မြစ်ကြီးနားအကျဉ်းထောင်ကနေ သမီးဖြစ်သူ လွတ်လာမှာကို စောင့်ရင်း ဖခင်ဖြစ်သူ နှလုံးအောင့်ပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဇွန်လ ၃၀ ရက်နေ့က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့သူတွေကို စစ်ကောင်စီက သက်ဆိုင်ရာ အကျဉ်းထောင်
တွေကနေ ပြန်လွှတ်ပေးခဲ့ပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာလည်း ဖမ်းဆီးထားသူတွေကို လွှတ်ပေးမယ်ဆိုတာကြောင့် လယ်ကုန်းရက်ကွက်နေ အသက် ၆၀ ဆယ်
ကျော်အရွယ် ဦးဇော်ဖန်းဟာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သမီးဖြစ်သူ မဘောက်ဂျာကို သွားစောင့်ရာမှ နှလုံးအောင့်ကာ သေဆုံးသွားခဲ့
တယ်လို့ သိရပါတယ်။
ဆွေမျိုးတစ်ဦးက “ညနေ လေးနာရီလောက်မှာ နှလုံးအောင့်ပြီးဆုံးတာလို့ပြောတယ်။ ဦးလေးရဲ့ သတင်းကြားတာနဲ့စိတ်မကောင်းဘူး။
အိမ်ကအမေဆိုရင် အဲ့သတင်းကြားတာနဲ့ ငိုတော့တာပဲ” လို့ ပြောပါတယ်။
အခုသေဆုံးသွားခဲ့တဲ့ သူရဲ့သမီးဖြစ်သူ မဘောက်ဂျာဟာ မေလ ၁၁ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခံရတာဖြစ်ပြီး လက်ရှိမှာ ပုဒ်မ
၅၀၅(က) နဲ့တရားစွဲဆိုခံထားရကာ လွှတ်မြောက်ခဲ့ခြင်း မရှိဘူးသေးဘူးလို့ သိရပါတယ်။
မြစ်ကြီးနားမြို့မှာ စစ်အာဏာရှင်ကို ဆန့်ကျင် ဆန္ဒပြလို့ ဖမ်းဆီးထိန်းသိမ်းခံရသူ အမျိုးသမီး ၅၀ နဲ့ အမျိုးသား ၉၅ ဦး စုစုပေါင်း ၁၄၅ ဦး
ကို ဇွန် ၃၀ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

ျမစ္ႀကီးနားအက်ဥ္းေထာင္ကေန သမီးျဖစ္သူ လြတ္လာမွာကို ေစာင့္ရင္း ဖခင္ျဖစ္သူ ႏွလုံးေအာင့္ၿပီး ေသဆုံးခဲ့တယ္လို႔ သိရပါ
တယ္။
ဇြန္လ ၃၀ ရက္ေန႔က တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့သူေတြကို စစ္ေကာင္စီက သက္ဆိုင္ရာ အက်
ဥ္းေထာင္ေတြကေန ျပန္လႊတ္ေပးခဲ့ပါတယ္။
ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕မွာလည္း ဖမ္းဆီးထားသူေတြကို လႊတ္ေပးမယ္ဆိုတာေၾကာင့္ လယ္ကုန္းရက္ကြက္ေန အသ
က္ ၆၀ ဆယ္ေက်ာ္အ႐ြယ္ ဦးေဇာ္ဖန္းဟာ ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ သမီးျဖစ္သူ မေဘာက္ဂ်ာကို သြားေစာင့္ရာမွ ႏွလုံးေ
အာင့္ကာ ေသဆုံးသြားခဲ့တယ္လို႔ သိရပါတယ္။
ေဆြမ်ိဳးတစ္ဦးက “ညေန ေလးနာရီေလာက္မွာ ႏွလုံးေအာင့္ၿပီးဆုံးတာလို႔ေျပာတယ္။ ဦးေလးရဲ႕ သတင္းၾကားတာနဲ႔စိ
တ္မေကာင္းဘူး။ အိမ္ကအေမဆိုရင္ အဲ့သတင္းၾကားတာနဲ႔ ငိုေတာ့တာပဲ” လို႔ ေျပာပါတယ္။
အခုေသဆုံးသြားခဲ့တဲ့ သူရဲ႕သမီးျဖစ္သူ မေဘာက္ဂ်ာဟာ ေမလ ၁၁ ရက္ေန႔က ဖမ္းဆီးထိန္းသိမ္းခံရတာျဖစ္ၿပီး လက္ရွိမွာ ပုဒ္မ
၅၀၅(က) နဲ႔တရားစြဲဆိုခံထားရကာ လႊတ္ေျမာက္ခဲ့ျခင္း မရွိဘူးေသးဘူးလို႔ သိရပါတယ္။
ျမစ္ႀကီးနားၿမိဳ႕မွာ စစ္အာဏာရွင္ကို ဆန႔္က်င္ ဆႏၵျပလို႔ ဖမ္းဆီးထိန္းသိမ္းခံရသူ အမ်ိဳးသမီး ၅၀ နဲ႔ အမ်ိဳးသား ၉၅ ဦး စုစုေပါင္း
၁၄၅ ဦးကို ဇြန္ ၃၀ ရက္ေန႔မွာ ျပန္လႊတ္ေပးခဲ့ပါတယ္။



