အေရးေပၚကယ္ဆယ္ေရးအဖြဲ႕မ်ားသခၤန္းစာယူၾကေစလို
RIP ေသခ်င္းတရားသည္အခ်ိန္တန္လၽွင္ေရွာင္လြဲ၍မရပါတကား
ဆိုင္ကယ္အက္စီးဒင့္ျဖစ္ေနသူကို လူမႈကူညီေရးအဖြဲ႕မွကယ္တင္ေနရင္း အရွိန္ျဖင့္ေမာင္းႏွင္လာေသာ ကားမွဝင္တိုက္မိ၍လူနာအပါအဝင္ ၄ ဦး ေသ ၊ ၄ ဦးဒဏ္ရာရရွိ
ထိုင္းနိုင္ငံ အေရးေပၚ လူမႈကူညီေရးအသင္းသားတို႔ရဲ့ ရင္နင့္စရာအျဖစ္အပ်က္တစ္ခုပါ
မေန႔ည ဇူလိုင္လ ၉ ရက္ေန႔ ည ၂၁: ၀၀ ခ်ိန္ လုပ္ဘူရီၿမိဳ႕နယ္ ဘန္မီ – ေနာင္မြန္း ကားလမ္းနံေဘးတြင္ အသက္ ၅၆ ႏွစ္အရြယ္ အမ်ိဖုးသား ( ၁ ) ဆိုင္ကယ္ေမွာက္ၿပီးသတိလစ္ေနသျဖင့္ ေဆး႐ုံသို႔အျမန္ဆုံးပိုေဆာင္နိုင္ရန္ အနီးအနားကမ်က္ျမင္မ်ားက အကူအညီေတာင္းခံခဲ့သျဖင့္ ” အမွတ္ ၁၃ မဟာဆြန္ ” လူမႈကူညီေရးအဖြဲ႕မွခ်က္ခ်င္းသြားေရာက္ၿပီး
ေရွးဦးသူနာျပဳနည္းမ်ားျဖင့္ျပဳစုေပးခဲ့ၾကစဥ္ ႐ုတ္တစ္ရက္ အသက္ ၆၃ ႏွစ္အရြယ္ေမာင္းႏွင္လာေသာ တိုယိုတာ VIGO တစ္ခန္းခြဲကား ၊ယာဥ္မွတ္ ၉၇၄၄ သည္အရွိန္ျပင္းစြာနဲ႔ ဝင္ေရာက္တိုက္မိခဲ့ပါတယ္ ။
ကံဆိုးစြာဘဲေနရာမွာ ကနဦးဆိုယ္ကယ္ေမွာက္၍ သတိလစ္ေနသူလူနာလည္းပြဲခ်င္းၿပီးေသဆုံးခဲ့သလို လူမႈကယ္ဆယ္ေရးအဖြဲ႕မွ အသက္ (၂၃ ) ႏွစ္အရြယ္ ကိုယ္ဝန္ေဆာင္မိခင္ Miss. Phatcharaporn ၊ အသက္ (၂၅) ႏွစ္အရြယ္ Mr. SuHtam ၊ အသက္ (၂၅) ႏွစ္အရြယ္ Mr. Jeerasak တို႔ဟာ ေနရာမွာဘဲပြဲခ်င္းၿပီးေသဆုံးခဲ့ၾကပါတယ္ ။
ကံဆိုးရွာသူကေတာ့ ကိုယ္ဝန္ေဆာင္မိခင္ပါဘဲ ။
ေနာက္ထပ္လူမႈကူညီေရးအဖြဲ႕ေခါင္းေဆာင္ျဖစ္သူ အသက္ ( ၄၁ ) ႏွစ္အရြယ္ Mr.Mon Chinran ၊ အသက္ (၂၅) ႏွစ္အရြယ္ Mr. SomSong ၊ အသက္ (၃၃) ႏွစ္အရြယ္ Mr.Dorn Keawmanee ၊ အသက္ (၂၃) ႏွစ္အရြယ္ Mr.Htamrat တို႔အသီးသီးဒဏ္ရာရရွိခဲ့တယ္လို႔ ဒုတိယရဲမႉး Phituk မွ သတင္းေထာက္မ်ားအား ေျပာခ်က္အရသိရွိရသည္ ။
ယာဥ္တိုက္မႈေၾကာင့္ဆိုင္ကယ္မွထက္ပိုင္းျခမ္းသြားၿပီးေနာက္တစ္စီးမွာပ်က္စီးသြားခံသည္ ။
ယာဥ္ေမာင္းသည္ ကားလမ္းမွာ ညအခ်ိန္ေမွာင္ေနသျဖင့္ဘာမၽွမျမင္ရလို႔ယခုလိုျဖစ္ခဲ့ျခင္းျဖစ္ေၾကာင္းဆိုပါတယ္ ။
