ဗဟုသုတ

အရင္တုန္းက စိတ္မႏွံ႔ဘဲ တိုင္းျပည္ကိုအုပ္ခ်ဳပ္မင္းလုပ္ခဲ့တဲ့ ျမန္မာဘုရင္တပါး ရွိခဲ့ပါတယ္

အောက်တွင် Unicode ဖြင့်ဖတ်နိုင်ပါသည်။

စိတ္မႏွံ႔ဘဲ တိုင္းျပည္ကိုအုပ္ခ်ဳပ္မင္းလုပ္ခဲ့တဲ့ ျမန္မာဘုရင္တပါး

ကုန္းေဘာင္မင္းဆက္ ၈ ဆက္ေျမာက္မင္းျဖစ္သူ သာယာဝတီမင္း (ေခၚ)ကုန္းေဘာင္ မင္း(ေခၚ)ေ႐ႊဘိုမင္းမွာ စိတ္ေနာက္သြားေသာမင္းအျဖစ္

ထင္ရွားသည္။ ငယ္အမည္မွာ ေမာင္ခင္ ျဖစ္သည္။

ေနာင္ေတာ္ဘႀကီးေတာ္မင္းကိုပုန္ကန္ၿပီး ထီးနန္းရယူခဲ့ျခင္းျဖစ္သည္။ ပုန္ကန္ရျခင္းမွာ ေနာင္ေတာ္သည္ စိတ္မက်န္းမမာျဖစ္ေနသည္က တစ္ေၾကာင္း

နန္းတြင္းမွာ နန္းမေတာ္မယ္ႏုႏွင့္ သူမအကိုျဖစ္သူ မင္းသားႀကီးေမာင္အိုတို႔က ျခယ္လွယ္ခ်င္သလို ျခယ္လွယ္ေနၾကသည္ကတစ္ေၾကာင္း ျဖစ္ေ

သာေၾကာင့္ ျဖစ္သည္။

သာယာဝတီမင္း၏ပုန္ကန္မႈကို ဘႀကီးေတာ္မွ သူ႔ရဲ႕တပ္မ်ားအားေစလႊတ္၍ ႏွိမ္ႏွင္းေစခဲ့ေသာ္လည္း မေအာင္ျမင္ခဲ့ေပ။

ေနာက္ဆုံးတြင္ ဘႀကီးေတာ္သည္ညီအရင္းျဖစ္သူ သာယာဝတီမင္းထံသို႔ ထီးနန္းကိုလႊဲအပ္ေပးလိုက္ ရပါေတာ့သည္။

ေနာင္ေတာ္အား ခမည္းေတာ္ကဲ့သို႔ ေစာင့္ေရွာက္ကာ စိတ္ခ်မ္းသာစြာစံေနေစသည္။ နန္းမေတာ္မယ္ႏုတို႔ကို မကြပ္မ်က္ပဲ အက်ယ္ခ်ဳပ္နဲ႔ ေနေစခဲ့သလို

တူေတာ္ေညာင္ရမ္းမင္းသား (စၾကၤာမင္းသား)ကိုလည္း

သားေတာ္ႀကီးမ်ားႏွင့္တန္းတူ မင္းသားႀကီးအဆင့္ ေပးအပ္ခဲ့ေသာ္လည္း တစ္ႏွစ္ခန႔္အၾကာတြင္ ပုန္ကန္ရန္ႀကံစည္သည္ဟုဆိုကာ ေရခ်၍ကြပ္မ်က္ခဲ့ေလသည္။

ထို႔ေနာက္သုံးႏွစ္ခန႔္အၾကာတြင္ မယ္ႏုက ေထာင္အတြင္းရွိ သူမအစ္ကိုျဖစ္သူရဲ႕ အေပါင္းအပါမ်ားႏွင့္ ထီးနန္းအားလုယူရန္ ရည္႐ြယ္ခ်က္ျဖင့္ ႀကံစည္ၿပီး

ဆက္သြယ္လာသျဖင့္

မယ္ႏုအား ေရခ်ၿပီး ကြပ္မ်က္ခဲ့သလို ေမာင္အိုႏွင့္အေပါင္းအပါမ်ားကိုေတာ့ ေထာင္အတြင္းမွာပဲ ကြပ္မ်က္ခဲ့ပါသည္။

ထိုသူမ်ားထဲတြင္ အစကျမဝတီမင္းႀကီးဦးစလည္း ပါဝင္ခဲ့ၿပီး ဘုန္းေတာ္ဘြဲ႕အေရးေကာင္းခဲ့လို႔သာ လြတ္ေျမာက္ခဲ့ျခင္း ျဖစ္သည္။ ထို႔ေနာက္တြင္လ

