ဗဟုသုတ

ရှေးအခါက တောင်သူဦးကြီးများ မှတ်သားခဲ့ကြတဲ့ မိုးရွာမည်ကို ကြိုသိသောသူ (၈) ပါး

ရှေးအခါက တောင်သူဦးကြီးများ မှတ်သားခဲ့ကြတဲ့ မိုးရွာမည်ကို ကြိုသိသောသူ (၈) ပါး

မိုးရွာမည်ကို ကြိုသိသောသူ (၈) ပါး” ရှေးအခါက တောင်သူဦးကြီးများသည် မိုးရွာမည်ကို သိသောသူ (၈) ပါးကို မှတ်သားထားကြသည်။ ထိုရှစ်ပါးမှာ.. “စောင်းဆရာနှင့် ယားနာ၊ ပွေးကွက်၊ ပါဒရက်က၊ ပုရွက်၊ ပလူ၊ အနူ၊ ပြဒါး ပေါင်းရှစ်ပါး မိုးရွာမည်ကို ကြိုသိသူ” ဟု မှတ်သားခဲ့ကြသည်။

၁။ စောင်းဆရာ – ‌စောင်းဆရာသည် မိမိစောင်းကြိုးများ တင်းနေသည်ကို တွေ့၍ မိုးရွာတော့မည်ဟု ကြိုသိလေသည်။ မိုးရွာတော့မည့်အခါ စောင်းကြိုးများ တင်းနေကုန်သည်။

၂။ ယားနာ – ယားနာရှိသောသူသည်လည်း မိုးရွာမည်ကို ကြိုသိလေသည်။ အဘယ့်ကြောင့်ဆိုသော် မိုးရွာတော့မည့် အခါတွင် မအားရအောင် ယားနာများကို ကုတ်ဖဲ့နေရသောကြောင့် ဖြစ်သည်။

၃။ ပွေးကွက် – ပွေးကွက်ရှိသောသူသည်လည်း မိုးရွာမည်ကို ကြိုသိလေသည်။ မိုးရွာတော့မည့်အခါ ပွေးကွက်တို့မှာ ထကြွလာသောကြောင့် ဖြစ်သည်။ ထို့ကြောင့် “ပွေးပေါင်က၊ မိုးတောင်က” ဟုဆိုကြလေသည်။

၄။ ပါဒရက် – ပါဒရက်ရောဂါ (ဒူလာရောဂါ) ရှိသူသည်လည်း မိုးရွာမည်ကို ကြိုသိသူဖြစ်သည်။ မိုးရွာတော့မည့် အခါ “ဒူလာ ပါဒရက်၊ ခြေကတက်” တတ်သောကြောင့် ဖြစ်သည်။

၅။ ပုရွက် – ပုရွက်တို့သည်လည်း မိုးရွာမည်ကို ကြိုသိကြသည်။ ထိုသတ္တဝါတို့သည် မိုးရွာမည့်အခါ မိုးလုံရာသို့ ရွှေ့ပြောင်းကြလေသည်။

၆။ ပလူ – ပလူတို့သည်လည်း မိုးရွာမည်ကို ကြိုသိကြလေသည်။ ထိုသတ္တဝါတို့သည် မိုးရွာမည့်အခါ တွင်းမှ ထွက်လာကြလေသည်။

၇။ ကုဋ္ဌနူနာ – ကုဋ္ဌနူနာ ရှိသူသည်လည်း မိုးရွာမည်ကို ကြိုသိလေသည်။ ထိုရောဂါသည် မိုးရွာမည့်အခါ ထကြွလာသောကြောင့် ဖြစ်သည်။

၈။ ပြဒါး – ပြဒါးသည်လည်း မိုးရွာမည်ကို ကြိုသိလေသည်။ မိုးရွာမည့်အခါ ပြဒါးသည် တက်နေရာမှ ပြန်လည်ကျ ဆင်းလေသည်။ အထက်ပါ (၈) ပါးသည် မိုးရွာမည်ကို ကြိုသိသူဟု ရှေးသူဟောင်းတို့ မှတ်သားခဲ့လေသည်။

(အလင်းရောင်)

