ပြည်သူလူထုအနေနဲ့လည်း ဇွန်လ(၃၀)ရက်နေ့မှာ ဖမ်းဆီးခံရသူတချို့ကို ပြန်လွှတ်ပေးခဲ့တဲ့အခြေအနေကြောင့်ဝမ်းသာပျော်ရွှင်ခဲ့ရတာ
ဖြစ်ပါတယ်။မိမိတို့နဲ့ အသိ၊မိတ်ဆွေ၊သူငယ်ချင်းတွေများ လွတ်မယ့်အထဲပါမလားလို့ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့စောင့်မျှော်နေခဲ့ရတာဖြစ်ပါ
တယ်။

အင်းစိန်ထောင်ရှေ့ကို မနက်အစောကတည်းက ရောက်နေတဲ့ လူအုပ်ကြီးကတော့ ဇွဲကောင်းကောင်းနဲ့ ညနေအထိ စောင့်ဆိုင်းနေခဲ့ရပြီး
(၆) နာရီ နောက်ပိုင်းမှ ဖမ်းဆီးခံရသူတချို့ကို ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။
မိမိတို့ရဲ့မိသားစုဝင်ကို အရမ်းတွေ့ချင်ကြလို့ နေဒဏ်၊မိုးဒဏ်ကို အံတုပြီး စောင့်နေကြတဲ့အထဲမှာ သက်ကြီးရွယ်အိုအဘိုး၊အဘွားတွေ
လည်း ပါဝင်နေတာဖြစ်ပါတယ်။အဘွားအိုတစ်ဦးဆိုရင် သူမရဲ့သားလေးကို သပြေပန်းလေးကိုင်ပြီး မနက်ကတည်းက စောင့်နေခဲ့ရှာတာ
ဖြစ်ပါတယ်။

အဘွားကတော့ ညနေအထိ ထိုင်လိုက်၊မတ်တပ်ရပ်လိုက်၊အထဲကိုမျှော်ကြည့်လိုက်နဲ့ပဲ အချိန်တွေကုန်ခဲ့ရှာတာဖြစ်ပါတယ်။အဘွားလက်
ထဲမှာ ကိုင်ထားတဲ့သပြေပန်းလေးကလည်း ညနေရောက်တော့ ညှိုးနွမ်းသွားခဲ့ပြီဖြစ်ပါတယ်။
မနက်ကတည်းကနေ ညနေအထိ မျှော်လင့်ချက်လေးနဲ့ စောင့်နေရှာတဲ့အဘွားကတော့ သူမရဲ့သားလေးကို မတွေ့လိုက်ရတာဖြစ်ပါတယ်။
မျှော်လင့်ချက်တွေ ပျောက်ပျက်သွားတဲ့ အဘွားရဲ့မျက်နှာလေးမှာ စိတ်မကောင်းမှုတွေနဲ့ပြည့်နှက်နေတာဖြစ်ပါတယ်။

သားလေးမပါဘဲ အိမ်ကို တစ်ယောက်တည်းပြန်ရတဲ့ အဘွားရဲ့ခံစားချက်ကို ကိုယ်ချင်းစာမိပြီး ဝမ်းနည်းရပါတယ်။ဒါ့ကြောင့် ထောင်ထဲ
မှာ ကျန်နေခဲ့ရသူတွေ အမြန်လွတ်ပြီး မိသားစုတွေနဲ့နွေးနွေးထွေးထွေးနေနိုင်ကြပါစေလို့ ဆုတောင်းပေးရင်း ပြန်လည်မျှဝေပေးလိုက်ပါ
တယ်။
Source&Photo Credit: Original Uploder