ည္း ေနျပည္ေတာ္ကို အမရပူရသို႔ ေျပာင္းေ႐ႊ႕ခဲ့သည္။

နန္းတက္စတြင္ တိုင္းျပည္အားတည္ၿငိမ္ေအာင္ အုပ္ခ်ဳပ္ႏိုင္ခဲ့သူျဖစ္သည္။ နယ္ခ်ဲ႕အဂၤလိပ္တို႔ႏွင့္လည္း ျပင္းျပင္းထန္ထန္ တုန႔္ျပန္တတ္ခဲ့သည္။ သို႔ေသာ္ေနာ

က္ပိုင္းတြင္ သူ၏စိတ္မွာ မူမမွန္လာေတာ့ေပ။

၁၈၄၄ ခုႏွစ္မွစ၍ ေသြးပ်က္သလို ျဖစ္လာခဲ့သည္။ အိပ္၍မေပ်ာ္ ၊ပြဲေတာ္တည္ၿပီးလွ်င္ လက္ေဆးရန္ေမ့ေလ်ာ့လာသည္။

အစားအေသာက္လည္း နည္းလာခဲ့ေလသည္ ။ အၿမဲၿပဳံးေယာင္ျပဳေနတတ္ၿပီး လွံတိုတစ္ေခ်ာင္းကိုကိုင္ဆြဲကာ အေဆာင္ေတာ္မ်ားကူးေနတတ္သည္။

လူေတြ႕ခဲ့လွ်င္ “ဟဲ့ ေမာက္လုံးလား။ ေမာက္ျပားလား ဟု ေမးတတ္ေလသည္။ ႐ိုေသစြာဒူးတုပ္၍ အလိုက္သင့္ျပန္ေျဖေပးရသည္။ ထို႔အတူ ေျ

ပးေပါက္ကိုလည္း ႀကိဳ၍ရွာထားရသည္။

ေဆးဝါးမႏၲရားမ်ားေဆာင္ထားၿပီး ရွိန္းဆာယာပိုေမာက္ ၍ ကိုယ္ေပ်ာက္ေနၿပီဟု ႂကြားဝါၿပီးလည္း ေျပာတတ္လာခဲ့သည္။

ေတာင္ရွည္ဝတ္လဲေတာ္ကို ေခါင္းၿမီးၿခဳံကာ တိုင္နဲ႔ကြယ္ၿပီး ပုန္းခိုေနေသာ သာယာဝတီမင္းကို မိဖုရားမျမေလးမွ ”ကိုယ္ေပ်ာက္ေန၍ မျမင္ရပါ”ဟု ညာၿပီး

ျပန္ေျပာေပးရေလသည္။

လမ္းသြားလွ်င္ ေျဖာင့္ေျဖာင့္မသြား၊ ခုန္သည္ ၊ ပ်ံသည္ ၊ လႊားသည္။ ထီးေတာ္မိုးမွာ ေနလုံေအာင္ ေျဖာင့္ေျဖာင့္မမိုးေပးႏိုင္။

မလုံေတာ့လည္း ေနလုံေအာင္ မမိုးရေကာင္းလားဟု အျပစ္တင္ကာ ထီးေတာ္မိုးတစ္ေယာက္ကို ကိုယ္တိုင္ကြပ္မ်က္ခဲ့ ေလသည္။

ေနာက္ထီးေတာ္မိုးမ်ားမွာ မင္းတရားႀကီး ကိုယ္ေပ်ာက္ေနသည္ ဟုဆိုကာ ရွာေဖြေနသည့္ပုံစံျပဳလုပ္၍ ျပရေလေတာ့သည္။ ထိုအခါမွ သာယာဝတီမင္း

က ‘ျမင္ေစ’ ဟုဆိုကာ ထီးကို ေနသားတက် ျပန္ေဆာင္းေပးခဲ့ရသည္။

တစ္ခါတြင္လည္း အိမ္သာသို႔သြားေနခိုက္ မိန္းမစိုးႏွစ္ေယာက္ကို ကိုယ္တိုင္ဓါးျဖင့္မႊန္းသည္။ အသက္ထြက္ ဟန္ေဆာင္သူတစ္ဦး လြတ္ေျမာက္သြားသည္။

