ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ဒီကနေ့ပြုလုပ်တဲ့ တိုကျိုအိုလံပစ် ၂၀၂၀ ဖွင့်ပွဲမှာ နိုင်ငံအသီးသီးက အားကစားအဖွဲ့တွေ ကွင်းထဲဝင်လာပြီး ပါဝင်ကြချိန်မှာ မြန်မာနိုင်ငံ ကိုယ်စားပြု အားကစားအဖွဲ့က အားကစားငမားတွေ ဖွင့်ပွဲကျင်းပတဲ့ ကွင်းထဲလိုက်ပါမလာဘဲ မြန်မာအလံသာ ကိုင်ဆောင်ခါတာ တွေ့ရပါတယ်။
Getty Images
ကွင်းထဲဝင်ရောက်လာတဲ့ Myanmar ဆိုတဲ့ ဆိုင်းဘုတ်အနောက်မှာ မြန်မာပြည်အလံသာ ရှိပြီး တိုကျိုအိုလံပစ် ဝင်ရောက်ယှဥ်ပြိုင်တဲ့ မြန်မာကစားသမား တစ်ဦးမှ လိုက်ပါလာခြင်း မရှိပါဘူး။
“တိုကျိုအိုလံပစ်ရဲ့ မြန်မာ ကိုယ်စားပြုအသင်းမှာ အလံပဲပါပါတယ်။ ကစားသမား တစ်ယောက်မှမပါလာဘူး။
အစီအစဥ်ကြေညာသူပြောသွားတာက ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာယူထားတယ်လို့ ပြောသွားတယ်။
ပြည်တွင်းစစ်ကြောင့် အားကစားမှာ ပြင်ဆင်တာတွေ မလုပ်နိုင်ဘူးလို့လည်း ပြောပါတယ်“လို့ တိုကျိုမြို့ရောက် ကိုမျိုးဇော်ဟိန်းက ပြောသည်။
Getty Images
နိုင်ငံကိုယ်စားပြုအုပ်ချုပ်သူတွေ နည်းပြတွေ ဘယ်သူမှမတွေ့ရပဲ (၁၀) မီတာ လေပစ္စတိုပစ်ပြိုငိပွဲဝင်မဲ့ ရေတပ်က ရဲထွန်းနောင်တစ်ဦးတည်းပဲ အလံကိုင်ချီတက်ခဲ့ပါတယ်။
သေနတ်ပစ်နည်းပြမတွေ့ရသလို ကြက်တောင်ရိုက်ပြိုင်ပွဲဝင်မယ့် သက်ထားသူဇာလည်းမတွေ့ရပါဘူး။
အိုလံပစ်ဖွင့်ပွဲသမိုင်းမှာ ပြိုင်ပွဲဝင်တစ်ဦးတည်းပဲ အလံကိုင်ချီတက်အင်အားပြတာ ဒါပထမဆုံးဖြစ်မယ်လို့ ဂျပန်သတင်းတွေမှာဖေါ်ပြထားပါတယ်။
၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲဟာ COVID-19 ကပ်ရောဂါကြောင့် လက်ရှိ ၂၀၂၁ ဇူလိုင်လမှာ ကျင်းပနိူင်တာဖြစ်ပြီး မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၂၀၅ နိုင်ငံက အားကစားသမားပေါင်း ၁၁၃၂၆ ဦး ဝင်ရောက်ယှဥ်ပြိုင်နေတာ ဖြစ်ပါတယ်။
Getty Images
ဂျပန်နိုင်ငံမှာ ကျင်းပမယ့် တိုကျို အိုလံပစ်ပြိုင်ပွဲမှာ မြန်မာအပါအဝင် အာဆီယံ ၁၀ နိုင်ငံက အားကစားနည်း ပေါင်း ၇၅ မျိုးမှာ အားကစားသမားပေါင်း ၁၇၁ ယောက် ဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိနေပါတယ်။
