ဗဟုသုတ

ဘုရားပန်း ကပ်ခြင်းဖြစ်ပေါ်လာပုံ နှင့် ပန်းအိုး ဘယ်နှစ်အိုး ကပ်သင့်သလဲ

ဘုရားပန်း ကပ်ခြင်းဖြစ်ပေါ်လာပုံ နှင့် ပန်းအိုး ဘယ်နှစ်အိုး ကပ်သင့်သလဲ

၁။ ပန်း ဘာကြောင့် ကပ်ရသလဲ?

၂။ ပန်းအိုး ဘယ်နှစ်အိုး ထားသင့်ပါသလဲ?

၁။ ဂေါတမ မြတ်စွာဘုရားရှင် ဇေတဝန်ကျောင်း ဂန္ဓကုဋီတိုက်တော်မှာ သီတင်းသုံးတော်မူစဉ် ရပ်ဝေးရပ်နီးမှ ရဟန်း ရှင် လူအများ ဘုရားဖူးတရားနာလာကြကုန်၏။

ခရီးကပမ်း လမ်းကကြမ်းသောကြောင့် ချွေးသီးချွေးပေါက် အသွယ်သွယ် ဖုန်အလိမ်းလိမ်းနှင့်ပေါ့။

တချို့မှာ ချွေးနံ့တထောင်းထောင်းနှင့် ဘုရားရှင်သီတင်းသုံးရာ ဂန္ဓကုဋီတိုက်တော်တခုလုံး အနံ့အသက်တွေကမကောင်း။

ဒါကို သတိပြုမိတဲ့ ညီတော်အရှင်အာနန္ဒာစသော ရဟန်းရှင်လူတွေက ဘုရားနဲ့ တရားနာပရိသတ်အကြားမှာ ပန်းနံ့သာတွေကို ထားခဲ့ကြတယ်။

ဘုရားပန်းတွေကြောင့် ပရိသတ်တွေဆီက ချွေးနံ့တွေ ဘုရားဆီမရောက်တော့ဘူးပေါ့။တရားနာပရိသတ်တွေလည်း ပန်းနံ့လေးတွေရ ပန်းတွေကိုမြင်ပြီးအမောတွေပြေ စိတ်တွေကြည်လင်လာတယ်။

တရားနာရတာလည်း အရင်ကထက် ကြည်ကြည်နူးနူးရှိလာတယ် ။ထိုအချိန်မှစ၍ ဘုရားပန်းလှူတဲ့ဓလေ့က စတင်လာတယ်။

ပန်းပန်တာမဟုတ်တဲ့အတွက်မာလာဂန္ဓ ဝိလေပနဆိုတဲ့ သီလနဲ့လည်း ငြိစွန်းမှုမရှိတော့ဘူး အပြစ်ကင်းတယ်။

၂။ ပန်းအိုးဘယ်နှစ်အိုး ထားရမလဲဆိုတဲ့ အမေးမှာ နံပါတ် ၁ အဖြေက သက်သေဖြစ်တယ်။ဘယ်နှစ်အိုးထားထား အပြစ်မရှိဘူး။ မိမိတို့ရဲ့ ဘုရား ကျောင်းဆောင်နဲ့ လိုက်ဖက်သလိုထားနိုင်တယ်။

၁အိုး ၃အိုးစသည်ဖြင့် မ ဂဏန်းထားမှ ၂အိုး၄အိုးစသည်ဖြင့် စုံဂဏန်းထားမှဟုဘုရားဟောမရှိခဲ့ဘူး။စုံ မ ခွဲပြီး လှူဒါန်းတာကဗုဒ္ဓဘါသာရဲ့ အယူအဆမဟုတ်ပါဘူး။

မိမိရဲ့ဘုရားကျောင်းဆောင်အနေအထားကဘယ်နှစ်အိုးထားမှ တင့်တယ်မယ်ဆိုတာကိုချင့်ချိန်တတ်ဖို့အရေးကြီးသည်။

တချို့က ယတြာတွေ အဓိဋ္ဌာန်တွေကြောင့် အရေအတွက်အမျိုးမျိုးလှူကြတယ်။ ဘယ်လိုပဲလှူလှူ ကုသိုလ်က ကုသိုလ်ပါပဲ။ ဘုရားပန်းတွေလန်းတော့ ဘုရားကျောင်းဆောင်လည်း မင်္ဂလာကျက်သရေတိုးတာပေါ့။

တရားချစ်ခင် စိတ်ကောင်းဝင်ကြကုန်သော သူတော်စင် ပရိသတ်အပေါင်း ကပ်သုံးပါးနှင့်ဝေး၍ အမြတ်ဆုံးတရားနှင့်အေးပါစေ။ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာ လန်းဖြာကြပါစေ။

ဖန်ခါးမြေ

ဘုရားပန္း ကပ္ျခင္းျဖစ္ေပၚလာပုံ ႏွင့္ ပန္းအိုး ဘယ္ႏွစ္အိုး ကပ္သင့္သလဲ

၁။ ပန္း ဘာေၾကာင့္ ကပ္ရသလဲ?