မင္းတရားႀကီး သြက္သြက္လည္သည့္တိုင္ေအာင္ စိတ္ေနာက္ေနၿပီျဖစ္ေၾကာင္း ‘ေတာင္အင္းစား’ ဆိုသူက လႊတ္ေတာ္ဝန္ႀကီးမ်ားအား သတင္းေပးသ

ည့္အခါမွ

လႊတ္ေတာ္မတက္ဝံ့ေတာ့သည့္ ဝန္ႀကီးမ်ားမွာ သားေတာ္ပုဂံမင္း၏လက္သို႔ အုပ္ခ်ဳပ္ေရးအာဏာကို လႊဲေပးလိုက္ရေတာ့သည္။

ကိုးကား – ျမန္မာ့သမိုင္းထဲက အထင္ကရဇာတ္ေကာင္မ်ား – ေမာင္ၾကည္သန႔္ ျမန္မာ့စြယ္စုံက်မ္း

Unicode

စိတ်မနှံ့ဘဲ တိုင်းပြည်ကိုအုပ်ချုပ်မင်းလုပ်ခဲ့တဲ့ မြန်မာဘုရင်တပါး

ကုန်းဘောင်မင်းဆက် ၈ ဆက်မြောက်မင်းဖြစ်သူ သာယာဝတီမင်း (ခေါ်)ကုန်းဘောင် မင်း(ခေါ်)ရွှေဘိုမင်းမှာ စိတ်နောက်သွားသောမင်းအဖြစ် ထင်ရှားသည်။ ငယ်

အမည်မှာ မောင်ခင် ဖြစ်သည်။

နောင်တော်ဘကြီးတော်မင်းကိုပုန်ကန်ပြီး ထီးနန်းရယူခဲ့ခြင်းဖြစ်သည်။ ပုန်ကန်ရခြင်းမှာ နောင်တော်သည် စိတ်မကျန်းမမာဖြစ်နေသည်က တစ်ကြောင်း

နန်းတွင်းမှာ နန်းမတော်မယ်နုနှင့် သူမအကိုဖြစ်သူ မင်းသားကြီးမောင်အိုတို့က ခြယ်လှယ်ချင်သလို ခြယ်လှယ်နေကြသည်ကတစ်ကြောင်း ဖြစ်သောကြောင့်

ဖြစ်သည်။

သာယာဝတီမင်း၏ပုန်ကန်မှုကို ဘကြီးတော်မှ သူ့ရဲ့တပ်များအားစေလွှတ်၍ နှိမ်နှင်းစေခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

နောက်ဆုံးတွင် ဘကြီးတော်သည်ညီအရင်းဖြစ်သူ သာယာဝတီမင်းထံသို့ ထီးနန်းကိုလွှဲအပ်ပေးလိုက် ရပါတော့သည်။

နောင်တော်အား ခမည်းတော်ကဲ့သို့ စောင့်ရှောက်ကာ စိတ်ချမ်းသာစွာစံနေစေသည်။ နန်းမတော်မယ်နုတို့ကို မကွပ်မျက်ပဲ အကျယ်ချုပ်နဲ့ နေစေခဲ့သလို တူတော်

ညောင်ရမ်းမင်းသား (စင်္ကြာမင်းသား)ကိုလည်း

သားတော်ကြီးများနှင့်တန်းတူ မင်းသားကြီးအဆင့် ပေးအပ်ခဲ့သော်လည်း တစ်နှစ်ခန့်အကြာတွင် ပုန်ကန်ရန်ကြံစည်သည်ဟုဆိုကာ ရေချ၍ကွပ်မျက်ခဲ့လေသည်။

ထို့နောက်သုံးနှစ်ခန့်အကြာတွင် မယ်နုက ထောင်အတွင်းရှိ သူမအစ်ကိုဖြစ်သူရဲ့ အပေါင်းအပါများနှင့် ထီးနန်းအားလုယူရန် ရည်ရွယ်ချက်ဖြင့် ကြံစည်ပြီးဆက်သွယ်

လာသဖြင့်

မယ်နုအား ရေချပြီး ကွပ်မျက်ခဲ့သလို မောင်အိုနှင့်အပေါင်းအပါများကိုတော့ ထောင်အတွင်းမှာပဲ ကွပ်မျက်ခဲ့ပါသည်။

ထိုသူများထဲတွင် အစကမြဝတီမင်းကြီးဦးစလည်း ပါဝင်ခဲ့ပြီး ဘုန်းတော်ဘွဲ့အရေးကောင်းခဲ့လို့သာ လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက်တွင်လည်း နေပြည်တော်

