က်မၼာေရး ဗဟုသုတ

မိသားစုဝင်(၅)ဦးလုံး positive ဖြစ်ခဲ့ပေမယ့် အောက်ဆီဂျင်လုံးဝမလိုဘဲ ကိုဗစ်ကိုတိုက်ထုတ်နိုင်ခဲ့ကြတဲ့ ကိုယ်တွေ့ဖြစ်ရပ်ကို ဖွင့်ဟလာတဲ့ ပြည်သူတစ်ဦး

မိသားစုဝင်(၅)ဦးလုံး positive ဖြစ်ခဲ့ပေမယ့် အောက်ဆီဂျင်လုံးဝမလိုဘဲ ကိုဗစ်ကိုတိုက်ထုတ်နိုင်ခဲ့ကြတဲ့ ကိုယ်တွေ့ဖြစ်ရပ်ကို ဖွင့်ဟလာတဲ့ ပြည်သူတစ်ဦး

ကိုဗစ်တတိယလှိုင်းမှာတော့ သေဆုံးသူတွေလည်းများပြားသလို ပျောက်ကင်းသွားတဲ့သူတွေလည်းရှိပါတယ်။

ကိုဗစ်ကိုခုခံကာကွယ်နိုင်ဖို့အတွက် အာဟာရပြည့်ဝအောင်စားသောက်နေထိုင်ပြီး စိတ်ဓာတ်ကြံ့ခိုင်ဖို့လည်း အရေးကြီးပါတယ်။

ကိုဗစ်ကူးစက်ခံလိုက်ရတဲ့ သက်ကြီးရွယ်အို အဘိုး၊အဘွားတချို့ရောဂါပျောက်ကင်းခဲ့ကြတဲ့သတင်းတွေလည်း ကြားသိနေရပါတယ်။

ဒီကာလမှာတော့ စိတ်မကောင်းစရာအခြေအနေတွေကိုသာ နေ့စဉ်တွေ့မြင်နေရပေမယ့် ပြည်သူတွေက အားတင်းရင်ဆိုင်နေကြဆဲပဲဖြစ်ပါတယ်။

အခုဆိုရင်တော့ အသက်(၈၂)အရွယ် အဘိုးတစ်ဦးအပါအဝင် မိသားစုဝင် (၅)ဦး COVID positive ဖြစ်ခဲ့ပေမယ့်ပျောက်ကင်းခဲ့တဲ့အကြောင်းကို ရေးသားပြောပြလာတာဖြစ်ပါတယ်။

သူမတို့မိသားစုဝင်တွေက သုံးခွမိုးကုတ်ရိပ်သာ Q စင်တာမှာ နေထိုင်ခဲ့ကြပြီး စိတ်ဓာတ်ကြံ့ကြံ့ခိုင်ခိုင်နဲ့ရင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

မိသားစုဝင်(၅)ဦးလုံးအောက်ဆီဂျင်လုံးဝမလိုခဲ့ဘဲ သောက်ဆေးနဲ့ အစားအသောက်တွေကြောင့် ပြန်လည်ကောင်းမွန်ခဲ့ကြတာဖြစ်ပါတယ်။

အစားအသောက်ကတော့ ကြက်စွပ်ပြုတ်၊ကြက်ဥနဲ့ အသီးအနှံတွေအပြင် အိုဗာတင်း၊ကွေကာအုပ်တို့ကို စားသုံးခဲ့ကြပါတယ်။

နောက်ထပ်လည်း မြန်မာ့ရိုးရာနည်းလမ်းလေးတွေဖြစ်တဲ့ ရေနွေးနဲ့ဂွေးတောက်ရွက်ကို တစ်နေ့နှစ်ကြိမ်ရှူကြပြီးတရားထိုင်ကြပါတယ်။

လေ့ကျင့်ခန်းတွေလည်း နိုင်သလောက်လေးလုပ်ဆောင်ကြပြီး အိပ်ချိန်မှန်မှန်နဲ့ ကိုဗစ်ကိုပေါ့ပေါ့ပါးပါး တိုက်ထုတ်ခဲ့ကြတာဖြစ်ပါတယ်။

သူမတို့တစ်မိသားစုလုံးက ကိုဗစ်ကိုတွေးကြောက်မနေဘဲကျန်းမာရေးနဲ့ညီညွှတ်မျှတစွာ နေထိုင်စားသောက်ခဲ့တာဖြစ်ပါတယ်။

ပြည်သူတွေကိုခြောက်လှန့်နေတဲ့ ကိုဗစ်ရောဂါဆိုးကြီးကို ခုခံနိုင်ခဲ့တဲ့ မင်္ဂလာသတင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source&Photo Credit: Original Uploder

