လက်ရှိအခြေအနေတွင် မုန်တိုင်းငယ်သည် မြန်မာ့ကမ်းရိုးတန်းသို့ (၁) နာရီလျှင် (၄၅) မိုင်နှုန်းဖြင့် စတင်ဝင်ရောက်နေပြီဖြစ်ပါကြောင်း သတိပေးတင်ပြအပ်ပါသည်။
သို့ဖြစ်ပါ၍ ကမ်းရိုးတန်းနေပြည်သူများအနေဖြင့် ပြင်ပသို့ထွက်ခွာခြင်းမပြုလုပ်ပဲ လုံခြုံစိတ်ချရသောနေရာတွင်သာ မုန်တိုင်းခိုနိုင်ပါရန် နှိုးဆော်တင်ပြအစီအရင်ခံအပ်ပါသည်။
အဆိုပါ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)၏ အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မြစ်ငယ်၊ ချောင်းငယ်များနှင့် တောင်ကျချောင်းများတွင် လျှပ်တစ်ပြက်ရေကြီးခြင်း၊ ကုန်းမြင့်တောင်တန်းဒေသများတွင် မြေပြိုခြင်းများဖြစ်ပေါ်နိုင်ပါသည်။
ဗိုလ်တထောင်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ စေတနာ့လုပ်အားရှင်တပ်ဖွဲ့ဝင်များသည်လည်း အချိန်နှင့်တပြေးညီ မုန်တိုင်းဘေးတုံ့ပြန်ဆောင်ရွက်နိုင်ရန် အဆင်သင့်ရှိနေပါကြောင်း မြို့နယ်တွင်းနေပြည်သူများအား အသိပေးအပ်ပါသည်။
Info-Com Unit
Township Red Cross Brigade Office
Myanmar Red Cross Brigade
Botahtaung Township, Yangon.
လက္ရွိအေျခအေနတြင္ မုန္တိုင္းငယ္သည္ ျမန္မာ့ကမ္း႐ိုးတန္းသို႔ (၁) နာရီလွ်င္ (၄၅) မိုင္ႏႈန္းျဖင့္ စတင္ဝင္ေရာက္ေနၿပီျဖစ္ပါေၾကာင္း သတိေပးတင္ျပအပ္ပါသည္။
သို႔ျဖစ္ပါ၍ ကမ္း႐ိုးတန္းေနျပည္သူမ်ားအေနျဖင့္ ျပင္ပသို႔ထြက္ခြာျခင္းမျပဳလုပ္ပဲ လုံၿခဳံစိတ္ခ်ရေသာေနရာတြင္သာ မုန္တိုင္းခိုႏိုင္ပါရန္ ႏႈိးေဆာ္တင္ျပအစီအရင္ခံအပ္ပါသည္။
အဆိုပါ အားေကာင္းေသာမုန္တိုင္းငယ္(Deep Depression)၏ အရွိန္ေၾကာင့္ မိုး႐ြာသြန္းျခင္းႏွင့္အတူေလျပင္းတိုက္ခတ္ျခင္း၊ မိုးထစ္ခ်ဳန္းျခင္း၊ ျမစ္ငယ္၊ ေခ်ာင္းငယ္မ်ားႏွင့္ ေတာင္က်ေခ်ာင္းမ်ားတြင္ လွ်ပ္တစ္ျပက္ေရႀကီးျခင္း၊ ကုန္းျမင့္ေတာင္တန္းေဒသမ်ားတြင္ ေျမၿပိဳျခင္းမ်ားျဖစ္ေပၚႏိုင္ပါသည္။
ဗိုလ္တေထာင္ၿမိဳ႕နယ္ၾကက္ေျခနီသူနာျပဳတပ္ဖြဲ႕မွ ေစတနာ့လုပ္အားရွင္တပ္ဖြဲ႕ဝင္မ်ားသည္လည္း အခ်ိန္ႏွင့္တေျပးညီ မုန္တိုင္းေဘးတုံ႔ျပန္ေဆာင္႐ြက္ႏိုင္ရန္ အဆင္သင့္ရွိေနပါေၾကာင္း ၿမိဳ႕နယ္တြင္းေနျပည္သူမ်ားအား အသိေပးအပ္ပါသည္။
Info-Com Unit
Township Red Cross Brigade Office
Myanmar Red Cross Brigade
Botahtaung Township, Yangon.