ကို အမရပူရသို့ ပြောင်းရွှေ့ခဲ့သည်။

နန်းတက်စတွင် တိုင်းပြည်အားတည်ငြိမ်အောင် အုပ်ချုပ်နိုင်ခဲ့သူဖြစ်သည်။ နယ်ချဲ့အင်္ဂလိပ်တို့နှင့်လည်း ပြင်းပြင်းထန်ထန် တုန့်ပြန်တတ်ခဲ့သည်။ သို့သော်နောက်ပိုင်း

တွင် သူ၏စိတ်မှာ မူမမှန်လာတော့ပေ။

၁၈၄၄ ခုနှစ်မှစ၍ သွေးပျက်သလို ဖြစ်လာခဲ့သည်။ အိပ်၍မပျော် ၊ပွဲတော်တည်ပြီးလျှင် လက်ဆေးရန်မေ့လျော့လာသည်။

အစားအသောက်လည်း နည်းလာခဲ့လေသည် ။ အမြဲပြုံးယောင်ပြုနေတတ်ပြီး လှံတိုတစ်ချောင်းကိုကိုင်ဆွဲကာ အဆောင်တော်များကူးနေတတ်သည်။

လူတွေ့ခဲ့လျှင် “ဟဲ့ မောက်လုံးလား။ မောက်ပြားလား ဟု မေးတတ်လေသည်။ ရိုသေစွာဒူးတုပ်၍ အလိုက်သင့်ပြန်ဖြေပေးရသည်။ ထို့အတူ ပြေးပေါက်ကိုလည်း

ကြို၍ရှာထားရသည်။

ဆေးဝါးမန္တရားများဆောင်ထားပြီး ရှိန်းဆာယာပိုမောက် ၍ ကိုယ်ပျောက်နေပြီဟု ကြွားဝါပြီးလည်း ပြောတတ်လာခဲ့သည်။

တောင်ရှည်ဝတ်လဲတော်ကို ခေါင်းမြီးခြုံကာ တိုင်နဲ့ကွယ်ပြီး ပုန်းခိုနေသော သာယာဝတီမင်းကို မိဖုရားမမြလေးမှ ”ကိုယ်ပျောက်နေ၍ မမြင်ရပါ”ဟု ညာပြီး ပြန်ပြော

ပေးရလေသည်။

လမ်းသွားလျှင် ဖြောင့်ဖြောင့်မသွား၊ ခုန်သည် ၊ ပျံသည် ၊ လွှားသည်။ ထီးတော်မိုးမှာ နေလုံအောင် ဖြောင့်ဖြောင့်မမိုးပေးနိုင်။

မလုံတော့လည်း နေလုံအောင် မမိုးရကောင်းလားဟု အပြစ်တင်ကာ ထီးတော်မိုးတစ်ယောက်ကို ကိုယ်တိုင်ကွပ်မျက်ခဲ့ လေသည်။

နောက်ထီးတော်မိုးများမှာ မင်းတရားကြီး ကိုယ်ပျောက်နေသည် ဟုဆိုကာ ရှာဖွေနေသည့်ပုံစံပြုလုပ်၍ ပြရလေတော့သည်။ ထိုအခါမှ သာယာဝတီမင်းက ‘မြင်စေ’

ဟုဆိုကာ ထီးကို နေသားတကျ ပြန်ဆောင်းပေးခဲ့ရသည်။

တစ်ခါတွင်လည်း အိမ်သာသို့သွားနေခိုက် မိန်းမစိုးနှစ်ယောက်ကို ကိုယ်တိုင်ဓါးဖြင့်မွှန်းသည်။ အသက်ထွက် ဟန်ဆောင်သူတစ်ဦး လွတ်မြောက်သွားသည်။

မင်းတရားကြီး သွက်သွက်လည်သည့်တိုင်အောင် စိတ်နောက်နေပြီဖြစ်ကြောင်း ‘တောင်အင်းစား’ ဆိုသူက လွှတ်တော်ဝန်ကြီးများအား သတင်းပေးသည့်အခါမှ

လွှတ်တော်မတက်ဝံ့တော့သည့် ဝန်ကြီးများမှာ သားတော်ပုဂံမင်း၏လက်သို့ အုပ်ချုပ်ရေးအာဏာကို လွှဲပေးလိုက်ရတော့သည်။

ကိုးကား – မြန်မာ့သမိုင်းထဲက အထင်ကရဇာတ်ကောင်များ – မောင်ကြည်သန့် မြန်မာ့စွယ်စုံကျမ်း