ညအခ်ိန္ အေဝးေျပးကားလမ္း ( သို႔ ) အႏၲရာယ္ရွိနိုင္သည့္လမ္းေပၚတြင္ လုမႈကူညီေရးအဖြဲ႕မ်ားအေနျဖင့္ ကယ္ဆယ္ေရးလုပ္ငန္းမ်ားေဆာင္ရြက္ၾကမည္ဆိုလၽွင္ အေဝးမွသိသာထင္ရွားသည့္ ေရာင္ျပန္အကၤ်ီ / ေဘာင္းဘီႏွင့္ ဦးထုပ္မ်ား ၊ အေရးေပၚအခ်က္ျပမီးတန္မ်ား ( သို႔ ) ကယ္ဆယ္ေရးအဖြဲ႕မ်ားအေရးေပၚလုပ္ငန္းေဆာင္ရြက္ေနသည္ဟုအေဝးမွသိသာထင္ေအာင္ ကန႔္သတ္ဧရိယာအျဖင့္ မီးေရာင္မ်ား ၊ အခ်က္ျပမီးမ်ားထားရွိသင့္သလို သက္ဆိုင္ရာရဲတပ္ဖြဲ႕မွလည္းယူေဆာင္လာသင့္ပါသည္ ။
ဒါမွသာယာဥ္ေမာင္းမ်ားမွေရွ႕က အေရးေပၚမီးမ်ားကိုျမင္ေတြ႕ၿပီးအရွိန္ေလၽွာ့ကာ ေရွာင္ကြင္းေမာင္းႏွင္နိုင္ၾကမွာျဖစ္ပါတယ္.
ဟိုတစ္ေန႔ညက ရန္ကုန္ၿမိဳ႕မွာရပ္ထားတဲ့ထာပ္ကားကိုဝင္တိုက္မိသည့္ ကားအက္စီးဒင့္မွာ ကယ္ဆယ္ေရးကားေရာက္လာတဲ့ အခ်ိန္ ႀကိဳတင္ေရာက္ရွိေနတဲ့ ရဲတပ္ဖြဲ႕ကလက္ႏွိပ္ဓါတ္မီးေလးနဲ႔ ေဝွ႕ယမ္းအခ်က္ျပတာကိုေတြ႕ျမင္ရပါတယ္ ၊
ကားရွင္းေနတဲ့ ညသန္းေခါင္းယံအခ်ိန္မို႔ပါ ဘာဘဲျဖစ္ျဖစ္ သတိဆိုတာပိုသည္မရွိပါဘူး ၊ အလားတူျဖစ္စဥ္မ်ိဳးေတြစာ မၾကာခဏၾကဳံေတြ႕ရေနတာမို႔ အထူးသတိျပဳေစခ်င္ပါတယ္….
Photo #Credit
SiThuMaung
==========
အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များသင်္ခန်းစာယူကြစေလို
RIP သေချင်းတရားသည်အချိန်တန်လျှင်ရှောင်လွဲ၍မရပါတကား
ဆိုင်ကယ်အက်စီးဒင့်ဖြစ်နေသူကို လူမှုကူညီရေးအဖွဲ့မှကယ်တင်နေရင်း အရှိန်ဖြင့်မောင်းနှင်လာသော ကားမှဝင်တိုက်မိ၍လူနာအပါအဝင် ၄ ဦး သေ ၊ ၄ ဦးဒဏ်ရာရရှိ
ထိုင်းနိုင်ငံ အရေးပေါ် လူမှုကူညီရေးအသင်းသားတို့ရဲ့ ရင်နင့်စရာအဖြစ်အပျက်တစ်ခုပါ
မနေ့ည ဇူလိုင်လ ၉ ရက်နေ့ ည ၂၁: ၀၀ ချိန် လုပ်ဘူရီမြို့နယ် ဘန်မီ – နောင်မွန်း ကားလမ်းနံဘေးတွင် အသက် ၅၆ နှစ်အရွယ် အမျိဖုးသား ( ၁ ) ဆိုင်ကယ်မှောက်ပြီးသတိလစ်နေသဖြင့် ဆေးရုံသို့အမြန်ဆုံးပိုဆောင်နိုင်ရန် အနီးအနားကမျက်မြင်များက အကူအညီတောင်းခံခဲ့သဖြင့် ” အမှတ် ၁၃ မဟာဆွန် ” လူမှုကူညီရေးအဖွဲ့မှချက်ချင်းသွားရောက်ပြီး
ရှေးဦးသူနာပြုနည်းများဖြင့်ပြုစုပေးခဲ့ကြစဉ် ရုတ်တစ်ရက် အသက် ၆၃ နှစ်အရွယ်မောင်းနှင်လာသော တိုယိုတာ VIGO တစ်ခန်းခွဲကား ၊ယာဉ်မှတ် ၉၇၄၄ သည်အရှိန်ပြင်းစွာနဲ့ ဝင်ရောက်တိုက်မိခဲ့ပါတယ် ။
