CNN နဲ. ဒေါက်တာဆာဆာ အင်တာဗျူးကောက်နှုတ်ချက်
စီအန်အန်က မေးတာက လုံခြုံရေးကောင်စီမှာ R2P` တောင်းရတဲ့ အကြောင်းကို အဓိကထားမေးတယ်။ မေးတဲ့သူက နံမည်ကြီး စစ်သတင်းထောက်ပါ။သိကြမှာပါ။
ဘယ်အချက်တွေကြောင့်ဆိုတာကို ဒေါက်တာဆာဆာ အကြမ်းဖျင်းရှင်းပြတယ်
နောက် သတင်းထောက်က ကုလအထူးသတင်းထောက်ပြောတဲ့ ပစ်တဲ့ သေနတ်အမျိုးအစားတွေကို ပြန်ပြောပြရင်း ဗွီဒီယိုနဲ.ပါ ပစ်နေတာကို ပြနေတယ်
ပြန်မေးတယ်။ ဒေါက်တာဆာဆာ က ဟုတ်မှန်ကြောင်းပြောပြီး ရှင်းပြတယ်
နောက်ထပ် မြန်မာဆိုင်ရာ ကုလ အထူး ကိုယ်စားလှယ်ရဲ. ဗွီဒီယိုနဲ. မြန်မာပြည်သူတွေကို ပန်ကြားတာကို ပြန်ဖွင့်ပြတယ်။ ကုလကိုယ်စားလှယ်ပန်ကြားတာက မအလတို.က
မြန်မာပြည်သူတွေကို အကြမ်းဖက်ပြီး ပြန်ခုခံတာမျိုးကို လုပ်စေချင်နေလို. မတရား အကြမ်းဖက်နေတာပါတဲ့။ ထောင်ချောက်ဆင်နေတာပါတဲ့။ မြန်မာပြည်သူတွေအနေနဲ.အဲ့ထောင်ချောက်ထဲ မဝင်ကြဖို. တောင်းပန်ပါတယ်တဲ့
အဲ့ဒါကို ပြပြီး ဒေါက်တာဆာဆာကို ဆက်မေးပါတယ်။ မြန်မာပြည်သူတွေက ဘယ်လိုလဲတဲ့။ ဒေါက်တာဆာဆာက ငါတို. ပြည်သူတွေက သတ္တိရှိပေမယ့် ငြိမ်းချမ်းရေးကိုလိုလားတယ်။ အခုထက်ထိလည်း လုံးဝ လက်နက်ကိုင် ခုခံတာ မရှိဘူး။ လုံးဝကို မရှိတာ။
ဒါပေမယ့် အိမ်တံခါးနားထိ မျက်ရည်ယိုဗုံးတွေ ပစ်ပြီး အကြမ်းဖက်တာမျိုးလုပ်လာတဲ့ ကေ့စ်တွေမှာတော့ ငါတို. မြန်မာပြည်သူတွေက သူတို. အတတ်နိုင်ဆုံး ခုခံတာတော့ လုပ်ပါတယ်တဲ့။ ဒါမျိုးခုခံတာကလည်း နည်းလွန်းပါတယ်တဲ့
လူနည်းစု လူမျိုးတွေ လက်နက်ကိုင်တယ်ဆိုတာ တပ်က သူတို.နောက်ကို လိုက်ပြီး မတရား သတ်ဖြတ်လို.ကိုင်တာပါတဲ့
အဲ့မှာ သတင်းထောက်က အခု ကမ္ဘာက ဘယ်သူမှ မင်းတို. ပြည်သူကို အပြစ်မတင်ပါဘူးကွာလို. ပြောပြီး ဓာတ်ပုံတစ်ပုံကို ပြတယ်
ဓာတ်ပုံမှာ မြန်မာလို ရေးတာကတော့ သေးလို. ကျနော် ဖတ်မရဘူး။ အင်းဂလိပ်လို သတင်းထောက်က ဘာသာပြန်ပြတယ်။ ဆန္ဒပြသူ တချို.တွေက အိတ်လေးတွေမှာ သူတို.သွေးအမျိုးအစားကို ရေးပြထားပြီး သူတို.အပစ်ခံရလို. ပြန်ကောင်းဖို. အခြေအနေ မရှိရင် မကယ်ပါနဲ.တဲ့။ သူတို. အင်ဂါအစိတ်အပိုင်းကို လိုအပ်တဲ့သူတွေအတွက် လှူပါတယ်တဲ့
သတင်းထောက်က ပြောတယ်။ အရမ်းကို သတ္တိရှိတာပဲတဲ့။ကြည့်ရတာ ဒေါက်တာဆာဆာ အဲ့သတင်းကို မသိသေးတဲ့ပုံပဲ သူချက်ချင်း စိတ်မကောငးတဲ့ပုံပေါက်တယ်
နောက် စကား ပြန်ပြောရင်း ဘယ်မျက်စိကို ပွတ်တယ်ဆိုတော့ ကျနော့် အမြင် မျက်ရည်ဝဲသွားတာလား မသိဘူးဗျာ
ဒေါက်တာဆာဆာက ပြောတယ်။ ငါတို. ပြည်သူတွေကို ဒီလို အကြမ်းဖက်တာ အခုမှ မဟုတ်ဘူးဆိုပြီး အရင် အရေးအခင်းအကုန်ကို ခုနှစ်တွေနဲ. ရွတ်ပြတော့တာပဲ။
ငါတို. အဲ့လောက်ခံခဲ့ရတာတောင် အခုထိ အကြမ်းမဖက်ဘူး။ငါတို. မြန်မာပြည်သူတွေ လိုချင်တာ ငွေမဟုတ်ဘူး၊ တခြား ဘာအကူအညီမှ မလိုဘူး
ငါတို.လိုချင်တာ ငါတို. ဆုံးရှုံးသွားတဲ့ လွတ်လပ်မှု၊ ဒီမိုကရေစီ၊ တရားမျှတမှု၊ ဖဒရယ် နဲ. ငြိမ်းချမ်းရေးပဲ။ အဲ့အတွက် နိုင်ငံတကာက မိတ်ဆွေများအနေနဲ.
ငါတို. မြန်မာပြည်သူတွေဖက်က ရပ်တည်ပြီး ငါတို. ဆုံးရှုံးသွားတာတွေကို ပြန်ရအောင် ကူညီပေးကြပါတဲ့။ ကဲ ပြီးရော
ကျန်တာကတော့ ဒေါက်တာဆာဆာကိုယ်တိုင် အာဏာသိမ်းတဲ့ နေရာကနေဘယ်လို လွတ်မြောက်လာတဲ့ အကြောင်း အကျဉ်းချုပ်လေးပဲ မေးတယ်