ငွက္ေပ်ာသီးဟာ အစာအိမ္ကင္ဆာျဖစ္ပြားမႈကို ေလွ်ာ့ခ်ေပးႏိုင္တဲ့အျပင္ က်န္းမာေရးအတြက္ ေကာင္းက်ိဳး ၈ ခ်က္
ငွက္ေပ်ာသီးက ေဈးခ်ိဳတယ္၊ အာဟာရရွိတယ္၊ အရသာေကာင္းတယ္ဆိုတဲ့ အခ်က္ေတြေၾကာင့္ လူႀကိဳက္မ်ားၾကပါတယ္ ။ ဒါေပမယ့္ အံ့ၾသစရာေကာင္းေလာက္တဲ့ က်န္းမာေရးအက်ိဳးေက်းဇူးေတြရွိေနပါေသးတယ္။
၁ ။အစာအိမ္ကို က်န္းမာေစတယ္
ငွက္ေပ်ာသီးမွာ အမွ်င္ဓာတ္မ်ားၿပီး ကာဗိုဟိုက္ဒရိတ္ ဓာတ္ေတြလည္းျမင့္မားတာေၾကာင့္ အစာေခ်စနစ္ကို ေကာင္းမြန္ေစပါတယ္။ ငွက္ေပ်ာသီးကို ပုံမွန္စားသုံးေပးမယ္ဆိုရင္ အူမႀကီးရဲ႕ လႈပ္ေဆာင္မႈကို ေထာက္ပံ့ေပးပါတယ္
ငွက္ေပ်ာသီးမွာ အစာေျခစနစ္ကို အားေကာင္းေစၿပီး ဝမ္းခ်ဳပ္မႈကေန လည္း ကာကြယ္ေပးပါတယ္ ။ ငွက္ေပ်ာသီး စားသုံးျခင္းျဖင့္ အစာအိမ္ ကင္ဆာကို ျဖစ္ႏိုင္မႈႏႈန္းကိုလည္း
ေလ်ာ့က်ေစၿပီး သင့္မွာ အစာအိမ္ ျပႆနာရွိရင္ ငွက္ေပ်ာသီးကို ထည့္သြင္းစားသုံးျခင္းျဖင့္ အစာေျခအားကို တိုးျမႇင့္ေပးမွာျဖစ္ပါတယ္ ။
၂ ။ပိုတက္စီယမ္ ဓာတ္
ကြၽႏ္ုပ္တို႔ေန႔စဥ္ ဘ၀ လႈပ္ရွားမႈမ်ားအတြက္ ပိုတက္ဆီယမ္ဓာတ္က မရွိမျဖစ္လိုအပ္ပါတယ္။ ပိုတက္ဆီယမ္ဓာတ္ရရွိဖို႔ အလြယ္ဆုံးနည္းလမ္းက ငွက္ေပ်ာသီးကိုစားေပးတာပါဘဲ။
စိတ္ဖိစီးမႈမ်ားေနရင္လည္း ငွက္ေပ်ာသီးကိုစားလိုက္ပါ။ ဒါဆို ပိုတက္စီယမ္ ရရွိၿပီး စိတ္ဖိစီးမႈကိုေလ်ာ့က်ေစပါတယ္။
စိတ္ဖိစီးမႈမ်ားေနရင္ ခႏၶာကိုယ္တြင္းက ပိုတက္စီယမ္ဓာတ္ကို ေလ်ာ့က်ေစတာေၾကာင့္ ငွက္ေပ်ာသီးစားၿပီး ပိုတက္ဆီယမ္ဓာတ္ကို ျပန္ျဖည့္ေပးၿပီး စိတ္ဖိစီးမႈကို ေလွ်ာ့က်ေစပါတယ္။
၃ ။ေက်ာက္ကပ္ရဲ႕ လုပ္ေဆာင္မႈေတြကို ျမႇင့္တင္ေပးျခင္း
ပိုတက္ဆီယမ္ဓာတ္ ခႏၶာကိုယ္ထဲမွာ လုံေလာက္ေနရင္ ဆီးကေန ကယ္ဆီယမ္ဓာတ္ ထြက္သြားဖို႔ အခြင့္အလမ္းလည္းနည္းပါတယ္။ ဒါက ေက်ာက္ကပ္ကို ေကာင္းမြန္စြာ အလုပ္လုပ္ႏိုင္ေအာင္ ေထာက္ပံ့ေပးၿပီး ေက်ာက္ကပ္မွာ ေက်ာက္တည္မႈအႏၲရာယ္ကိုလည္း ေလ်ာ့ခ်ေပးပါတယ္။