ထိုင်းနိုင်ငံက အားကစားနည်း ၁၄ နည်းမှာ အားကစားသမားပေါင်း ၄၂ ယောက်နဲ့ အများဆုံး ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး မလေးရှားက အားကစားနည်း ၁၀ မျိုး အားကစားသမား အယောက် ၃၀၊ အင်ဒိုနီးရှားက အားကစားနည်း ၈ မျိုး ကစားသမား ၂၈ ယောက်ဝင်ပြိုင်မှာပါ။
စင်ကာပူကတော့ အားကစားနည်း ၁၁ မျိုးမှာ ကစားသမား ၂၂ ယောက်၊ ဖိလစ်ပိုင်က ကစားနည်း ၁၁ မျိုး အားကစားသမား ၁၉ ယောက်၊ ဗီယက်နမ်ကလည်း အားကစားနည်း ၁၁ မျိုးမှာ ကစားသမား ၁၈ ယောက် ဝင်ပြိုင်မှာပါ။
လာအိုနိုင်ငံက အားကစားနည်း ၃ မျိုးမှာ ကစားသမား ၄ ယောက်၊ မြန်မာက အားကစားနည်း ၃ မျိုးမှာ ကစားသမား ၃ ယောက်၊ ကမ္ဘောဒီးယားက အားကစားနည်း ၂ မျိုး ကစားသမား ၃ ယောက်နဲ့ ဘရူနိုင်းက အားကစားနည်း ၂ မျိုး အားကစားသမား ၂ ယောက်စီ အသီးသီး ပါဝင်ယှဉ်ပြိုင်ကြမှာပါ။
မြန်မာနိုင်ငံက ဝင်ပြိုင်ခွင့်ရတဲ့ အားကစားသမား ၃ ဦးကတော့ ကြက်တောင်အားကစားသမား မသက်ထားသူဇာ၊ သေနတ်ပစ်အားကစားသမား ကိုရဲထွန်းနောင်နဲ့ ဂျူဒိုအားကစားသမား မခြူးမြတ်နိုးဝေတို့ ဖြစ်ကြပါတယ်။
သက်ထားသူဇာ
“အာဏာသိမ်းထားတဲ့ လူနည်းစု ကြောင့် ဘယ်ကဏ္ဍနေနေ အသိအမှတ်ပြုမှု၊ နိုင်ငံရဲ့ ပုံရိပ်က အရမ်းအားငယ် စိတ်ပျက်စရာကောင်းအောင် ထိခိုက်ပါတယ်။
ဒီ အိုလံပစ်ဖွင့်ပွဲမှာ နိုင်ငံပေါင်းအများကြီး ပါဝင်ကြတယ်။ ဒါပေမယ့် နိုင်ငံကိုယ်စားပြု ကစားသမားမပါပဲ အလံ တစ်ခုတည်း ပါတဲ့နိုင်ငံဆိုလို့ ကျွန်တော်တို့ မြန်မာနိုင်ငံတစ်ခုပဲ ပါပါတယ်”လို့ ကိုမျိုးဇော်ဟိန်းက ပြောပါတယ်။
အိုလံပစ် ကျေးရွာမှာ စခန်းသွင်းထားတဲ့ အားကစားသမား ၂ ယောက်ဆီမှာလည်း ကိုဗစ် ကူးစက်ထားတာ တွေ့ရှိရတဲ့အကြောင်း တိုကျိုအိုလံပစ် ကျင်းပရေး ကော်မတီက ပြောပါတယ်။
တိုကျို ၂၀၂၀ အခမ်းအနား ကျင်းပရေး ပင်မဌာန အကြီးအကဲ ဟိုင်ဒီ မာဆာ နာကာမူရာ
အိုလံပစ်ပွဲတော် ကျင်းပခါနီး အချိန်မှာ အခုလို ကိုဗစ် ရောဂါ ကူးစက်မှုတွေ မြင့်တက်လာနေတာကြောင့် အိုလံပစ် ပွဲတော်ကို ဖျက်သိမ်းသင့်ရင် ဖျက်သိမ်းရနိုင်တဲ့ သဘောမျိုး အိုလံပစ် ကော်မတီ ဥက္ကဋ္ဌကတော့ ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်က ပြောခဲ့ပါတယ်။
Source: ဧရာဝတီတိုင်းမ်