၂။ ပန္းအိုး ဘယ္ႏွစ္အိုး ထားသင့္ပါသလဲ?

၁။ ေဂါတမ ျမတ္စြာဘုရားရွင္ ေဇတဝန္ေက်ာင္း ဂႏၶကုဋီတိုက္ေတာ္မွာ သီတင္းသုံးေတာ္မူစဥ္ ရပ္ေဝးရပ္နီးမွ ရဟန္း ရွင္ လူအမ်ား ဘုရားဖူးတရားနာလာၾကကုန္၏။

ခရီးကပမ္း လမ္းကၾကမ္းေသာေၾကာင့္ ေခၽြးသီးေခၽြးေပါက္ အသြယ္သြယ္ ဖုန္အလိမ္းလိမ္းႏွင့္ေပါ့။

တခ်ိဳ႕မွာ ေခၽြးနံ့တေထာင္းေထာင္းႏွင့္ ဘုရားရွင္သီတင္းသုံးရာ ဂႏၶကုဋီတိုက္ေတာ္တခုလုံး အနံ့အသက္ေတြကမေကာင္း။

ဒါကို သတိျပဳမိတဲ့ ညီေတာ္အရွင္အာနႏၵာစေသာ ရဟန္းရွင္လူေတြက ဘုရားနဲ႔ တရားနာပရိသတ္အၾကားမွာ ပန္းနံ့သာေတြကို ထားခဲ့ၾကတယ္။

ဘုရားပန္းေတြေၾကာင့္ ပရိသတ္ေတြဆီက ေခၽြးနံ့ေတြ ဘုရားဆီမေရာက္ေတာ့ဘူးေပါ့။တရားနာပရိသတ္ေတြလည္း ပန္းနံ့ေလးေတြရ ပန္းေတြကိုျမင္ၿပီးအေမာေတြေၿပ စိတ္ေတြၾကည္လင္လာတယ္။

တရားနာရတာလည္း အရင္ကထက္ ၾကည္ၾကည္ႏူးႏူးရွိလာတယ္ ။ထိုအခ်ိန္မွစ၍ ဘုရားပန္းလႉတဲ့ဓေလ့က စတင္လာတယ္။

ပန္းပန္တာမဟုတ္တဲ့အတြက္မာလာဂႏၶ ဝိေလပနဆိုတဲ့ သီလနဲ႔လည္း ၿငိစြန္းမႈမရွိေတာ့ဘူး အျပစ္ကင္းတယ္။

၂။ ပန္းအိုးဘယ္ႏွစ္အိုး ထားရမလဲဆိုတဲ့ အေမးမွာ နံပါတ္ ၁ အေျဖက သက္ေသျဖစ္တယ္။ဘယ္ႏွစ္အိုးထားထား အျပစ္မရွိဘူး။ မိမိတို႔ရဲ့ ဘုရား ေက်ာင္းေဆာင္နဲ႔ လိုက္ဖက္သလိုထားနိုင္တယ္။

၁အိုး ၃အိုးစသည္ျဖင့္ မ ဂဏန္းထားမွ ၂အိုး၄အိုးစသည္ျဖင့္ စုံဂဏန္းထားမွဟုဘုရားေဟာမရွိခဲ့ဘူး။စုံ မ ခြဲၿပီး လႉဒါန္းတာကဗုဒၶဘါသာရဲ့ အယူအဆမဟုတ္ပါဘူး။

မိမိရဲ့ဘုရားေက်ာင္းေဆာင္အေနအထားကဘယ္ႏွစ္အိုးထားမွ တင့္တယ္မယ္ဆိုတာကိုခ်င့္ခ်ိန္တတ္ဖို႔အေရးႀကီးသည္။

တခ်ိဳ႕က ယၾတာေတြ အဓိ႒ာန္ေတြေၾကာင့္ အေရအတြက္အမ်ိဳးမ်ိဳးလႉၾကတယ္။ ဘယ္လိုပဲလႉလႉ ကုသိုလ္က ကုသိုလ္ပါပဲ။ ဘုရားပန္းေတြလန္းေတာ့ ဘုရားေက်ာင္းေဆာင္လည္း မဂၤလာက်က္သေရတိုးတာေပါ့။

တရားခ်စ္ခင္ စိတ္ေကာင္းဝင္ၾကကုန္ေသာ သူေတာ္စင္ ပရိသတ္အေပါင္း ကပ္သုံးပါးႏွင့္ေဝး၍ အျမတ္ဆုံးတရားႏွင့္ေအးပါေစ။ကိုယ္စိတ္ႏွစ္ျဖာက်န္းမာခ်မ္းသာ လန္းျဖာၾကပါေစ။

ဖန္ခါးေျမ