ကမ္ဘာ့ဉာဏ်အကောင်းဆုံး လူသားအဖြစ် မှတ်တမ်းအတင်ခံရသူ မြန်မာပြည်သား သာသနာ့အာဇာနည်
သံဃာတော် အပေါင်းတို့၏ ဥသျှောင် သံဃာ့မဟာနာယကကြီးအဖြစ် တာဝန်ထမ်းခဲ့သူ။
မြတ်စွာဘုရားရှင်၏ ညီတော် အရှင်အာနန္ဒာကဲ့သို့ တရားတော်၊ မြတ်ဓမ္မတို့၏ ဘဏ္ဍာတိုက် တော်ကြီးဖြစ်ခဲ့သူ.။
သူ့ဉာဏ်တော်ကို အများအကျိုးစီးပွား အတွက်အချိန်ပြည့် မနေမနားအသုံးချပေးခဲ့သူ .. ..။ မျိုးဖျက် မိစ္ဆာတို့ရဲ့ ဘာသာရေးလွှမ်းမိုးမှုကို ပေါ်ပေါ်တင်တင် ရဲရဲဝံ့ဝံ့ဆန့်ကျင်ခဲ့သူ ။
တပည့်သံဃာတော်တွေကို ထိလာလျှင် သူကိုယ်တိုင်ပင်ရှေ့ကရပ်၍ ကာကွယ်ပေးရဲသူ . .။ မြတ်ဗုဒ္ဓ၏ သာသနာတော်အတွက် အတုယူဖွယ်ရာ နိဗ္ဗာန်ဆော် ပုဂ္ဂိုလ်ကြီး တစ်ပါး . .။
ဘဝနေဝင် ချိန်ထိတိုင် လက်နှိပ်စက်တစ်လုံးဖြင့် ဓမ္မစာပေ များကို ဘာသာပြန်ဆိုပေးခဲ့သူ ။
မင်းကွန်းဆရာတော် ဦးဝိစိတ္တသာရာဘိဝံသမပျံံလွန်မီ အချိန်ထိ ဘာသာ သာသနာအကျိုး ဆောင် ရွက်တော်မူခဲ့သူ။ (၃၁) ဘုံ ဝေနေယျာတို့ အပေါ်တွင် မေတ္တာကရုဏာတရား လွန်စွာ ကြီးမားသူ။
တိပိဋကဓရ ဆရာတော် ကိုယ်တိုင် ဖြစ်တော်မူပြီး များပြားစွာသောတိပိဋက ဆရာတော်များကို မွေးထုတ်ပေးခဲ့သူ။
အနာဂတ် သာသနာအကျိုး ရည်မျှော်၍ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး နှင့် ရန်ကုန်) တို့အား တည်ဆောက်ကာ မျိုးစေ့များ ကြဲပေးတော်မူခဲ့သူ။
များပြားလှစွာသော သာသနာရေး၊ အမျိုးသားရေး တို့ကို ရွက်ဆောင်တော်မူခဲ့သူ။အနှိုင်းမဲ့ သာသနာ့အာဇာနည် မင်းကွန်းဆရာတော် ဘုရားကြီး။
ဆရာတော်ကြီးသည် ပိဋကတ်သုံးပုံ၊ စာမျက်နှာပေါင်း (၉၉၃၄) မျက်နှာကို တစ်ချက်မှထောက်မပေးရဘဲ အလွတ်အာဂုံဆောင်နိုင်သောကြောင့် ကမ္ဘာ့မှတ်ဉာဏ် အကောင်းဆုံး ပုဂ္ဂိုလ်အဖြစ် ဂင်းနစ်စာအုပ်တွင် နှစ်ကြိမ်တိုင် ဖော်ပြခံခဲ့ရပါသည်။
