နိုင္ငံတကာသတင္း

ထိုင်းရုပ်သံမှာ စတင်လွှင့်တော့မည့် ဒေါင်း ပါဝင်သရုပ်ဆောင်ထားသော “ကျောက်ဖရားမှ ဧရာဝတီ” ဇာတ်လမ်းတွဲကြီး

ထိုင်းရုပ်သံမှာ စတင်လွှင့်တော့မည့် ဒေါင်း ပါဝင်သရုပ်ဆောင်ထားသော “ကျောက်ဖရားမှ ဧရာဝတီ” ဇာတ်လမ်းတွဲကြီး
(ဇာတ်လမ်းကောင်းလေးမို့❤️👇)

(Zawgyiဖြင့် ဖတ်ရန်)


တစ်ယောက်ဖြစ်ပါတယ်။









(Unicodeဖြင့် ဖတ်ရန်)

သရုပ်ဆောင် ဒေါင်းကတော့ ဆာတိုရီရုပ်ရှင် ထုတ်လုပ်ရေးရဲ့ စင်တင်မင်းသား တစ်ယောက်အဖြစ် အောင်မြင်လာခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။

အနေအထိုင် တည်ကြည်ပြီး ယောကျာ်းပီသတဲ့ ရုပ်ရည်သွင်ပြင်မျိုးကို ပိုင်ဆိုင်ထားတဲ့ ဒေါင်းကတော့ မိန်းကလေး ပရိသတ်တွေကြားမှာ သည်းသည်းလှုပ် အားပေးခံရသူ တစ်ယောက်ပါပဲ။

လက်ရှိမှာတော့ ဒေါင်းဟာ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့မှာ ဇာတ်လမ်းတွဲ သွားရောက်ရိုက်ကူးနေပြီး တစ်ဖက်မှာလည်း မြန်မာ့နွေဦးတော်လှန်ရေးအတွက် တစ်ဖက်တစ်လမ်းကနေ ပါဝင်လှုပ်ရှား နေတာပဲဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ ဒေါင်းက လိပ်ပြာစံအိမ် ရုပ်ရှင်ဇာတ်ကားရိုက်ကူးခဲ့တဲ့ ထိုင်းဒါရိုက်တာ Chartchai Ketnust ရိုက်ကူးတဲ့ “จากเจ้าพระยาสู่อิรวดี”

(ကျောက်ဖရားမှဧရာဝတီ) ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်နေတာပဲဖြစ် ပါတယ်။

“ကျောက်ဖရားမှ ဧရာဝတီ” ဇာတ်လမ်းတွဲကို ထိုင်းနိုင်ငံရုပ်သံလိုင်း Thai PBS TV Channel မှာ ဇန်နဝါရီလ (၁) ရက်နေ့ကစပြီး ထုတ်လွှင့် ပြသသွားမယ်လို့ လည်းသိရပါတယ်။

“จากเจ้าพระยาสู่อิรวดี” ( ကျောက်ဖရားမှ ဧရာဝတီ ) ဇာတ်လမ်းတွဲကတော့ သမိုင်းမှတ်တမ်းတစ်ခုအပေါ် အခြေခံရိုက်ကူးထား တာဖြစ်ပြီး

ဒေါင်းအပါအဝင် ထိုင်းသရုပ်ဆောင်တွေ များစွာ ပါဝင်ရိုက်ကူးထားကြတာ ဖြစ်တယ်လို့ သိရပါတယ်။