သေခါမှ မလျှော့ပြီ ။ ။
Unicode
လူရွှင်တော်ကြီး တစ်ယောက် သေခါနီးတော့ အနားမှာရှိနေတဲ့ သူ့မိန်းမကို သေသေချာချာ မှာ စရာရှိတယ်ဆိုပြီး
မိန်းမရေ နင့်ကို ငါမှာစရာ လေးရှိတယ်.. နင်သေသေချာချာ နားထောင်ပြီးမှတ်ထားနော်လို့ ပြောတဲ့အခါ
မိန်မဖြစ်သူမှ လည်း ဘာများလဲဆိုတဲ့ အတွေးလေးနဲ့ လူမမာ လူရွှင်တော်ကြီးအနားကို တိုးသွားပြီး နားလေးကို ပါးစပ်နာ ကပ်ပေးလိုက်တာပေါ့
အဲ့ဒီမှာ လူမမာက ဇနီးကို မှာသတဲ့ ။
( ရှင်မ…တဲ့… ဘဏ်ထဲက ရှိတဲ့ငွေတွေကို နဲနဲလေးမှ သွားမထိ မတို့လေနဲ့နော်) တဲ့ ။
ဘာပြောကောင်းမလဲ မိန်းမဖြစ်သူကလည်း ပြာပြာ သလဲ ဖြစ်သွားတာပေါ့…
သူမသိအောင် ဘဏ်ထဲမှာ ငွေတွေ စုထားတာများ ရှိနေလား ဘာလား ဘာလား… နဲ့
ဝမ်းနည်းနေတဲ့ အချိန်မှာ ဝမ်းသာစရာ တစ်ခု ရောက်လာသလို ကြည်တောက်သွားတဲ့ မျက်နှာနဲ့ မေပြီလေ…
အို … ယောက်ျား.. ဘာရှိတာလဲ… ဘယ်တုန်းကလဲ…
ဘာကို ပြောတာလဲ… ဘာသဘောပါလဲ…ပြောပါဦးတော်…
ထပ်ကာ တလဲ ထပ်ပြန် တလဲ မေးနေတော့တာပေါ့…
ယောက်ျားဖြစ်သူ လူရွှင်တော်ကြီးကလည်း တိုးလို့ လျိုးလို့ ဟန်ဖြင့် သဲ့သဲ့ကလေး လေသံဖြင့် စကားပြန်ပြောလာသည်
အဲ့ဒီမှာ လူရွှင်တော်ကြီး ပြောလိုက်တဲ့ စကားလေးက…
ခုနပြောတဲ့ ဘဏ်ထဲက ရှိတဲ့ငွေတွေကို နဲနဲလေးမှ သွားမထိ မတို့နဲ့ဆိုတာ… အလကား မဟုတ်ဘူး မိန်မရဲ့…
ဘာဖြစ်လို့တုန်း ပြောစမ်းပါတော်….ဆိုတော့…
“အဲ့ဒါတွေက ကိုယ့် ငွေတွေ မဟုတ်ဘူးလေ… ငါတို့နဲ့ မဆိုင်ဘူး… ပေါတဲ့ ရှိတဲ့ ချမ်းသာတဲ့သူတွေ အပ်ထားတဲ့ ငွေတွေလေ.. ကိုယ့် ပိုက်ဆံမဟုတ်ဘူး”တဲ့…
ကဲ…. ဗျာ…ကျောပြင်ကို ဗြောတင်ဖို့ ကောင်းပေစွ… လူရွှင်တော်ကြီး ရယ်…
သေခါမှ မလျှော့ပြီ ။ ။
ဇော် (ပျဉ်းမနား) ရဲ့ဟာသတိုလေးအား ကိုးကား၍ ApannPyay မှ အပန်းပြေစရာ အဖြစ် ရေးသားတင်ဆက်လိုက်ပါသည်။
Credit:ApannPyay (www.apannpyay.com)