တိပိဋကဓရ ရွေးချယ်ရေး စာမေးပွဲသည် ပိဋကတ်သုံးပုံကို နှုတ်ဖြေ၊ ရေးဖြေဖြေဆိုရသော စာမေးပွဲဖြစ်ပြီး ကမ္ဘာပေါ်တွင် အခက်ခဲဆုံးစာမေးပွဲကြီး ဖြစ်ပါသည်။
မည်မျှခက်ခဲပါသနည်း ဆိုလျှင် စတင်စစ်ဆေးသော မြန်မာနှစ် ၁၃၁၀-မှ ၁၃၆၂- အထိ ၅၃-နှစ်အတွင်း အောင်မြင်သူ ၉-ဦးသာရှိခဲ့ပါသည်။
စာမေးပွဲအောင်မှတ်မှာ အမှတ်၁၀၀-တွင်၇၅-မှတ်ရမှသာ အောင်မြင်ပါသည်။ ပိဋကတ်သုံးပုံကို အလွတ်ရွတ်ဆိုရာတွင် နံနက် ၈-နာရီမှ၁၀-နာရီအထိ တစ်ကြိမ်၊ နေ့လယ် ၁-နာရီမှ၄-နာရီအထိ တစ်ကြိမ်၊ တစ်နေ့လျှင် ၂-ကြိမ်ခွဲ၍ စာပြန်ရပါသည်။
သတ်မှတ်ထားသော အချိန်အတွင်း သတ်မှတ်ထားသော စာမျက်နှာအရေအတွက် ကိုပြီးအောင်ပြန်ဆိုရပါသည်။ အချိန်ကိုက် စာမပြန်နိုင်လျှင် စာမေးပွဲကျပါသည်။
တစ်နေ့လုံး အတွက်စာ ၅-ခါ ထောက်ပေးခွင်ရှိပါသည်။ ၅-ခါထက်ပို၍ ထောက်ပေးရလျှင် စာမေးပွဲ ကျပါသည်။ စာကို အလွတ်ရွတ်ဆိုရင်း ဝါကျတစ်ခု ကျော်သွားပါက စာမေးပွဲကျပါသည်။
ထို့ကြောင့် ကမ္ဘာ့အခက်ဆုံး စာမေးပွဲကြီးဟု ဆိုရခြင်းဖြစ်ပါသည်။ ဆရာတော်ကြီးသည် အဆိုပါ စာမေးပွဲကြီးတွင် စာမျက်နှာ၉၉၃၄-မျက်နှာလုံးကို တစ်ချက်မှထောက်မပေးရဘဲ အလွတ်ရွတ်ဆိုနိုင်ခဲ့ပါသည်။
ထိုမျှမကသေး။စာအုပ်မူကွဲ အမျိုးမျိုး ရှိပါက မည်သည့်စာအုပ်၊ စာမျက်နှာမည်မျှ၊ စာကြောင်းရေမည်မျှတွင် မည်သို့ဆိုသည် မည်သည့်စာအုပ်က အမှန် ဖြစ်သည်ဟူသည်အထိ ထောက်ပြနိုင်လောက်အောင် ပညာဉာဏ်ကြီးမားလွန်းလှပါသည်။
ရေးဖြေ ဖြေဆိုရာ၌လည်း သီလက္ခန္ခဝဂ် ၉၃-မှတ် ၊ မဟာဝဂ် ၉၇-မှတ် ၊ ပါတိကဝဂ် ၉၇-မှတ် ၊ ပါရာဇိကဏ် ၈၉-မှတ် ၊ ပါစိတ်ပါဠိတော် ၉၉-မှတ် ၊ မဟာဝဂ္ဂပါဠိတော် ၉၂-မှတ် ၊ စူဠဝဂ္ဂပါဠိတော် ၉၈-မှတ် ၊ ပရိဝါပါဠိတော် ၁၀၀-မှတ် စသည်ဖြင့် ဘာသာတိုင်းကို ဂုဏ်ထူးမှတ် ၈၅-မှတ် အထက်ဖြင့် ဖြေဆိုအောင်မြင်ခဲ့ပါသည်။