၄ ။ အ႐ိုးကို ခိုင္မာေစတယ္
ငွက္ေပ်ာသီးမွာ Fructooligosaccharide ဆိုတဲ့ ဓာတ္ပါဝင္တာေၾကာင့္ အဟာရေတြကို အလြယ္တကူစုပ္ယူႏိုင္ပါတယ္။ ဒါေၾကာင့္ ကယ္ဆီယမ္ဓာတ္ေတြကို ပိုမို စုပ္ယူႏိုင္ၿပီး ကယ္ဆီယမ္ဓာတ္ကို မဆုံးရႈံးေစတဲ့ ဓာတ္လည္း
ငွက္ေပ်ာသီးမွာ ပါဝင္ေနတာေၾကာင့္ အ႐ိုးက်ိဳးတဲ့ အႏၲရာယ္ကေန ကာကြယ္ေပးပါတယ္။ အားကစားသမားေတြအတြက္ေတာ့ အေဖာ္မြန္ပါပဲရွင္။
၅ ။ေသြးတိုးျခင္းမွ ကာကြယ္ျခင္း
ငွက္ေပ်ာသီးမွာ ကယ္ဆီယမ္ဓာတ္ ျမင့္မားစြာပါဝင္ၿပီး ဆိုဒီယမ္ ပမာဏေလ်ာ့နည္းတာေၾကာင့္ ေသြးတိုးမႈကေန ကာကြယ္ေပးပါတယ္။ ေသြးတိုးတဲ့သူေတြအေနနဲ႔ ငွက္ေပ်ာသီးကို မ်ားမ်ားစားေပးသင့္ပါတယ္။
၆ ။စြမ္းအင္ေတြကို ျမႇင့္တင္ေပးျခင္း
မနက္ခင္း မနက္စာစားခ်ိန္ ဒါမွမဟုတ္ ျပင္းျပင္း ထန္ထန္ အလုပ္လုပ္ၿပီးေနာက္ ပင္ပန္းႏြမ္းနယ္တဲ့အခါမွာ စြမ္းအင္ျဖည့္ အခ်ိဳရည္ ေတြအစား ငွက္ေပ်ာသီးကို စားသုံးေပးႏိုင္ပါတယ္။
၇ ။အျမင္အာ႐ုံ ပိုေကာင္းလာျခင္း
ေန႔တိုင္းနီးပါး ငွက္ေပ်ာသီး စားေပးရင္ အျမင္အာ႐ုံ ပိုေကာင္းလာၿပီး မ်က္စိမႈန္ျခင္းကေနလည္း ကာကြယ္ေပးပါတယ္။
တစ္ေန႔ကို ငွက္ေပ်ာသီး ၃လုံးေလာက္ စားေပးပါက အသက္အ႐ြယ္ေၾကာင့္ ျဖစ္တတ္တဲ့ မ်က္လုံးႂကြက္သား အားေပ်ာ့တာေၾကာင့္ မ်က္စိမႈန္ျခင္းမ်ားကို ေလ်ာ့က်ေပးပါတယ္။
၈ ။ စိတ္ၾကည္လင္ျခင္း
ငွက္ေပ်ာသီးမွာ Tryptophan နဲ႔ အမိုင္ႏိုအက္ဆစ္ (Amino Acid) တို႔ပါဝင္တာေၾကာင့္ ခႏၶာကိုယ္ထဲေရာက္သြားတဲ့အခါမွာ Serotonin ဓာတ္ကို ထုတ္ေပးကာ အဲ့ဒီဓာတ္က စိတ္ကို တည္ၿငိမ္ ေအးခ်မ္းေအာင္ သဘာဝနည္းျဖင့္ လုပ္ေဆာင္ေပးပါတယ္။
[Unicode]
