ္ေရးရဲ႕ သ႐ုပ္ေဆာင္ ေအာင္ရဲလင္းနဲ႔ အိျႏၵာေက်ာ္ဇင္ပါဝင္တဲ့ အခ်ိဳဆုံး အခ်စ္အျပင္းဆုံးအခ်စ္ ဇာတ္ကားနဲ႔ ေမလ ၂၇ ရက္မွာ နယူးပြိဳင့္ထုတ္လုပ္ေရးရဲ႕ သ႐ုပ္ေဆာင္ ေျပတီဦးနဲ႔ ခိုင္သင္းၾကည္ ပါဝင္တဲ့ ကေမာက္ကမသမီးေယာကၡမ ဇာတ္ကားတို႔ ျပသသြားမွာျဖစ္တယ္လို႔သိရပါတယ္။
က်န္းမာေရးဝန္ႀကီးဌာနမွ ကိုဗစ္-၁၉ ေရာဂါကာကြယ္ တားဆီးေရးဆိုင္ရာ အစီအမံမ်ားနဲ႔အညီ ျပဳစုထားတဲ့ “႐ုပ္ရွင္ျပသရာတြင္ လိုက္နာေဆာင္႐ြက္ရမယ့္ စံျပဳသတ္မွတ္ခ်က္ (Standard Operating Procedures-SOP)”နဲ႔အညီ
လိုက္နာက်င့္သုံး ေဆာင္႐ြက္ၿပီး ပထမအဆင့္ျပသရန္ လ်ာထားတဲ့ ႐ုပ္ရွင္႐ုံ(၆၀)ခန္႔ကို ၂၀၂၂ ခုႏွစ္၊ ဧၿပီလ (၁၇) ရက္ေန႔ (ျမန္မာႏွစ္ဆန္း ၁ ရက္ေန႔)တြင္ ျပန္လည္ဖြင့္လွစ္ျပသသြားမည္ျဖစ္ပါေၾကာင္းျပန္ၾကားေရးဝန္ႀကီးဌာနက အသိေပးထားပါတယ္။
အခုလိုအခ်ိန္မွာ ကိုဗစ္-၁၉ ေရာဂါျဖစ္ပြားမႈ အေျခအေနသုံးသပ္ခ်က္မ်ားအရ ကိုဗစ္-၁၉ ေရာဂါဓာတ္ခြဲအတည္ျပဳလူနာသစ္ေတြ႕ရွိမႈ၊ ပိုးေတြ႕မႈႏႈန္းနဲ႔ ေသဆုံးမႈႏႈန္းတို႔မွာ သိသာစြာက်ဆင္းလာေၾကာင္း ေတြ႕ရွိရတဲ့အတြက္ေၾကာင့္ ျပန္လည္ဖြင့္လွစ္ေပးခဲ့ေၾကာင္းလည္းရွင္းျပထားပါတယ္။
credit original writer
unicode
သရုပ်ဆောင် လူမင်း၊ပြေတီဦး နှင့်ရွှေမှုန်ရတီတို့ကို စစ်ကောင်စီမှ ဧပြီလတွင် See More…
နှစ်ဆန်းတစ်ရက်နေ့တွင် လူမင်းနှင့်ရွှေမှုန်ရတီတို့ သရုပ်ဆောင်ထားတဲ့ ဝေးမနေချင်ဘူး ဇာတ် ကားကို ရုပ်ရှင်ရုံအားလုံးမှာပြသတော့မည်
ဧပြီလ ၁၇ ရက် နှစ်ဆန်းတစ်ရက်နေ့တွင် လူမင်း နှင့်ရွှေမှုန်ရတီ တို့ သရုပ်ဆောင်ထားတဲ့ ဝေးမနေချင်ဘူး ဇာတ်ကားကို ပြသတော့မှာဖြစ်ပြီး အပတ်စဉ်သောကြာနေ့တိုင်း ဇာတ်ကားအသစ် လဲလှယ်သွားမယ်လို့ ရုပ်ရှင်အစည်းအရုံးက ဆုံးဖြတ်ချက်ချမှတ်လိုက်ပါတယ်။
ယနေ့ မတ်လ ၂၅ ရက်မှာ ရုပ်ရှင်အစည်းအဝေးက အစည်းအဝေးပြုလုပ်ပြီး ဆုံးဖြတ်ချက်ချခဲ့တယ်လို့သိရပါတယ်။