ဆရာတော်ကြီးကို ၁၂၇၃၊ တန်ဆောင်မုန်းလဆန်း ၁၁-ရက်နေ့တွင် မြင်းခြံမြို့နယ်၊ကျည်ပင် ရွာသူကြီး ဦးဆုံ၊ ဒေါ်ဆင်တို့မှ ဖွားမြင်ခဲ့ပါသည်။ ငယ်မည် မောင်ခင်ဖြစ်ပါသည်။
၇-နှစ်သား အရွယ်တွင် သာမဏေ ဝတ်ခဲ့ပြီး သက်တော်*၁၅-နှစ်သားတွင် ပထမငယ်တန်း၊ *၁၆-နှစ်သားတွင် ပထမလတ်တန်း၊ *၂၀-နှစ်တွင် ပထမကြီးတန်းတို့ကို အောင်မြင်ခဲ့ပါသည်။
၁၂၉၅-တွင် အစိုးရပထမကြီးတန်းကို ပထမကျော်ဟူသော ဘွဲ့ထူးဖြင့် အမြင့်ဆုံး အောင်မြင်ခဲ့ပါသည်။
ထိုနှစ်တွင်ပင် သကျသီဟစာသင်တန်းကိုလည်းကောင်း၊၁၂၉၆-တွင် စာချတန်းကိုလည်းကောင်း တစ်ဆက်တည်းအောင်မြင်၍ ဝဋံသကာ(ဦးဆောက်ပန်းဘွဲ့) ဖြင့်ချီးကျူး ပူဇော်ခြင်းခံခဲ့ရပါသည်။
(ထိုဘွဲ့မှာ တနိုင် ငံလုံးတွင် ရ ရှိတော်မူခဲ့သော ဆရာတော် ကိုးပါးသာရှိပါသည်)ပိဋကတ်သုံးပုံကို အထောက်အမကင်းစွာ အာဂုံပြန်ဆို နိုင်သောကြောင့် တရားဘဏ္ဍာစိုးဟုအဓိပ္ပယ်ရသော တိပိဋကဓရဓမ္မဘဏ္ဍာဂါရိကဘွဲ့ကို ဆက်ကပ်ခြင်းခံခဲ့ ရပါသည်။
ဆဋ္ဌသံဂါယနာတင်ပွဲကြီးတွင်လည်း မဟာစည်ဆရာတော်ကြီး မေးသမျှကို တစ်လုံးတစ်ပါဒမျှ ထစ်ငေါ့ခြင်းမရှိဘဲ ဖြေဆိုတော်မူ၍ ဆဋ္ဌသင်္ဂတိသဇကအဖြစ် ဆောင်ရွက် ခဲ့ပါသည်။ ထို့ပြင်စာမျက်နှာပေါင်း ၅၀၀၀ ကျော်ရှိသော မဟာဗုဒ္ဓဝင်ကျမ်းကြီးများကိုလည်း ပြုစုခဲ့ပါသည်။
ထို့ကြောင့်လည်း အစိုးရအဆက်ဆက်က ဆရာတော်ကြီးကို ဘွဲ့ထူးအမျိုးမျိုးဖြင့် ချီးကျူး ပူဇော်ခဲ့ကြပါသည်။
သာသနာ့အာဇာနည်
အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒမ္မေဇောတိက၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက၊ ဆဋ္ဌသင်္ဂါယနာ ဝိသဇ္ဇက၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့
အကျိုးတော်ဆောင်ချုပ်ဆရာတော်ကြီး မင်းကွန်းဆရာတော်
