ၾကားသိရသမွ်

ေငြႏွင့္ ေ႐ႊထည္ ထည့္ထားေသာ အနီေရာင္ ေက်ာပိုးအိတ္လည္း ေပ်ာက္ဆုံး

မႏၲေလး၌ ကားျဖင့္သြားလာေနသူ အမ်ိဳးသမီးတစ္ဦး အဝတ္ဗလာ၊ ထိုးႀကိတ္ဒဏ္ရာမ်ားျဖင့္ ကားေပၚတြင္ ေသဆုံးေန၊

ေငြႏွင့္ ေ႐ႊထည္ ထည့္ထားေသာ အနီေရာင္ ေက်ာပိုးအိတ္လည္း ေပ်ာက္ဆုံး

မႏၲေလးၿမိဳ႕ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၌ အခ်ိန္ၾကာျမင့္စြာ ရပ္တန႔္ထားသည့္ ေမာ္ေတာ္ယာဥ္တစ္စီးေပၚမွ အဝတ္မပါ ထိုးႀကိတ္ဒဏ္ရာမ်ားျဖင့္

ေသဆုံးလွ်က္ရွိသည့္ အမ်ိဳးသမီးတစ္ဦး ေတြ႕ခဲ့ရေၾကာင္း သတင္းရရွိသည္။

ဧၿပီလ (၁)ရက္ ည(၈)နာရီခန႔္က ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ (က)ရပ္ကြက္၊ (၁၁၅×၇၃) လမ္းေထာင့္တြင္ ေမာ္ေတာ္ယာဥ္တစ္စီး

အခ်ိန္ၾကာျမင့္စြာ ရပ္တန႔္ထားေၾကာင္း ရပ္ကြက္ေန ျပည္သူမ်ားက အေၾကာင္းၾကားသျဖင့္ နယ္ေျမခံရဲတပ္ဖြဲ႕က

သြားေရာက္စစ္ေဆးခဲ့ရာ MDY/—- ၊ Suzuki ေမာ္ေတာ္ယာဥ္အား ေတြ႕ရၿပီး

၎ေမာ္ေတာ္ယာဥ္ေပၚတြင္ အမည္မသိ အမ်ိဳးသမီးတစ္ဦးအား အဝတ္အစားမ်ားမပါရွိဘဲ မ်က္ႏွာထိုးႀကိတ္၊ လွ်ာထြက္ဒဏ္ရာမ်ားျဖင့္

ေသဆုံးေနသည္ကို ေတြ႕ရွိခဲ့ရေၾကာင္း စစ္ေကာင္စီ ရဲတပ္ဖြဲ႕ႏွင့္ နီးစပ္သူမ်ားကလည္း အတည္ျပဳသည္။

အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ ျပည္ႀကီးတံခြန္ၿမိဳ႕မရဲစခန္းမွ စစ္ေဆးလ်က္ရွိေၾကာင္း စစ္ေကာင္စီ ရဲအသိုင္းအဝိုင္းႏွင့္ နီးစပ္သူမ်ားက ဆိုသည္။

” ကြၽန္ေတာ့ တပည့္မ မေန႔ညက ေငြလုၿပီး အသတ္ခံရလို႔ပါ၊ ၇၃နဲ႔ ၁၁၅ေဒါင့္မွာ အေလာင္းေတြ႕ပါတယ္ ၊ သူနဲ႔အတူပါသြားတဲ့

ေငြႏွင့္ေ႐ႊမ်ားထည့္ထားတဲ့ ေက်ာပိုးအိတ္ အနီေရာင္ ေပ်ာက္ေနပါတယ္၊ ေတြ႕ရွိပါက အေၾကာင္းၾကားေပးပါ

” ဟု ေသဆုံးသူအမ်ိဳးသမီးႏွင့္ နီးစပ္သူတစ္ဦးက လူမႈကြန္ရက္၌ ေရးသားထားသည္။

မႏၲေလးၿမိဳ႕ေပၚ၌ လူအသြားအလာ ျပတ္ေတာက္သည့္ ေနရာမ်ား၌ ပစၥည္းယူ လုယက္ လူသတ္သည့္ ျဖစ္ရပ္မ်ား

မၾကာခဏ ၾကားလာရေၾကာင္း ၿမိဳ႕ခံမ်ားက ဆိုၾကသည္။

မန္တလေး၌ ကားဖြင့်သွားလာနေသူ အမျိုးသမီးတစ်ဦး အဝတ်ဗလာ၊ ထိုးကြိတ်ဒဏ်ရာများဖြင့် ကားပေါ်တွင် သေဆုံးနေ၊

ငွေနှင့် ရွှေထည် ထည့်ထားသော အနီရောင် ကျောပိုးအိတ်လည်း ပျောက်ဆုံး

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၌ အချိန်ကြာမြင့်စွာ ရပ်တန့်ထားသည့် မော်တော်ယာဉ်တစ်စီးပေါ်မှ အဝတ်မပါ

ထိုးကြိတ်ဒဏ်ရာများဖြင့် သေဆုံးလျှက်ရှိသည့် အမျိုးသမီးတစ်ဦး တွေ့ခဲ့ရကြောင်း သတင်းရရှိသည်။

ဧပြီလ (၁)ရက် ည(၈)နာရီခန့်က ပြည်ကြီးတံခွန်မြို့နယ်၊ (က)ရပ်ကွက်၊ (၁၁၅×၇၃) လမ်းထောင့်တွင် မော်တော်ယာဉ်တစ်စီး

အချိန်ကြာမြင့်စွာ ရပ်တန့်ထားကြောင်း ရပ်ကွက်နေ ပြည်သူများက အကြောင်းကြားသဖြင့် နယ်မြေခံရဲတပ်ဖွဲ့က

သွားရောက်စစ်ဆေးခဲ့ရာ MDY/—- ၊ Suzuki မော်တော်ယာဉ်အား တွေ့ရပြီး

၎င်းမော်တော်ယာဉ်ပေါ်တွင် အမည်မသိ အမျိုးသမီးတစ်ဦးအား အဝတ်အစားများမပါရှိဘဲ မျက်နှာထိုးကြိတ်၊

လျှာထွက်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း စစ်ကောင်စီ ရဲတပ်ဖွဲ့နှင့် နီးစပ်သူများကလည်း အတည်ပြုသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်ကြီးတံခွန်မြို့မရဲစခန်းမှ စစ်ဆေးလျက်ရှိကြောင်း စစ်ကောင်စီ ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူများက ဆိုသည်။

” ကျွန်တော့ တပည့်မ မနေ့ညက ငွေလုပြီး အသတ်ခံရလို့ပါ၊ ၇၃နဲ့ ၁၁၅ဒေါင့်မှာ အလောင်းတွေ့ပါတယ် ၊ သူနဲ့အတူပါသွားတဲ့

ငွေနှင့်ရွှေများထည့်ထားတဲ့ ကျောပိုးအိတ် အနီရောင် ပျောက်နေပါတယ်၊ တွေ့ရှိပါက အကြောင်းကြားပေးပါ

” ဟု သေဆုံးသူအမျိုးသမီးနှင့် နီးစပ်သူတစ်ဦးက လူမှုကွန်ရက်၌ ရေးသားထားသည်။

မန္တလေးမြို့ပေါ်၌ လူအသွားအလာ ပြတ်တောက်သည့် နေရာများ၌ ပစ္စည်းယူ လုယက် လူသတ်သည့် ဖြစ်ရပ်များ

မကြာခဏ ကြားလာရကြောင်း မြို့ခံများက ဆိုကြသည်။