သြစတြေးလျကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဒုတိယကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ ရေတပ်ဒုတိယ ဗိုလ်ချုပ်ကြီး ဒေးဗစ်ဂျွန်စတန် ဇွန်လ ၁၆ ရက်က မြန်မာစစ်တပ်ရဲ့ ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ ဒုတိယအကြိမ် ဆက်သွယ် စကားပြောခဲ့ ကြပါတယ်။
မြန်မာနိုင်ငံရဲ့ အခြေအနေအပေါ် သြစတြေးလျအစိုးရအနေနဲ့ နက်နက်ရှိုင်းရှိုင်း စိုးရိမ်ပူပန်မှုရှိကြောင်း ရေတပ်ဒုတိယဗိုလ်ချုပ်ကြီးဂျွန်စတန်က ထုတ်ဖော်ပြောဆိုခဲ့ပြီး
ဖမ်းဆီးခံထားရတဲ့ စီးပွားရေးအကြံပေး ပါမောက္ခ ရှောင်တာနဲလ်ကို ချက်ချင်းလွှတ်ပေးဖို့ သြစတြေးလျအစိုးရရဲ့ တောင်းဆိုချက်ကို ထပ်မံပြောကြား ခဲ့ပါတယ်။
ပါမောက္ခ ရှောင်တာနဲလ်လွတ်မြောက်ရေးကို သြစတြေးလျ အစိုးရက အလွန်ဦးစားပေး အလေးထားကြောင်းပြောပြီး သူ့အခြေအနေနဲ့ပတ်သက်ပြီး တောင်းဆိုမှု တွေလည်း လုပ်ခဲ့ပါတယ်။
ဒါ့အပြင် မြန်မာစစ်တပ်အာဏာပိုင်တွေအနေနဲ့ အရပ်သားတွေအပေါ် အကြမ်းဖက်မှုမှ ရှောင်ရှားဖို့၊ ဒီမိုကရေစီကို အမြန်ဆုံးပြန်လည်ထူထောင်ဖို့၊ ဖေဖော်ဝါရီ ၁ ရက်မှစပြီး မတရား ဖမ်းဆီးထိန်းသိမ်းထားသူတွေကို ချက်ချင်းပြန်လွှတ်ပေးဖို့နဲ့ လိုအပ်နေတဲ့လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ပိုမိုရရှိဖို့ ခွင့်ပြုပေးရန် တိုက်တွန်းခဲ့ပါတယ်။
ဒါ့အပြင် မြန်မာစစ်ကောင်စီအနေနဲ့ အချက် ၅ ချက်ပါ အာဆီယံ သဘောတူညီချက်ကို အမြန်နိုင်ဆုံး အကောင်အထည်ဖော်ဖို့လည်း တိုက်တွန်းသွားခဲ့ပါတယ်။
———————-
ၾသစေၾတးလ်ကာကြယ္ေရးတပ္ဖြဲ႕ရဲ႕ ဒုတိယကာကြယ္ေရးဦးစီးခ်ဳပ္ျဖစ္တဲ့ ေရတပ္ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ေဒးဗစ္ဂြၽန္စတန္ ဇြန္လ ၁၆ ရက္က ျမန္မာစစ္တပ္ရဲ႕ ဒုတိယ ကာကြယ္ေရးဦးစီးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းနဲ႔ ဒုတိယအႀကိမ္ ဆက္သြယ္ စကားေျပာခဲ့ ၾကပါတယ္။
ျမန္မာႏိုင္ငံရဲ႕ အေျခအေနအေပၚ ၾသစေၾတးလ်အစိုးရအေနနဲ႔ နက္နက္ရႈိင္းရႈိင္း စိုးရိမ္ပူပန္မႈရွိေၾကာင္း ေရတပ္ဒုတိယဗိုလ္ခ်ဳပ္ႀကီးဂြၽန္စတန္က ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီး
ဖမ္းဆီးခံထားရတဲ့ စီးပြားေရးအႀကံေပး ပါေမာကၡ ေရွာင္တာနဲလ္ကို ခ်က္ခ်င္းလႊတ္ေပးဖို႔ ၾသစေၾတးလ်အစိုးရရဲ႕ ေတာင္းဆိုခ်က္ကို ထပ္မံေျပာၾကား ခဲ့ပါတယ္။
ပါေမာကၡ ေရွာင္တာနဲလ္လြတ္ေျမာက္ေရးကို ၾသစေၾတးလ် အစိုးရက အလြန္ဦးစားေပး အေလးထားေၾကာင္းေျပာၿပီး သူ႔အေျခအေနနဲ႔ပတ္သက္ၿပီး ေတာင္းဆိုမႈ ေတြလည္း လုပ္ခဲ့ပါတယ္။
ဒါ့အျပင္ ျမန္မာစစ္တပ္အာဏာပိုင္ေတြအေနနဲ႔ အရပ္သားေတြအေပၚ အၾကမ္းဖက္မႈမွ ေရွာင္ရွားဖို႔၊ ဒီမိုကေရစီကို အျမန္ဆုံးျပန္လည္ထူေထာင္ဖို႔၊ ေဖေဖာ္ဝါရီ ၁ ရက္မွစၿပီး မတရား ဖမ္းဆီးထိန္းသိမ္းထားသူေတြကို ခ်က္ခ်င္းျပန္လႊတ္ေပးဖို႔နဲ႔ လိုအပ္ေနတဲ့လူသားခ်င္း စာနာေထာက္ထားမႈဆိုင္ရာ အကူအညီေတြကို ပိုမိုရရွိဖို႔ ခြင့္ျပဳေပးရန္ တိုက္တြန္းခဲ့ပါတယ္။
ဒါ့အျပင္ ျမန္မာစစ္ေကာင္စီအေနနဲ႔ အခ်က္ ၅ ခ်က္ပါ အာဆီယံ သေဘာတူညီခ်က္ကို အျမန္ႏိုင္ဆုံး အေကာင္အထည္ေဖာ္ဖို႔လည္း တိုက္တြန္းသြားခဲ့ပါတယ္။