ဦးဝိစိတ္တသာရာဘိဝံသ သည် ၉-၂-၁၉၉၃၊အင်္ဂါနေ့ ညနေ၊ ၄-နာရီ ၄၀-မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပါသည်။
Zawgyi
သံဃာေတာ္ အေပါင္းတို႔၏ ဥေသွ်ာင္ သံဃာ့မဟာနာယကႀကီးအျဖစ္ တာဝန္ထမ္းခဲ့သူ။
ျမတ္စြာဘုရားရွင္၏ ညီေတာ္ အရွင္အာနႏၵာကဲ့သို႔ တရားေတာ္၊ ျမတ္ဓမၼတို႔၏ ဘ႑ာတိုက္ ေတာ္ႀကီးျဖစ္ခဲ့သူ.။
သူ႕ဉာဏ္ေတာ္ကို အမ်ားအက်ိဳးစီးပြား အတြက္အခ်ိန္ျပည့္ မေနမနားအသုံးခ်ေပးခဲ့သူ .. ..။ မ်ိဳးဖ်က္ မိစ္ဆာတို႔ရဲ႕ ဘာသာေရးလႊမ္းမိုးမႈကို ေပၚေပၚတင္တင္ ရဲရဲဝံ့ဝံ့ဆန႔္က်င္ခဲ့သူ ။
တပည့္သံဃာေတာ္ေတြကို ထိလာလွ်င္ သူကိုယ္တိုင္ပင္ေရွ႕ကရပ္၍ ကာကြယ္ေပးရဲသူ . .။ ျမတ္ဗုဒၶ၏ သာသနာေတာ္အတြက္ အတုယူဖြယ္ရာ နိဗၺာန္ေဆာ္ ပုဂၢိုလ္ႀကီး တစ္ပါး . .။
ဘဝေနဝင္ ခ်ိန္ထိတိုင္ လက္ႏွိပ္စက္တစ္လုံးျဖင့္ ဓမၼစာေပ မ်ားကို ဘာသာျပန္ဆိုေပးခဲ့သူ ။
မင္းကြန္းဆရာေတာ္ ဦးဝိစိတၱသာရာဘိဝံသမပ်ံံလြန္မီ အခ်ိန္ထိ ဘာသာ သာသနာအက်ိဳး ေဆာင္ ႐ြက္ေတာ္မူခဲ့သူ။ (၃၁) ဘုံ ေဝေနယ်ာတို႔ အေပၚတြင္ ေမတၱာက႐ုဏာတရား လြန္စြာ ႀကီးမားသူ။
တိပိဋကဓရ ဆရာေတာ္ ကိုယ္တိုင္ ျဖစ္ေတာ္မူၿပီး မ်ားျပားစြာေသာတိပိဋက ဆရာေတာ္မ်ားကို ေမြးထုတ္ေပးခဲ့သူ။
အနာဂတ္ သာသနာအက်ိဳး ရည္ေမွ်ာ္၍ နိုင္ငံေတာ္ ပရိယတၱိသာသနာ့တကၠသိုလ္(မႏၱေလး ႏွင့္ ရန္ကုန္) တို႔အား တည္ေဆာက္ကာ မ်ိဳးေစ့မ်ား ႀကဲေပးေတာ္မူခဲ့သူ။
မ်ားျပားလွစြာေသာ သာသနာေရး၊ အမ်ိဳးသားေရး တို႔ကို ႐ြက္ေဆာင္ေတာ္မူခဲ့သူ။အႏွိုင္းမဲ့ သာသနာ့အာဇာနည္ မင္းကြန္းဆရာေတာ္ ဘုရားႀကီး။
ဆရာေတာ္ႀကီးသည္ ပိဋကတ္သုံးပုံ၊ စာမ်က္ႏွာေပါင္း (၉၉၃၄) မ်က္ႏွာကို တစ္ခ်က္မွေထာက္မေပးရဘဲ အလြတ္အာဂုံေဆာင္နိုင္ေသာေၾကာင့္ ကမၻာ့မွတ္ဉာဏ္ အေကာင္းဆုံး ပုဂၢိုလ္အျဖစ္ ဂင္းနစ္စာအုပ္တြင္ ႏွစ္ႀကိမ္တိုင္ ေဖာ္ျပခံခဲ့ရပါသည္။