ဧပြီလ ၁၇ ရက်မှာ Triple Six ထုတ်လုပ်ရေးရဲ့ သရုပ်ဆောင် လူမင်းနဲ့ ရွှေမှုန်ရတီပါဝင်တဲ့ ဝေးမနေချင်ဘူး ဇာတ်ကား၊ ဧပြီလ ၂၉ ရက်မှာ သက်တန့်အိမ်ထုတ်လုပ်ရေးရဲ့
သရုပ်ဆောင် ပြေတီဦးနဲ့ ဖွေးဖွေးပါဝင်တဲ့ လိပ်ပြာထောင်ချောက်ဇာတ်ကား၊ မေလ ၆ ရက်မှာ Dream Filming ထုတ်လုပ်ရေးရဲ့ သရုပ်ဆောင် ပိုင်တံခွန်နဲ့ အိချောပိုပါဝင်တဲ့ မှောင်တိုက်ဇာတ်ကား၊ မေလ ၁၃ ရက်မှာ ကာလာထုတ်လုပ်ရေးရဲ့ သရုပ်ဆောင် ပြေတီဦးနဲ့ ဝတ်မှုန်ရွှေရည်ပါဝင်တဲ့
ရွာဂေါ်ဇာတ်ကား၊ မေလ ၂၀ ရက်မှာ ပါဝါကင်းထုတ်လုပ်ရေးရဲ့ သရုပ်ဆောင် အောင်ရဲလင်းနဲ့ အိန္ဒြာကျော်ဇင်ပါဝင်တဲ့ အချိုဆုံး အချစ်အပြင်းဆုံးအချစ် ဇာတ်ကားနဲ့ မေလ ၂၇ ရက်မှာ နယူးပွိုင့်ထုတ်လုပ်ရေးရဲ့ သရုပ်ဆောင် ပြေတီဦးနဲ့ ခိုင်သင်းကြည် ပါဝင်တဲ့ ကမောက်ကမသမီးယောက္ခမ ဇာတ်ကားတို့ ပြသသွားမှာဖြစ်တယ်လို့သိရပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ် တားဆီးရေးဆိုင်ရာ အစီအမံများနဲ့အညီ ပြုစုထားတဲ့ “ရုပ်ရှင်ပြသရာတွင် လိုက်နာဆောင်ရွက်ရမယ့် စံပြုသတ်မှတ်ချက် (Standard Operating Procedures-SOP)”နဲ့အညီ
လိုက်နာကျင့်သုံး ဆောင်ရွက်ပြီး ပထမအဆင့်ပြသရန် လျာထားတဲ့ ရုပ်ရှင်ရုံ(၆၀)ခန့်ကို ၂၀၂၂ ခုနှစ်၊ ဧပြီလ (၁၇) ရက်နေ့ (မြန်မာနှစ်ဆန်း ၁ ရက်နေ့)တွင် ပြန်လည်ဖွင့်လှစ်ပြသသွားမည်ဖြစ်ပါကြောင်းပြန်ကြားရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။
အခုလိုအချိန်မှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အခြေအနေသုံးသပ်ချက်များအရ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ်တွေ့ရှိမှု၊ ပိုးတွေ့မှုနှုန်းနဲ့ သေဆုံးမှုနှုန်းတို့မှာ သိသာစွာကျဆင်းလာကြောင်း တွေ့ရှိရတဲ့အတွက်ကြောင့် ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်းလည်းရှင်းပြထားပါတယ်။



