လာမယ့္ တကၠသိုလ္ဝင္တန္းစာေမးပြဲ ေခၚဆိုရာမွာ အဂၤလိပ္၊ ဇီဝေဗဒနဲ႔ ဓာတုေဗဒဘာသာရပ္ေတြမွာ အမွတ္ေကာင္းသူေတြကို ေဆးတကၠသိုလ္ဝင္ခြင့္ စာေမးပြဲေျဖဆိုခြင့္ ေပးသြားမယ္လို႔ စစ္ေကာင္စီဥကၠဌ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာပါတယ္
ျမန္မာႏိုင္ငံမွာ ၁၉၉၅ ႏွစ္မွ ၂၀၂၀ ျပည့္ႏွစ္အထိ ႏိုင္ငံအတြင္းရွိ ေဆးတကၠသိုလ္မ်ားမွ ေမြးထုတ္ေပးခဲ့တဲ့ ဆရာဝန္မ်ား သုံးေသာင္းေက်ာ္ရွိေသာ္လည္း
ႏိုင္ငံ့ဝန္ထမ္းအျဖစ္ တာဝန္ထမ္းေဆာင္ေနသူ ၁ ေသာင္းခန႔္သာ ရွိတဲ့အတြက္ ထက္ဝက္ပင္မရွိတာကို ေတြ႕ရွိရတယ္လို႔ ၎က ေျပာပါတယ္
“အဆိုပါဆရာဝန္ေတြက အခုဆို အသက္အားျဖင့္ ၅၅ ႏွစ္ဝန္းက်င္သာ ရွိမွာျဖစ္ၿပီး ႏိုင္ငံ့တာဝန္ကို ေကာင္းစြာထမ္းေဆာင္ႏိုင္တဲ့ အ႐ြယ္မ်ားပင္ျဖစ္ေသာ္လည္း
ႏိုင္ငံ့တာဝန္ကို ထမ္းေဆာင္မႈ မျပဳတာေၾကာင့္ တိုင္းျပည္အတြက္ မ်ားစြာနစ္နာရပါတယ္။ ဒါေၾကာင့္ လာမယ့္ တကၠသိုလ္ဝင္တန္းစာေမးပြဲ ေခၚဆိုရာမွာ
အဂၤလိပ္၊ ဇီဝေဗဒနဲ႔ ဓာတုေဗဒ ဘာသာရပ္ေတြမွာ အမွတ္ေကာင္းသူမ်ားကို ေဆးတကၠသိုလ္ဝင္ခြင့္စာ ေမးပြဲေျဖဆိုခြင့္ ေပးသြားမွာ ျဖစ္ပါတယ္”လို႔ ၎က ေျပာပါတယ္။
ယင္းကဲ့သို႔ ေဆးတကၠသိုလ္သို႔ တက္ေရာက္ ပညာသင္ၾကားရာမွာလည္း ပညာသင္ ေထာက္ပံ့ေၾကးေပးကာ ေက်ာင္းတက္ခြင့္ ေပးသြားမွာျဖစ္ၿပီး ႏိုင္ငံ့ဝန္ထမ္းအျဖစ္ အနည္းဆုံး ၁၀ ႏွစ္ တာဝန္ထမ္းေဆာင္သြားဖို႔ ဝန္ခံကတိ လက္မွတ္ေရးထိုးရမွာ ျဖစ္တယ္လို႔ ဆိုပါတယ္
“ႏိုင္ငံ့ဝန္ထမ္းအျဖစ္ တာဝန္မထမ္းေဆာင္လိုသူမ်ား အေနနဲ႔ကေတာ့ ပညာသင္ၾကားေရး စရိတ္ေတြ ႏိုင္ငံေတာ္ကို ျပန္လည္ေပးေခ်ရမွာ ျဖစ္ပါတယ္”လို႔ ၎က ေျပာပါတယ္။
ေနျပည္ေတာ္ေကာင္စီ နယ္ေျမမွာလည္း ဝိဇၨာ၊ သိပၸံ၊ ဥပေဒ၊ စီးပြားေရး၊ ေဆးပညာ၊ လူမႈဝန္ထမ္း ဘာသာရပ္မ်ား သင္ၾကားႏိုင္မယ့္ တကၠသိုလ္တစ္ခုရွိရန္ လိုအပ္တာေၾကာင့္ ယင္းအတြက္ ျပင္ဆင္ေဆာင္႐ြက္ေနတယ္လို႔လည္း ၎က ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။
Crd#
Zawgyi
အဂၤလိပ္၊ ဇီဝေဗဒနဲ႔ ဓာတုေဗဒ ဘာသာရပ္ေတြမွာ အမွတ္ေကာင္းသူေတြကို ေဆးတကၠသိုလ္ဝင္ခြင့္ ေပးသြားမယ္လို႔ မအလေျပာ