တိပိဋကဓရ ေ႐ြးခ်ယ္ေရး စာေမးပြဲသည္ ပိဋကတ္သုံးပုံကို ႏႈတ္ေျဖ၊ ေရးေျဖေျဖဆိုရေသာ စာေမးပြဲျဖစ္ၿပီး ကမၻာေပၚတြင္ အခက္ခဲဆုံးစာေမးပြဲႀကီး ျဖစ္ပါသည္။
မည္မွ်ခက္ခဲပါသနည္း ဆိုလွ်င္ စတင္စစ္ေဆးေသာ ျမန္မာႏွစ္ ၁၃၁၀-မွ ၁၃၆၂- အထိ ၅၃-ႏွစ္အတြင္း ေအာင္ျမင္သူ ၉-ဦးသာရွိခဲ့ပါသည္။
စာေမးပြဲေအာင္မွတ္မွာ အမွတ္၁၀၀-တြင္၇၅-မွတ္ရမွသာ ေအာင္ျမင္ပါသည္။ ပိဋကတ္သုံးပုံကို အလြတ္႐ြတ္ဆိုရာတြင္ နံနက္ ၈-နာရီမွ၁၀-နာရီအထိ တစ္ႀကိမ္၊ ေန႕လယ္ ၁-နာရီမွ၄-နာရီအထိ တစ္ႀကိမ္၊ တစ္ေန႕လွ်င္ ၂-ႀကိမ္ခြဲ၍ စာျပန္ရပါသည္။
သတ္မွတ္ထားေသာ အခ်ိန္အတြင္း သတ္မွတ္ထားေသာ စာမ်က္ႏွာအေရအတြက္ ကိုၿပီးေအာင္ျပန္ဆိုရပါသည္။ အခ်ိန္ကိုက္ စာမျပန္နိုင္လွ်င္ စာေမးပြဲက်ပါသည္။
တစ္ေန႕လုံး အတြက္စာ ၅-ခါ ေထာက္ေပးခြင္ရွိပါသည္။ ၅-ခါထက္ပို၍ ေထာက္ေပးရလွ်င္ စာေမးပြဲ က်ပါသည္။ စာကို အလြတ္႐ြတ္ဆိုရင္း ဝါက်တစ္ခု ေက်ာ္သြားပါက စာေမးပြဲက်ပါသည္။
ထို႔ေၾကာင့္ ကမၻာ့အခက္ဆုံး စာေမးပြဲႀကီးဟု ဆိုရျခင္းျဖစ္ပါသည္။ ဆရာေတာ္ႀကီးသည္ အဆိုပါ စာေမးပြဲႀကီးတြင္ စာမ်က္ႏွာ၉၉၃၄-မ်က္ႏွာလုံးကို တစ္ခ်က္မွေထာက္မေပးရဘဲ အလြတ္႐ြတ္ဆိုနိုင္ခဲ့ပါသည္။
ထိုမွ်မကေသး။စာအုပ္မူကြဲ အမ်ိဳးမ်ိဳး ရွိပါက မည္သည့္စာအုပ္၊ စာမ်က္ႏွာမည္မွ်၊ စာေၾကာင္းေရမည္မွ်တြင္ မည္သို႔ဆိုသည္ မည္သည့္စာအုပ္က အမွန္ ျဖစ္သည္ဟူသည္အထိ ေထာက္ျပနိုင္ေလာက္ေအာင္ ပညာဉာဏ္ႀကီးမားလြန္းလွပါသည္။
ေရးေျဖ ေျဖဆိုရာ၌လည္း သီလကၡႏၡဝဂ္ ၉၃-မွတ္ ၊ မဟာဝဂ္ ၉၇-မွတ္ ၊ ပါတိကဝဂ္ ၉၇-မွတ္ ၊ ပါရာဇိကဏ္ ၈၉-မွတ္ ၊ ပါစိတ္ပါဠိေတာ္ ၉၉-မွတ္ ၊ မဟာဝဂၢပါဠိေတာ္ ၉၂-မွတ္ ၊ စူဠဝဂၢပါဠိေတာ္ ၉၈-မွတ္ ၊ ပရိဝါပါဠိေတာ္ ၁၀၀-မွတ္ စသည္ျဖင့္ ဘာသာတိုင္းကို ဂုဏ္ထူးမွတ္ ၈၅-မွတ္ အထက္ျဖင့္ ေျဖဆိုေအာင္ျမင္ခဲ့ပါသည္။
