ဗုဒၶဟူး သားသမီးေတြမွာ ရွိတဲ့ ခ်စ္စရာေကာင္းတဲ့ အခ်က္ေတြ

ဗုဒ္ဓဟူး သားသမီးတွေမှာ ရှိနေတတ်တဲ့ ချစ်စရာကောင်းတဲ့ အချက်များ

လူတစ်ကိုယ် စိတ်တစ်မျိုး ဆိုသလို ဗုဒ္ဓဟူးနေ့မှာ မွေးတဲ့သူတွေကလည်း သူများထက်ကို ထူးခြားနေတတ်ပါတယ်။ သူများနဲ့ မတူတဲ့ အချက်တွေ ရှိနေသလို သူတို့က သိပ်ကို စိတ်ဝင်စားစရာ ကောင်းတဲ့သူတွေလည်း ဖြစ်ပါတယ်။

သူတို့မှာ ရှိနေတဲ့ ပင်ကို အကျင့်လေးတွေကတော့ ချစ်စရာလည်း ကောင်းနေသလို တစ်မျိုးလေးလည်း ထူးခြားနေတတ်ပါတယ်။ သူတို့မှာ ရှိနေတဲ့ အရာတွေကတော့…

(၁) စိတ်ကောက်တတ်တယ်

သူတို့က ခဏခဏ စိတ်ကောက်တတ်ပါတယ်။ အကြောင်း မရှိဘဲ ကောက်ကြတာတော့ မဟုတ်ပါဘူး။ သူတို့ စိတ်ကောက်တိုင်းမှာ အကြောင်း ရှိပါတယ်။

သူတို့ စိတ်ကောက်ပြီဆိုရင် ချစ်ဖို့ ကောင်းနေတတ်ပြီး စကားမပြောတော့တာနဲ့ အဖက်မလုပ်တော့တာတွေအပြင် သူတို့ စိတ်ကောက်နေကြောင်းပါ အသိပေးတတ်ကြပါသေးတယ်။

အချော့ ကြိုက်ကြပေမယ့် မချော့လည်း မသိချင်ယောင်ဆောင်ပြီး စိတ်ကောက်ပြေသွားတတ်ကြတာကလည်း သူတို့ရဲ့ ချစ်စရာ အကျင့် တစ်ခုပါပဲ။

(၂) မဟုတ်မခံစိတ် ရှိတယ်

သူတို့ကတော့ အမြဲ ခပ်ဇတ်ဇတ်ကြဲလေးတွေ ဖြစ်ပါတယ်။ ဘယ်သူကိုမှလည်း မကြိုက်သလို ကိုယ် မမှားဘဲ မှားတယ်လို့ ပြောတာကိုလည်း လက်မခံနိုင်ကြသူတွေ ဖြစ်ပါတယ်။

မဟုတ်မခံစိတ် အပြည့် ရှိပြီး ဘယ်တော့မှ ငြိမ်ခံ မနေတဲ့သူတွေ ဖြစ်ပါတယ်။ သူတို့အနားမှာ မတရားတာ လုပ်နေရင်လည်း လက်ပိုက်ကြည့်မနေနိုင်သူတွေ ဖြစ်ပါတယ်။

(၃) ဂရုမစိုက်တတ်ဘူး

သူတို့တွေရဲ့ ချစ်ဖို့ကောင်းတာ တစ်ချက်ကတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ လုပ်ချင်ရာ လုပ်တတ်တဲ့ အကျင့်ပါပဲ။ မလေးစားတာမျိုး မဟုတ်ဘဲနဲ့ ကိုယ်လုပ်ချင်ရာ လုပ်တဲ့အခါမှာတော့ ဘယ်သူ့ကို ဂရုစိုက်စရာ လိုလို့လဲဆိုပြီး တွေးတတ်ကြတာကြောင့် ဖြစ်ပါတယ်။

