ကာခ်ဳပ္ရဲ႕သားသမီးႏွစ္ဦးနဲ႔ စီးပြားေရးလုပ္ငန္းေတြကို အေမရိကန္ဒဏ္ခတ္အေရးယူ
အာဏာသိမ္း စစ္ေကာင္စီ အႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ရဲ႕ သား ေအာင္ျပည့္စုံ၊ သမီး ခင္သီရိသက္မြန္နဲ႔အတူ
သူတို႔ပိုင္ဆိုင္တဲ့ စီးပြားေရးလုပ္ငန္း ၆ ခုကိုအေမရိကန္ျပည္ေထာင္စု အစိုးရက ဒီေန႔ ဒဏ္ခတ္အေရးယူလိုက္ပါတယ္
အေမရိကန္ဘ႑ာေရးဝန္ႀကီးဌာနက မတ္လ ၁ဝ ရက္ေန႔က ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ
ဒီမိုကေရစီနည္းက် ေ႐ြးခ်ယ္တင္ေျမႇာက္ထားတဲ့ အရပ္သားအစိုးရကို ျဖဳတ္ခ်ၿပီး အာဏာသိမ္းခဲ့တဲ့လုပ္ရပ္နဲ႔ ၿငိမ္းခ်မ္းစြာ
ဆႏၵျပသူေတြအေပၚ အၾကမ္းဖက္ ၿဖိဳခြင္း သတ္ျဖတ္ခဲ့တဲ့လုပ္ရပ္ေတြအေပၚ တုံ႔ျပန္တဲ့အေနနဲ႔ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ရဲ႕
သားသမီးႏွစ္ဦးအေပၚကို အေရးယူတာျဖစ္ေၾကာင္း ေဖာ္ျပထားတာပါတယ္
ေအာင္ျပည့္စုံနဲ႔ ခင္သီရိသက္မြန္တို႔ ပိုင္ဆိုင္တဲ့ စီးပြားေရးလုပ္ငန္းကုမၸဏီေတြကေတာ့ A & M မဟာ ကုမၸဏီလိမိတက္၊
Sky One ေဆာက္လုပ္ေရး ကုမၸဏီလိမိတက္ The Yangon Restaurant၊ Yangon Gallery ပန္းခ်ီျပခန္း၊ Everfit ကုမၸဏီလိမိတက္၊ Seventh Sense မီဒီယာထုတ္လုပ္ငန္းေရး ကုမၸဏီလိမိတက္တို႔ျဖစ္ပါတယ္
ဒီေန႔ဘ႑ာေရးဌာန ေၾကညာခ်က္မွာ အေမရိကန္ဘ႑ာေရးဝန္ႀကီးဌာနရဲ႕ ျပည္ပပိုင္ဆိုင္မႈထိန္းခ်ဳပ္ေရး႒ာန ၫႊန္ၾကားေရးမႉး Andrea M. Gacki က
“ၿငိမ္းခ်မ္းစြာဆႏၵျပေနသူေတြကို အၾကမ္းဖက္ၿဖိဳခြဲတဲ့လုပ္ရပ္ဟာ လက္ခံႏိုင္စရာ မရွိဘူး”လို႔ လည္း ေျပာၾကားထားပါတယ္
ေဖေဖာ္ဝါရီ ၁ ရက္ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္းမွာ ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္
ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတ ဦးဝင္းျမင့္ အပါအဝင္အရပ္ဖက္လူမႈဝန္ထမ္းေတြ၊ သတင္းေထာက္ေတြ၊ လူ႔အခြင့္အေရး တက္ႂကြလႈပ္ရွားသူေတြနဲ႔ ဖမ္းဆီးခံထားရသူအားလုံး ျပန္လႊတ္ေပးဖို႔ကိုလည္း ေတာင္းဆိုထားပါတယ္
အေမရိကန္ျပည္ေထာင္စုဟာ ျမန္မာျပည္သူေတြနဲ႔အတူ ရပ္တည္ေၾကာင္းလည္း ေျပာဆိုထားၿပီး၊ အာဏသိမ္းလုပ္ရပ္မွာ တာဝန္ရွိသူေတြအားလုံးကို အေရးယူႏိုင္ေအာင္ ဆက္ၿပီး
ႀကိဳးပမ္းသြားမွာျဖစ္တယ္လို႔လည္း ဒီကေန႔ ဘ႑ာေရးဝန္ႀကီးဌာနက ထုတ္ျပန္ခဲ့တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္
unicode
ကာချုပ်ရဲ့သားသမီးနှစ်ဦးနဲ့ စီးပွားရေးလုပ်ငန်းတွေကို အမေရိကန်ဒဏ်ခတ်အရေးယူ
အာဏာသိမ်း စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သား အောင်ပြည့်စုံ၊ သမီး ခင်သီရိသက်မွန်နဲ့အတူ
သူတို့ပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်း ၆ ခုကိုအမေရိကန်ပြည်ထောင်စု အစိုးရက ဒီနေ့ ဒဏ်ခတ်အရေးယူလိုက်ပါတယ်
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက မတ်လ ၁ဝ ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ
ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့တဲ့လုပ်ရပ်နဲ့ ငြိမ်းချမ်းစွာ
ဆန္ဒပြသူတွေအပေါ် အကြမ်းဖက် ဖြိုခွင်း သတ်ဖြတ်ခဲ့တဲ့လုပ်ရပ်တွေအပေါ် တုံ့ပြန်တဲ့အနေနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့
သားသမီးနှစ်ဦးအပေါ်ကို အရေးယူတာဖြစ်ကြောင်း ဖော်ပြထားတာပါတယ်
အောင်ပြည့်စုံနဲ့ ခင်သီရိသက်မွန်တို့ ပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းကုမ္ပဏီတွေကတော့ A & M မဟာ ကုမ္ပဏီလိမိတက်၊
Sky One ဆောက်လုပ်ရေး ကုမ္ပဏီလိမိတက် The Yangon Restaurant၊ Yangon Gallery ပန်းချီပြခန်း၊ Everfit ကုမ္ပဏီလိမိတက်၊ Seventh Sense မီဒီယာထုတ်လုပ်ငန်းရေး ကုမ္ပဏီလိမိတက်တို့ဖြစ်ပါတယ်။
ဒီနေ့ဘဏ္ဍာရေးဌာန ကြေညာချက်မှာ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ပြည်ပပိုင်ဆိုင်မှုထိန်းချုပ်ရေးဋ္ဌာန ညွှန်ကြားရေးမှူး Andrea M. Gacki က
“ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေကို အကြမ်းဖက်ဖြိုခွဲတဲ့လုပ်ရပ်ဟာ လက်ခံနိုင်စရာ မရှိဘူး”လို့ လည်း ပြောကြားထားပါတယ်
ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင်အရပ်ဖက်လူမှုဝန်ထမ်းတွေ၊ သတင်းထောက်တွေ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ ဖမ်းဆီးခံထားရသူအားလုံး ပြန်လွှတ်ပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်
အမေရိကန်ပြည်ထောင်စုဟာ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်းလည်း ပြောဆိုထားပြီး၊ အာဏသိမ်းလုပ်ရပ်မှာ တာဝန်ရှိသူတွေအားလုံးကို အရေးယူနိုင်အောင် ဆက်ပြီး
ကြိုးပမ်းသွားမှာဖြစ်တယ်လို့လည်း ဒီကနေ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်