လာမယ့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ခေါ်ဆိုရာမှာ အင်္ဂလိပ်၊ ဇီဝဗေဒနဲ့ ဓာတုဗေဒဘာသာရပ်တွေမှာ အမှတ်ကောင်းသူတွေကို ဆေးတက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုခွင့် ပေးသွားမယ်လို့ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်
မြန်မာနိုင်ငံမှာ ၁၉၉၅ နှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ နိုင်ငံအတွင်းရှိ ဆေးတက္ကသိုလ်များမှ မွေးထုတ်ပေးခဲ့တဲ့ ဆရာဝန်များ သုံးသောင်းကျော်ရှိသော်လည်း
နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေသူ ၁ သောင်းခန့်သာ ရှိတဲ့အတွက် ထက်ဝက်ပင်မရှိတာကို တွေ့ရှိရတယ်လို့ ၎င်းက ပြောပါတယ်။
“အဆိုပါဆရာဝန်တွေက အခုဆို အသက်အားဖြင့် ၅၅ နှစ်ဝန်းကျင်သာ ရှိမှာဖြစ်ပြီး နိုင်ငံ့တာဝန်ကို ကောင်းစွာထမ်းဆောင်နိုင်တဲ့ အရွယ်များပင်ဖြစ်သော်လည်း
နိုင်ငံ့တာဝန်ကို ထမ်းဆောင်မှု မပြုတာကြောင့် တိုင်းပြည်အတွက် များစွာနစ်နာရပါတယ်။ ဒါကြောင့် လာမယ့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ခေါ်ဆိုရာမှာ
အဂၤလိပ္ ဇီဝဗေဒနဲ့ ဓာတုဗေဒ ဘာသာရပ်တွေမှာ အမှတ်ကောင်းသူများကို ဆေးတက္ကသိုလ်ဝင်ခွင့်စာ မေးပွဲဖြေဆိုခွင့် ပေးသွားမှာ ဖြစ်ပါတယ်။”လို့ ၎င်းက ပြောပါတယ်။
ယင်းကဲ့သို့ ဆေးတက္ကသိုလ်သို့ တက်ရောက် ပညာသင်ကြားရာမှာလည်း ပညာသင် ထောက်ပံ့ကြေးပေးကာ ကျောင်းတက်ခွင့် ပေးသွားမှာဖြစ်ပြီး
နိုင်ငံ့ဝန်ထမ်းအဖြစ် အနည်းဆုံး ၁၀ နှစ် တာဝန်ထမ်းဆောင်သွားဖို့ ဝန်ခံကတိ လက်မှတ်ရေးထိုးရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
“နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်မထမ်းဆောင်လိုသူများ အနေနဲ့ကတော့ ပညာသင်ကြားရေး စရိတ်တွေ နိုင်ငံတော်ကို ပြန်လည်ပေးချေရမှာ ဖြစ်ပါတယ်။”လို့ ၎င်းက ပြောပါတယ်။
နေပြည်တော်ကောင်စီ နယ်မြေမှာလည်း ဝိဇ္ဇာ၊ သိပ္ပံ၊ ဥပဒေ၊ စီးပွားရေး၊ ဆေးပညာ၊ လူမှုဝန်ထမ်း ဘာသာရပ်များ သင်ကြားနိုင်မယ့် တက္ကသိုလ်တစ်ခုရှိရန် လိုအပ်တာကြောင့် ယင်းအတွက် ပြင်ဆင်ဆောင်ရွက်နေတယ်လို့လည်း ၎င်းက ထပ်လောင်း ပြောကြားခဲ့ပါတယ်။
Crd#