ေရွးအခါက ေတာင္သူဦးႀကီးမ်ား မွတ္သားခဲ့ၾကတဲ့ “မိုးရြာမည္ကို ႀကိဳသိေသာသူ (၈) ပါး

မိုးရြာမည္ကို ႀကိဳသိေသာသူ (၈) ပါး” ေရွးအခါက ေတာင္သူဦးႀကီးမ်ားသည္ မိုးရြာမည္ကို သိေသာသူ (၈) ပါးကို မွတ္သားထားၾကသည္။ ထိုရွစ္ပါးမွာ.. “ေစာင္းဆရာႏွင့္ ယားနာ၊ ေပြးကြက္၊ ပါဒရက္က၊ ပုရြက္၊ ပလူ၊ အႏူ၊ ျပဒါး ေပါင္းရွစ္ပါး မိုးရြာမည္ကို ႀကိဳသိသူ” ဟု မွတ္သားခဲ့ၾကသည္။

၁။ ေစာင္းဆရာ – ‌ေစာင္းဆရာသည္ မိမိေစာင္းႀကိဳးမ်ား တင္းေနသည္ကို ေတြ႕၍ မိုးရြာေတာ့မည္ဟု ႀကိဳသိေလသည္။ မိုးရြာေတာ့မည့္အခါ ေစာင္းႀကိဳးမ်ား တင္းေနကုန္သည္။

၂။ ယားနာ – ယားနာရွိေသာသူသည္လည္း မိုးရြာမည္ကို ႀကိဳသိေလသည္။ အဘယ့္ေၾကာင့္ဆိုေသာ္ မိုးရြာေတာ့မည့္ အခါတြင္ မအားရေအာင္ ယားနာမ်ားကို ကုတ္ဖဲ့ေနရေသာေၾကာင့္ ျဖစ္သည္။

၃။ ေပြးကြက္ – ေပြးကြက္ရွိေသာသူသည္လည္း မိုးရြာမည္ကို ႀကိဳသိေလသည္။ မိုးရြာေတာ့မည့္အခါ ေပြးကြက္တို႔မွာ ထႂကြလာေသာေၾကာင့္ ျဖစ္သည္။ ထို႔ေၾကာင့္ “ေပြးေပါင္က၊ မိုးေတာင္က” ဟုဆိုၾကေလသည္။

၄။ ပါဒရက္ – ပါဒရက္ေရာဂါ (ဒူလာေရာဂါ) ရွိသူသည္လည္း မိုးရြာမည္ကို ႀကိဳသိသူျဖစ္သည္။ မိုးရြာေတာ့မည့္ အခါ “ဒူလာ ပါဒရက္၊ ေျခကတက္” တတ္ေသာေၾကာင့္ ျဖစ္သည္။

၅။ ပုရြက္ – ပုရြက္တို႔သည္လည္း မိုးရြာမည္ကို ႀကိဳသိၾကသည္။ ထိုသတၱဝါတို႔သည္ မိုးရြာမည့္အခါ မိုးလုံရာသို႔ ေရႊ႕ေျပာင္းၾကေလသည္။

၆။ ပလူ – ပလူတို႔သည္လည္း မိုးရြာမည္ကို ႀကိဳသိၾကေလသည္။ ထိုသတၱဝါတို႔သည္ မိုးရြာမည့္အခါ တြင္းမွ ထြက္လာၾကေလသည္။

၇။ ကု႒ႏူနာ – ကု႒ႏူနာ ရွိသူသည္လည္း မိုးရြာမည္ကို ႀကိဳသိေလသည္။ ထိုေရာဂါသည္ မိုးရြာမည့္အခါ ထႂကြလာေသာေၾကာင့္ ျဖစ္သည္။

၈။ ျပဒါး – ျပဒါးသည္လည္း မိုးရြာမည္ကို ႀကိဳသိေလသည္။ မိုးရြာမည့္အခါ ျပဒါးသည္ တက္ေနရာမွ ျပန္လည္က် ဆင္းေလသည္။ အထက္ပါ (၈) ပါးသည္ မိုးရြာမည္ကို ႀကိဳသိသူဟု ေရွးသူေဟာင္းတို႔ မွတ္သားခဲ့ေလသည္။

(အလင္းေရာင္)