ဒါကြောင့်လည်း သူ့ကို လူတစ်မျိုး လူဂွစာလို့ ပြောတာ ခံရတတ်ပါသေးတယ်။

(၄) စိတ်သဘော ရိုးရှင်းတယ်

သူတို့တွေက အင်မတန်ကို စိတ်သဘောလည်း ရိုးရှင်းပါတယ်။ ဘဝကို ရိုးရိုးသားသား ဖြတ်သန်းတတ်ကြသလို တစ်ဖက်သားကို စိတ်ဒုက္ခပေးတာမျိုးကို မနှစ်မြို့တတ်ကြပါဘူး။

သူတို့တွေကတော့ လူတွေ အကြောင်း သိလာတောင်မှ ဆက်ရိုးသားနေတတ်ကြတဲ့သူတွေလည်း ဖြစ်ပါတယ်။ တစ်ခါတစ်လေ သူတို့ကို သူတို့ ရိုးသားမှန်းတောင် မသိကြတာကတော့ သူတို့ရဲ့ ချစ်စရာ အချက်ပဲ ဖြစ်ပါတယ်။

(၅) ဒေါသကြီးတယ်

သူတို့လေးတွေက တော်ရုံ စိတ်မဆိုးတတ်ပါဘူး။ စိတ်ဆိုးပြီဆိုရင်လည်း ဒေါသထွက်လာပြီး မထိန်းနိုင်အောင် ဖြစ်တတ်ကြပါတယ်။ သူတို့ ဒေါသကိုတော့ မဆွတာ အကောင်းဆုံးပါပဲ။

ဘယ်လောက်ပဲ သဘောကောင်းပါစေ ဒေါသကြီးတာကတော့ လက်ဖျားခါလောက်အောင်ပါပဲ။ ဒေါသကြီးပေမယ့်လည်း ပတ်ဝန်းကျင် ဂရုမစိုက်တတ်တာကလွဲရင် အမှား သိပ်မရှိအောင် လုပ်တတ်ကြပါသေးတယ်။

Kham

Zawgyi

ဗုဒၶဟူး သားသမီးေတြမွာ ရွိေနတတ္တဲ့ ခ်စ္စရာေကာင္းတဲ့ အခ်က္မ်ား

လူတစ္ကိုယ္ စိတ္တစ္မ်ိဳး ဆိုသလို ဗုဒၶဟူးေန႔မွာ ေမြးတဲ့သူေတြကလည္း သူမ်ားထက္ကို ထူးျခားေနတတ္ပါတယ္။ သူမ်ားနဲ႔ မတူတဲ့ အခ်က္ေတြ ရွိေနသလို သူတို႔က သိပ္ကို စိတ္ဝင္စားစရာ ေကာင္းတဲ့သူေတြလည္း ျဖစ္ပါတယ္။

သူတို႔မွာ ရွိေနတဲ့ ပင္ကို အက်င့္ေလးေတြကေတာ့ ခ်စ္စရာလည္း ေကာင္းေနသလို တစ္မ်ိဳးေလးလည္း ထူးျခားေနတတ္ပါတယ္။ သူတို႔မွာ ရွိေနတဲ့ အရာေတြကေတာ့…

(၁) စိတ္ေကာက္တတ္တယ္

သူတို႔က ခဏခဏ စိတ္ေကာက္တတ္ပါတယ္။ အေၾကာင္း မရွိဘဲ ေကာက္ၾကတာေတာ့ မဟုတ္ပါဘူး။ သူတို႔ စိတ္ေကာက္တိုင္းမွာ အေၾကာင္း ရွိပါတယ္။

သူတို႔ စိတ္ေကာက္ၿပီဆိုရင္ ခ်စ္ဖို႔ ေကာင္းေနတတ္ၿပီး စကားမေျပာေတာ့တာနဲ႔ အဖက္မလုပ္ေတာ့တာေတြအျပင္ သူတို႔ စိတ္ေကာက္ေနေၾကာင္းပါ အသိေပးတတ္ၾကပါေသးတယ္။

အေခ်ာ့ ႀကိဳက္ၾကေပမယ့္ မေခ်ာ့လည္း မသိခ်င္ေယာင္ေဆာင္ၿပီး စိတ္ေကာက္ေျပသြားတတ္ၾကတာကလည္း သူတို႔ရဲ႕ ခ်စ္စရာ အက်င့္ တစ္ခုပါပဲ။