ဆရာေတာ္ႀကီးကို ၁၂၇၃၊ တန္ေဆာင္မုန္းလဆန္း ၁၁-ရက္ေန႕တြင္ ျမင္းၿခံၿမိဳ႕နယ္၊က်ည္ပင္ ႐ြာသူႀကီး ဦးဆုံ၊ ေဒၚဆင္တို႔မွ ဖြားျမင္ခဲ့ပါသည္။ ငယ္မည္ ေမာင္ခင္ျဖစ္ပါသည္။
၇-ႏွစ္သား အ႐ြယ္တြင္ သာမေဏ ဝတ္ခဲ့ၿပီး သက္ေတာ္*၁၅-ႏွစ္သားတြင္ ပထမငယ္တန္း၊ *၁၆-ႏွစ္သားတြင္ ပထမလတ္တန္း၊ *၂၀-ႏွစ္တြင္ ပထမႀကီးတန္းတို႔ကို ေအာင္ျမင္ခဲ့ပါသည္။
၁၂၉၅-တြင္ အစိုးရပထမႀကီးတန္းကို ပထမေက်ာ္ဟူေသာ ဘြဲ႕ထူးျဖင့္ အျမင့္ဆုံး ေအာင္ျမင္ခဲ့ပါသည္။
ထိုႏွစ္တြင္ပင္ သက်သီဟစာသင္တန္းကိုလည္းေကာင္း၊၁၂၉၆-တြင္ စာခ်တန္းကိုလည္းေကာင္း တစ္ဆက္တည္းေအာင္ျမင္၍ ဝဋံသကာ(ဦးေဆာက္ပန္းဘြဲ႕) ျဖင့္ခ်ီးက်ဴး ပူေဇာ္ျခင္းခံခဲ့ရပါသည္။
(ထိုဘြဲ႕မွာ တနိုင္ ငံလုံးတြင္ ရ ရွိေတာ္မူခဲ့ေသာ ဆရာေတာ္ ကိုးပါးသာရွိပါသည္)ပိဋကတ္သုံးပုံကို အေထာက္အမကင္းစြာ အာဂုံျပန္ဆို နိုင္ေသာေၾကာင့္ တရားဘ႑ာစိုးဟုအဓိပၸယ္ရေသာ တိပိဋကဓရဓမၼဘ႑ာဂါရိကဘြဲ႕ကို ဆက္ကပ္ျခင္းခံခဲ့ ရပါသည္။
ဆ႒သံဂါယနာတင္ပြဲႀကီးတြင္လည္း မဟာစည္ဆရာေတာ္ႀကီး ေမးသမွ်ကို တစ္လုံးတစ္ပါဒမွ် ထစ္ေငါ့ျခင္းမရွိဘဲ ေျဖဆိုေတာ္မူ၍ ဆ႒သဂၤတိသဇကအျဖစ္ ေဆာင္႐ြက္ ခဲ့ပါသည္။ ထို႔ျပင္စာမ်က္ႏွာေပါင္း ၅၀၀၀ ေက်ာ္ရွိေသာ မဟာဗုဒၶဝင္က်မ္းႀကီးမ်ားကိုလည္း ျပဳစုခဲ့ပါသည္။
ထို႔ေၾကာင့္လည္း အစိုးရအဆက္ဆက္က ဆရာေတာ္ႀကီးကို ဘြဲ႕ထူးအမ်ိဳးမ်ိဳးျဖင့္ ခ်ီးက်ဴး ပူေဇာ္ခဲ့ၾကပါသည္။
သာသနာ့အာဇာနည္
အဂၢမဟာပ႑ိတ၊ အဘိဓဇ မဟာရ႒ဂု႐ု၊ အဘိဓဇအဂၢမဟာသဒေမၼေဇာတိက၊ တိပိဋကဓရ ဓမၼဘ႑ာဂါရိက၊ ဆ႒သဂၤါယနာ ဝိသဇၨက၊ နိုင္ငံေတာ္ သံဃမဟာနာယကအဖြဲ႕
အက်ိဳးေတာ္ေဆာင္ခ်ဳပ္ဆရာေတာ္ႀကီး မင္းကြန္းဆရာေတာ္
ဦးဝိစိတၱသာရာဘိဝံသ သည္ ၉-၂-၁၉၉၃၊အဂၤါေန႕ ညေန၊ ၄-နာရီ ၄၀-မိနစ္တြင္ ဘဝနတ္ထံ ပ်ံလြန္ေတာ္မူခဲ့ပါသည္။
RELATED POSTS