ကံဆိုးစွာဘဲနေရာမှာ ကနဦးဆိုယ်ကယ်မှောက်၍ သတိလစ်နေသူလူနာလည်းပွဲချင်းပြီးသေဆုံးခဲ့သလို လူမှုကယ်ဆယ်ရေးအဖွဲ့မှ အသက် (၂၃ ) နှစ်အရွယ် ကိုယ်ဝန်ဆောင်မိခင် Miss. Phatcharaporn ၊ အသက် (၂၅) နှစ်အရွယ် Mr. SuHtam ၊ အသက် (၂၅) နှစ်အရွယ် Mr. Jeerasak တို့ဟာ နေရာမှာဘဲပွဲချင်းပြီးသေဆုံးခဲ့ကြပါတယ် ။
ကံဆိုးရှာသူကတော့ ကိုယ်ဝန်ဆောင်မိခင်ပါဘဲ ။
နောက်ထပ်လူမှုကူညီရေးအဖွဲ့ခေါင်းဆောင်ဖြစ်သူ အသက် ( ၄၁ ) နှစ်အရွယ် Mr.Mon Chinran ၊ အသက် (၂၅) နှစ်အရွယ် Mr. SomSong ၊ အသက် (၃၃) နှစ်အရွယ် Mr.Dorn Keawmanee ၊ အသက် (၂၃) နှစ်အရွယ် Mr.Htamrat တို့အသီးသီးဒဏ်ရာရရှိခဲ့တယ်လို့ ဒုတိယရဲမှူး Phituk မှ သတင်းထောက်များအား ပြောချက်အရသိရှိရသည် ။
ယာဉ်တိုက်မှုကြောင့်ဆိုင်ကယ်မှထက်ပိုင်းခြမ်းသွားပြီးနောက်တစ်စီးမှာပျက်စီးသွားခံသည် ။
ယာဉ်မောင်းသည် ကားလမ်းမှာ ညအချိန်မှောင်နေသဖြင့်ဘာမျှမမြင်ရလို့ယခုလိုဖြစ်ခဲ့ခြင်းဖြစ်ကြောင်းဆိုပါတယ် ။
ညအချိန် အဝေးပြေးကားလမ်း ( သို့ ) အန္တရာယ်ရှိနိုင်သည့်လမ်းပေါ်တွင် လုမှုကူညီရေးအဖွဲ့များအနေဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ကြမည်ဆိုလျှင် အဝေးမှသိသာထင်ရှားသည့် ရောင်ပြန်အင်္ကျီ / ဘောင်းဘီနှင့် ဦးထုပ်များ ၊ အရေးပေါ်အချက်ပြမီးတန်များ ( သို့ ) ကယ်ဆယ်ရေးအဖွဲ့များအရေးပေါ်လုပ်ငန်းဆောင်ရွက်နေသည်ဟုအဝေးမှသိသာထင်အောင် ကန့်သတ်ဧရိယာအဖြင့် မီးရောင်များ ၊ အချက်ပြမီးများထားရှိသင့်သလို သက်ဆိုင်ရာရဲတပ်ဖွဲ့မှလည်းယူဆောင်လာသင့်ပါသည် ။
ဒါမှသာယာဉ်မောင်းများမှရှေ့က အရေးပေါ်မီးများကိုမြင်တွေ့ပြီးအရှိန်လျှော့ကာ ရှောင်ကွင်းမောင်းနှင်နိုင်ကြမှာဖြစ်ပါတယ်.
ဟိုတစ်နေ့ညက ရန်ကုန်မြို့မှာရပ်ထားတဲ့ထာပ်ကားကိုဝင်တိုက်မိသည့် ကားအက်စီးဒင့်မှာ ကယ်ဆယ်ရေးကားရောက်လာတဲ့ အချိန် ကြိုတင်ရောက်ရှိနေတဲ့ ရဲတပ်ဖွဲ့ကလက်နှိပ်ဓါတ်မီးလေးနဲ့ ဝှေ့ယမ်းအချက်ပြတာကိုတွေ့မြင်ရပါတယ် ၊
ကားရှင်းနေတဲ့ ညသန်းခေါင်းယံအချိန်မို့ပါ ဘာဘဲဖြစ်ဖြစ် သတိဆိုတာပိုသည်မရှိပါဘူး ၊ အလားတူဖြစ်စဉ်မျိုးတွေစာ မကြာခဏကြုံတွေ့ရနေတာမို့ အထူးသတိပြုစေချင်ပါတယ်….
Photo #Credit
SiThuMaung