ငှက်ပျောသီးဟာ အစာအိမ်ကင်ဆာဖြစ်ပွားမှုကို လျှော့ချပေးနိုင်တဲ့အပြင် ကျန်းမာရေးအတွက် ကောင်းကျိုး ၈ ချက်
ငှက်ပျောသီးက ဈေးချိုတယ်၊ အာဟာရရှိတယ်၊ အရသာကောင်းတယ်ဆိုတဲ့ အချက်တွေကြောင့် လူကြိုက်များကြပါတယ် ။ ဒါပေမယ့် အံ့သြစရာကောင်းလောက်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေရှိနေပါသေးတယ်။
၁ ။အစာအိမ်ကို ကျန်းမာစေတယ်
ငှက်ပျောသီးမှာ အမျှင်ဓာတ်များပြီး ကာဗိုဟိုက်ဒရိတ် ဓာတ်တွေလည်းမြင့်မားတာကြောင့် အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။ ငှက်ပျောသီးကို ပုံမှန်စားသုံးပေးမယ်ဆိုရင် အူမကြီးရဲ့ လှုပ်ဆောင်မှုကို ထောက်ပံ့ပေးပါတယ်
ငှက်ပျောသီးမှာ အစာခြေစနစ်ကို အားကောင်းစေပြီး ဝမ်းချုပ်မှုကနေ လည်း ကာကွယ်ပေးပါတယ် ။ ငှက်ပျောသီး စားသုံးခြင်းဖြင့် အစာအိမ် ကင်ဆာကို ဖြစ်နိုင်မှုနှုန်းကိုလည်း
လျော့ကျစေပြီး သင့်မှာ အစာအိမ် ပြဿနာရှိရင် ငှက်ပျောသီးကို ထည့်သွင်းစားသုံးခြင်းဖြင့် အစာခြေအားကို တိုးမြှင့်ပေးမှာဖြစ်ပါတယ် ။
၂ ။ပိုတက်စီယမ် ဓာတ်
ကျွန်ုပ်တို့နေ့စဉ် ဘ၀ လှုပ်ရှားမှုများအတွက် ပိုတက်ဆီယမ်ဓာတ်က မရှိမဖြစ်လိုအပ်ပါတယ်။ ပိုတက်ဆီယမ်ဓာတ်ရရှိဖို့ အလွယ်ဆုံးနည်းလမ်းက ငှက်ပျောသီးကိုစားပေးတာပါဘဲ။
စိတ်ဖိစီးမှုများနေရင်လည်း ငှက်ပျောသီးကိုစားလိုက်ပါ။ ဒါဆို ပိုတက်စီယမ် ရရှိပြီး စိတ်ဖိစီးမှုကိုလျော့ကျစေပါတယ်။
စိတ်ဖိစီးမှုများနေရင် ခန္ဓာကိုယ်တွင်းက ပိုတက်စီယမ်ဓာတ်ကို လျော့ကျစေတာကြောင့် ငှက်ပျောသီးစားပြီး ပိုတက်ဆီယမ်ဓာတ်ကို ပြန်ဖြည့်ပေးပြီး စိတ်ဖိစီးမှုကို လျှော့ကျစေပါတယ်။
၃ ။ကျောက်ကပ်ရဲ့ လုပ်ဆောင်မှုတွေကို မြှင့်တင်ပေးခြင်း
ပိုတက်ဆီယမ်ဓာတ် ခန္ဓာကိုယ်ထဲမှာ လုံလောက်နေရင် ဆီးကနေ ကယ်ဆီယမ်ဓာတ် ထွက်သွားဖို့ အခွင့်အလမ်းလည်းနည်းပါတယ်။
