ရပ်နားလိုက်တဲ့ ယာဥ်လိုင်း (၄)ခု အား အစားထိုးယာဥ်အသစ်အစီး(၄၀)နဲ့ စတင်ပြေးဆွဲ..
ရပ်နားလိုက်တဲ့ YUPT ကုမ္ပဏီပိုင် ယာဉ်လိုင်း၄ခုမှာ အစားထိုးမော်တော်ယာဉ်အသစ်အစီး၄၀နဲ့ယနေ့နိုဝင်ဘာ၁၁ရက်ကစတင်ကာပြေးဆွဲပေးနေကြောင်း.. ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး အများနဲ့သက်ဆိုင်သော ကုမ္ပဏီ လီမိတက် YUPT ကပြောပါတယ်။
အဆိုပါ ရပ်နားလိုက်သည့် YBS 15, YBS 17, YBS 26, YBS 114 စသောယာဉ်လိုင်းလေးလိုင်းမှကိုရီးယားဟွန်ဒိုင်းဝါစိမ်းနီဘတ်စ်များနေရာတွင် Yutong နဲ့ Ankai အမျိုးအစားမော်တော်ယာဉ်အသစ်အဝါရောင်ကြီးများနဲ့ ပြန်လည်အစားထိုးပြေးဆွဲပေးတာလို့ဆိုပါတယ်။
အဲ့ဒီလိုပြန်လည်အစားထိုးပြေးဆွဲရာမှာ YBS 15 လိုင်းတွင် ၁၀ စီး..၊ YBS 17 လိုင်းတွင် အစီး ၂၀၊ YBS 26 လိုင်းနဲ့YBS 114 ယာဉ်လိုင်းတို့တွင်ငါးစီးနှုန်းစီထည့်သွင်းကာစုစုပေါင်း အဝါရောင်ဘတ်စ်ကားအစီး၄၀နဲ့ပြေးဆွဲသွားရန်စီစဉ်ထားကြောင်းသိရပါတယ်။
အစားထိုးပြန်လည်ပြေးဆွဲတဲ့ YBS အစီး၄၀ကို ခရီးသည်စီးနင်းမှုများပြားတဲ့ရုံးတက်ရုံးဆင်းချိန်တွေမှာ အဓိကထားပြေးဆွဲဖို့ စီစဉ်ထားတယ်လို့သိရပြီးထပ်မံပြီးလည်..းလိုအပ်တဲ့ယာဉ်အစီးရေ ဖြည့်သွင်း နိုင်ဖို့ကြိုးပမ်းနေတယ်လို့ YUPT ရဲ့တာဝန်ရှိသူကပြောကြားထားပါတယ်။
ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေး အများနဲ့သက်ဆိုင်သောကုမ္ပဏီ လီမိတက် YUPT ကုမ္ပဏီလက်အောက်တွင်ယာဉ်စီးရေပေါင်း ၈၃၀ ကျော်ရှိနေပြီး..နေ့စဉ်ပြေးဆွဲနေသောယာဉ်မှာအစီးရေ ၅၀၀ ကျော်ရှိတယ်လို့လည်းပြောကြားထားပါတယ်။Crd
Zawgyi
ရပ္နားလိုက္တဲ့ ယာဥ္လိုင္း (၄)ခု အား အစားထိုးယာဥ္အသစ္အစီး(၄၀)နဲ႔ စတင္ေျပးဆြဲ..
ရပ္နားလိုက္တဲ့ YUPT ကုမၸဏီပိုင္ ယာဥ္လိုင္း၄ခုမွာ အစားထိုးေမာ္ေတာ္ယာဥ္အသစ္အစီး၄၀နဲ႔ယေန႔ႏိုဝင္ဘာ၁၁ရက္ကစတင္ကာေျပးဆြဲေပးေနေၾကာင္း.. ရန္ကုန္ၿမိဳ႕ျပ အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ေရး အမ်ားနဲ႔သက္ဆိုင္ေသာ ကုမၸဏီ လီမိတက္ YUPT ကေျပာပါတယ္။
အဆိုပါ ရပ္နားလိုက္သည့္ YBS 15, YBS 17, YBS 26, YBS 114 စေသာယာဥ္လိုင္းေလးလိုင္းမွကိုရီးယားဟြန္ဒိုင္းဝါစိမ္းနီဘတ္စ္မ်ားေနရာတြင္ Yutong နဲ႔ Ankai အမ်ိဳးအစားေမာ္ေတာ္ယာဥ္အသစ္အဝါေရာင္ႀကီးမ်ားနဲ႔ ျပန္လည္အစားထိုးေျပးဆြဲေပးတာလို႔ဆိုပါတယ္။
အဲ့ဒီလိုျပန္လည္အစားထိုးေျပးဆြဲရာမွာ YBS 15 လိုင္းတြင္ ၁၀ စီး..၊ YBS 17 လိုင္းတြင္ အစီး ၂၀၊ YBS 26 လိုင္းနဲ႔YBS 114 ယာဥ္လိုင္းတို႔တြင္ငါးစီးႏႈန္းစီထည့္သြင္းကာစုစုေပါင္း အဝါေရာင္ဘတ္စ္ကားအစီး၄၀နဲ႔ေျပးဆြဲသြားရန္စီစဥ္ထားေၾကာင္းသိရပါတယ္။
အစားထိုးျပန္လည္ေျပးဆြဲတဲ့ YBS အစီး၄၀ကို ခရီးသည္စီးနင္းမႈမ်ားျပားတဲ့႐ုံးတက္႐ုံးဆင္းခ်ိန္ေတြမွာ အဓိကထားေျပးဆြဲဖို႔ စီစဥ္ထားတယ္လို႔သိရၿပီးထပ္မံၿပီးလည္..းလိုအပ္တဲ့ယာဥ္အစီးေရ ျဖည့္သြင္း ႏိုင္ဖို႔ႀကိဳးပမ္းေနတယ္လို႔ YUPT ရဲ႕တာဝန္ရွိသူကေျပာၾကားထားပါတယ္။
ရန္ကုန္ၿမိဳ႕ျပ အမ်ားျပည္သူသယ္ယူပို႔ေဆာင္ေရး အမ်ားနဲ႔သက္ဆိုင္ေသာကုမၸဏီ လီမိတက္ YUPT ကုမၸဏီလက္ေအာက္တြင္ယာဥ္စီးေရေပါင္း ၈၃၀ ေက်ာ္ရွိေနၿပီး..ေန႔စဥ္ေျပးဆြဲေနေသာယာဥ္မွာအစီးေရ ၅၀၀ ေက်ာ္ရွိတယ္လို႔လည္းေျပာၾကားထားပါတယ္။Crd