(၂) မဟုတ္မခံစိတ္ ရွိတယ္

သူတို႔ကေတာ့ အၿမဲ ခပ္ဇတ္ဇတ္ႀကဲေလးေတြ ျဖစ္ပါတယ္။ ဘယ္သူကိုမွလည္း မႀကိဳက္သလို ကိုယ္ မမွားဘဲ မွားတယ္လို႔ ေျပာတာကိုလည္း လက္မခံႏိုင္ၾကသူေတြ ျဖစ္ပါတယ္။

မဟုတ္မခံစိတ္ အျပည့္ ရွိၿပီး ဘယ္ေတာ့မွ ၿငိမ္ခံ မေနတဲ့သူေတြ ျဖစ္ပါတယ္။ သူတို႔အနားမွာ မတရားတာ လုပ္ေနရင္လည္း လက္ပိုက္ၾကည့္မေနႏိုင္သူေတြ ျဖစ္ပါတယ္။

(၃) ဂ႐ုမစိုက္တတ္ဘူး

သူတို႔ေတြရဲ႕ ခ်စ္ဖို႔ေကာင္းတာ တစ္ခ်က္ကေတာ့ ဘယ္သူ႔ကိုမွ ဂ႐ုမစိုက္ဘဲ လုပ္ခ်င္ရာ လုပ္တတ္တဲ့ အက်င့္ပါပဲ။ မေလးစားတာမ်ိဳး မဟုတ္ဘဲနဲ႔ ကိုယ္လုပ္ခ်င္ရာ လုပ္တဲ့အခါမွာေတာ့ ဘယ္သူ႔ကို ဂ႐ုစိုက္စရာ လိုလို႔လဲဆိုၿပီး ေတြးတတ္ၾကတာေၾကာင့္ ျဖစ္ပါတယ္။

ဒါေၾကာင့္လည္း သူ႔ကို လူတစ္မ်ိဳး လူဂြစာလို႔ ေျပာတာ ခံရတတ္ပါေသးတယ္။

(၄) စိတ္သေဘာ ႐ိုးရွင္းတယ္

သူတို႔ေတြက အင္မတန္ကို စိတ္သေဘာလည္း ႐ိုးရွင္းပါတယ္။ ဘဝကို ႐ိုး႐ိုးသားသား ျဖတ္သန္းတတ္ၾကသလို တစ္ဖက္သားကို စိတ္ဒုကၡေပးတာမ်ိဳးကို မႏွစ္ၿမိဳ႕တတ္ၾကပါဘူး။

သူတို႔ေတြကေတာ့ လူေတြ အေၾကာင္း သိလာေတာင္မွ ဆက္႐ိုးသားေနတတ္ၾကတဲ့သူေတြလည္း ျဖစ္ပါတယ္။ တစ္ခါတစ္ေလ သူတို႔ကို သူတို႔ ႐ိုးသားမွန္းေတာင္ မသိၾကတာကေတာ့ သူတို႔ရဲ႕ ခ်စ္စရာ အခ်က္ပဲ ျဖစ္ပါတယ္။

(၅) ေဒါသႀကီးတယ္

သူတို႔ေလးေတြက ေတာ္႐ုံ စိတ္မဆိုးတတ္ပါဘူး။ စိတ္ဆိုးၿပီဆိုရင္လည္း ေဒါသထြက္လာၿပီး မထိန္းႏိုင္ေအာင္ ျဖစ္တတ္ၾကပါတယ္။ သူတို႔ ေဒါသကိုေတာ့ မဆြတာ အေကာင္းဆုံးပါပဲ။

ဘယ္ေလာက္ပဲ သေဘာေကာင္းပါေစ ေဒါသႀကီးတာကေတာ့ လက္ဖ်ားခါေလာက္ေအာင္ပါပဲ။ ေဒါသႀကီးေပမယ့္လည္း ပတ္ဝန္းက်င္ ဂ႐ုမစိုက္တတ္တာကလြဲရင္ အမွား သိပ္မရွိေအာင္ လုပ္တတ္ၾကပါေသးတယ္။

Kham