ဒါက ကျောက်ကပ်ကို ကောင်းမွန်စွာ အလုပ်လုပ်နိုင်အောင် ထောက်ပံ့ပေးပြီး ကျောက်ကပ်မှာ ကျောက်တည်မှုအန္တရာယ်ကိုလည်း လျော့ချပေးပါတယ်။
၄ ။ အရိုးကို ခိုင်မာစေတယ်
ငှက်ပျောသီးမှာ Fructooligosaccharide ဆိုတဲ့ ဓာတ်ပါဝင်တာကြောင့် အဟာရတွေကို အလွယ်တကူစုပ်ယူနိုင်ပါတယ်။
ဒါကြောင့် ကယ်ဆီယမ်ဓာတ်တွေကို ပိုမို စုပ်ယူနိုင်ပြီး ကယ်ဆီယမ်ဓာတ်ကို မဆုံးရှုံးစေတဲ့ ဓာတ်လည်း ငှက်ပျောသီးမှာ ပါဝင်နေတာကြောင့် အရိုးကျိုးတဲ့ အန္တရာယ်ကနေ ကာကွယ်ပေးပါတယ်။ အားကစားသမားတွေအတွက်တော့ အဖော်မွန်ပါပဲရှင်။
၅ ။သွေးတိုးခြင်းမှ ကာကွယ်ခြင်း
ငှက်ပျောသီးမှာ ကယ်ဆီယမ်ဓာတ် မြင့်မားစွာပါဝင်ပြီး ဆိုဒီယမ် ပမာဏလျော့နည်းတာကြောင့် သွေးတိုးမှုကနေ ကာကွယ်ပေးပါတယ်။ သွေးတိုးတဲ့သူတွေအနေနဲ့ ငှက်ပျောသီးကို များများစားပေးသင့်ပါတယ်။
၆ ။စွမ်းအင်တွေကို မြှင့်တင်ပေးခြင်း
မနက်ခင်း မနက်စာစားချိန် ဒါမှမဟုတ် ပြင်းပြင်း ထန်ထန် အလုပ်လုပ်ပြီးနောက် ပင်ပန်းနွမ်းနယ်တဲ့အခါမှာ စွမ်းအင်ဖြည့် အချိုရည် တွေအစား ငှက်ပျောသီးကို စားသုံးပေးနိုင်ပါတယ်။
၇ ။အမြင်အာရုံ ပိုကောင်းလာခြင်း
နေ့တိုင်းနီးပါး ငှက်ပျောသီး စားပေးရင် အမြင်အာရုံ ပိုကောင်းလာပြီး မျက်စိမှုန်ခြင်းကနေလည်း ကာကွယ်ပေးပါတယ်။
တစ်နေ့ကို ငှက်ပျောသီး ၃လုံးလောက် စားပေးပါက အသက်အရွယ်ကြောင့် ဖြစ်တတ်တဲ့ မျက်လုံးကြွက်သား အားပျော့တာကြောင့် မျက်စိမှုန်ခြင်းများကို လျော့ကျပေးပါတယ်။
၈ ။ စိတ်ကြည်လင်ခြင်း
ငှက်ပျောသီးမှာ Tryptophan နဲ့ အမိုင်နိုအက်ဆစ် (Amino Acid) တို့ပါဝင်တာကြောင့် ခန္ဓာကိုယ်ထဲရောက်သွားတဲ့အခါမှာ Serotonin ဓာတ်ကို ထုတ်ပေးကာ အဲ့ဒီဓာတ်က စိတ်ကို တည်ငြိမ် အေးချမ်းအောင် သဘာဝနည်းဖြင့် လုပ်ဆောင်ပေးပါတယ်။