Zawgyi

မိသားစုဝင္(၅)ဦးလုံး positive ျဖစ္ခဲ့ေပမယ့္ ေအာက္ဆီဂ်င္လုံးဝမလိုဘဲ ကိုဗစ္ကိုတိုက္ထုတ္နိုင္ခဲ့ၾကတဲ့ ကိုယ္ေတြ႕ျဖစ္ရပ္ကို ဖြင့္ဟလာတဲ့ ျပည္သူတစ္ဦး

ကိုဗစ္တတိယလွိုင္းမွာေတာ့ ေသဆုံးသူေတြလည္းမ်ားျပားသလို ေပ်ာက္ကင္းသြားတဲ့သူေတြလည္းရွိပါတယ္။

ကိုဗစ္ကိုခုခံကာကြယ္နိုင္ဖို႔အတြက္ အာဟာရျပည့္ဝေအာင္စားေသာက္ေနထိုင္ၿပီး စိတ္ဓာတ္ႀကံ့ခိုင္ဖို႔လည္း အေရးႀကီးပါတယ္။

ကိုဗစ္ကူးစက္ခံလိုက္ရတဲ့ သက္ႀကီးရြယ္အို အဘိုး၊အဘြားတခ်ိဳ႕ေရာဂါေပ်ာက္ကင္းခဲ့ၾကတဲ့သတင္းေတြလည္း ၾကားသိေနရပါတယ္။

ဒီကာလမွာေတာ့ စိတ္မေကာင္းစရာအေျခအေနေတြကိုသာ ေန႔စဥ္ေတြ႕ျမင္ေနရေပမယ့္ ျပည္သူေတြက အားတင္းရင္ဆိုင္ေနၾကဆဲပဲျဖစ္ပါတယ္။

အခုဆိုရင္ေတာ့ အသက္(၈၂)အရြယ္ အဘိုးတစ္ဦးအပါအဝင္ မိသားစုဝင္ (၅)ဦး COVID positive ျဖစ္ခဲ့ေပမယ့္ေပ်ာက္ကင္းခဲ့တဲ့အေၾကာင္းကို ေရးသားေျပာျပလာတာျဖစ္ပါတယ္။

သူမတို႔မိသားစုဝင္ေတြက သုံးခြမိုးကုတ္ရိပ္သာ Q စင္တာမွာ ေနထိုင္ခဲ့ၾကၿပီး စိတ္ဓာတ္ႀကံ့ႀကံ့ခိုင္ခိုင္နဲ႔ရင္ဆိုင္ခဲ့တာျဖစ္ပါတယ္။

မိသားစုဝင္(၅)ဦးလုံးေအာက္ဆီဂ်င္လုံးဝမလိုခဲ့ဘဲ ေသာက္ေဆးနဲ႔ အစားအေသာက္ေတြေၾကာင့္ ျပန္လည္ေကာင္းမြန္ခဲ့ၾကတာျဖစ္ပါတယ္။

အစားအေသာက္ကေတာ့ ၾကက္စြပ္ျပဳတ္၊ၾကက္ဥနဲ႔ အသီးအႏွံေတြအျပင္ အိုဗာတင္း၊ေကြကာအုပ္တို႔ကို စားသုံးခဲ့ၾကပါတယ္။

ေနာက္ထပ္လည္း ျမန္မာ့ရိုးရာနည္းလမ္းေလးေတြျဖစ္တဲ့ ေရေႏြးနဲ႔ေဂြးေတာက္ရြက္ကို တစ္ေန႔ႏွစ္ႀကိမ္ရႉၾကၿပီးတရားထိုင္ၾကပါတယ္။

ေလ့က်င့္ခန္းေတြလည္း နိုင္သေလာက္ေလးလုပ္ေဆာင္ၾကၿပီး အိပ္ခ်ိန္မွန္မွန္နဲ႔ ကိုဗစ္ကိုေပါ့ေပါ့ပါးပါး တိုက္ထုတ္ခဲ့ၾကတာျဖစ္ပါတယ္။

သူမတို႔တစ္မိသားစုလုံးက ကိုဗစ္ကိုေတြးေၾကာက္မေနဘဲက်န္းမာေရးနဲ႔ညီညႊတ္မၽွတစြာ ေနထိုင္စားေသာက္ခဲ့တာျဖစ္ပါတယ္။

ျပည္သူေတြကိုေျခာက္လွန႔္ေနတဲ့ ကိုဗစ္ေရာဂါဆိုးႀကီးကို ခုခံနိုင္ခဲ့တဲ့ မဂၤလာသတင္းေလးကို ျပန္လည္မၽွေဝေပးလိုက္ပါတယ္။

Source&Photo Credit: Original Uploder